AndroidiPhone & iPadPC & MobileTech News

Apple ရဲ့ Mimoji အတိုင်း တစ်ထေရာတည်း ထွက်လာတဲ့ Xiaomi ရဲ့ Mimoji အသစ်။

0

iPhone X မိတ်ဆက်တုန်းက လူတိုင်းကိုယ့်မျက်နှာပုံ (ကာတွန်း)ကို စိတ်ကြိုက်လုပ်နိုင်တဲ့ feature ဖြစ်တဲ့ Mimoji ကို Apple က မိတ်ဆက်ခဲ့ပါတယ်။ Mimoji ဆိုတာက Emoji က တစ်ဆင့် ဆင်းသက်လာပြီး ကိုယ့်မျက်နှာ ဟန်ပန်အမူအရာကို ကာတွန်းဇာတ်ကောင်အဖြစ် ဖန်တီးလို့ရတာဖြစ်ပါတယ်။ တရုတ် smartphone company ဖြစ်တဲ့ Xiaomi က Apple ရဲ့ products တော်တော်များများကို အတုယူပြီး ထုတ်တဲ့နေရာမှာ နာမည်ကြီးပါတယ်။

iPhone တွေရဲ့ design အတိုင်းထုတ်ထားတဲ့ Xiaomi smartphones တွေကလည်း စျေးကွက်ထဲမှာ စျေးတော်တော်သက်သာပြီး လူကြိုက်များတဲ့ ဖုန်းအဖြစ် ရပ်တည်နေပါတယ်။ အခုဆို Apple သာမက အခြား tech companies တွေဖြစ်တဲ့​ Samsaung, LG တွေရဲ့ ဒီဇိုင်းတွေကိုပါ ခိုးယူတဲ့နေရာမှာ နာမည်ကြီးပါတယ်။

Mimoji ကို Samsaung  ကလည်း အလားတူ လိုက်ထုတ်ပေမယ့် ကာတွန်းပုံတွေက Apple လောက် မသပ်ရပ်ပဲ လူကြိုက်နည်းခဲ့ပါတယ်။ ဒါပေမယ့်​ Apple ရဲ့ ကာတွန်းပုံတွေနဲ့ မတူပဲ ကွဲထွက်နေပါသေးတယ်။ Xiaomi က ကိုယ်ပိုင် Mimoji ကတော့ Apple ရဲ့ Mimoji တွေနဲ့ တစ်ထေရာတည်းတူနေခဲ့ပါတယ်။ Xiaomi က သူတို့ရဲ့ ကိုယ်ပိုင် AR လို့အမည်တပ်ပြီး အသစ်ထွက်တဲံ CC9 ဖုန်းမှာ ပါဝင်လာမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ CC9 phone မှာပါဝင်တဲ့ အရာတွေကတော့ 32-megapixel အရှေ့ကင်မရာနဲ့ 48-megapixel အနောက်ကင်မရာ ပါဝင်ပါတယ်။ မျက်နှာပြင်အားဖြင့်တော့ ၆.၄ လက်မ OLES screen ကို အသုံးပြုထားပြီး Ram 6GB နဲ့ Snapdragon 710 processor ပါဝင်ပါတယ်။ Battery ကလည်း 4030 mAh ပါတာကြောင့် အားတော်တော်ခံတဲ့ ဖုန်းဖြစ်ပါတယ်။ တန်ဖိုးကတော့ ဒေါ်လာ 260 လောက်နဲ့ ရရှိမှာ ဖြစ်ပါတယ်။

CC9 phones တွေမှာ mimoji ပါဝင်မှာ ဖြစ်ပြီး Apple က ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှ မလုပ်နိုင်ပါဘူး။ အကြောင်းရင်းကတော့ iPhone X နဲ့ နောက်ထွက်တဲ့ ဖုန်းတွေမှာ ပါဝင်တဲ့ mimoji ကို Apple က မပိုင်သလို အခြားဖုန်းတွေမှာ mimoji ပါဝင်ရင်လည်း ပြောခွင့်မရှိတာကြောင့် ဖြစ်ပါတယ်။ နောက်ထပ် တရုတ်​ smartphones တွေမှာ iPhone ရဲ့ mimoji တွေ ပါဝင်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

Apple ရဲ့ တန်ဖိုးနည်း Macbook Pro ကို ဒီနှစ်ထဲမှာ တွေ့ရနိုင်။

Previous article

Facebook Account Hack ခံထိပြီလို့သိရင် ဘာလုပ်သင့်လဲ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Android