IOS ဆိုတာက iPhone တွေမှာရှိတဲ့ OS ကိုခေါ်ပါတယ်။ အခုဆို iOS version တွေ တစ်ဆင့်ပြီးတစ်ဆင့် ထွက်လာတာ အခုဆို iOS 13 ထိရောက်လာပြီဖြစ်ပါတယ်။ iOS 13 မှာပါတဲ့ feature အသစ်တွေအကြောင်းပြောပြပါမယ်။
၁။ Map
iPhone ရဲ့ Map တွေက Google Map လောက်မလန်းတာ အားလုံးသိကြပါတယ်။ ဘာလို့လဲဆိုတော့ Google က ကမ္ဘာမှာ data တွေအပိုင်ဆုံး company ကြီးဖြစ်လို့ပါပဲ။ Google Map မှာ လူတွေကို အသေးစိတ် ကြည့်လို့ရပါတယ်။ လမ်းကြားတွေက ဆိုင်တွေကအစ map မှာထောက်ပြီး ဘာရောင်းလဲ၊ ဘာတွေရှိလဲ စသဖြင့် အကုန်ကြည့်လို့ရပါတယ်။ အခုဆို iPhone ရဲ့ Map အသစ်မှာလည်း ဒီနည်းလမ်းအတိုင်းကြည့်လို့ရပါပြီ။ ဖုန်းကိုဒေါင်လိုက်ကြည့်မယ်ဆို map ကို ပုံစံနှစ်မျိုးနဲ့ မြင်ရမှာဖြစ်ပါတယ်။ ဖုန်းကို အလျားလိုက်ကြည့်လိုက်မယ်ဆိုရင်တော့ tap တစ်ချက်လုပ်ရုံနဲ့ အရှေ့ကိုရောက်သွားသလိုမျိုး မြင်ရမှာ ဖြစ်ပါတယ်။ လမ်းထဲက ဆိုင်တွေရဲ့ အသေးစိတ်အချက်အလက်တွေပါ ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို map system တွေရဖို့ car နဲ့ မြို့အနှံ့ပတ်မောင်းပြီး ၃၆၀ ကင်မရာနဲ့ ဓါတ်ပုံတွေရိုက်ယူရပါတယ်။
၂။ Photos
Photos တွေကို ခါတိုင်း Gallery မှာကြည့်သလို မြင်ရတာထက် ပိုပြီး ကောင်းတဲ့ ပုံစံနဲ့ မြင်တွေ့ရမှာပါ။ ဓါတ်ပုံတွေ များလာတဲ့အခါ အမျိုးအစားတွေနဲ့ အလိုအလျောက်ခွဲထားပေးမှာ ဖြစ်ပါတယ်။ ဥပမာ မနေ့က ရိုက်ထားတဲ့ပုံ၊ ဒီနေ့ရိုက်ထားတဲ့ပုံ၊ ဒီလရိုက်ထားတဲ့ပုံတွေကို စုထားပေးမှာ ဖြစ်ပါတယ်။ ဓါတ်ပုံတွေကိုကြည့်တဲ့အခါ date တွေလျှောက်ကြည့်စရာမလိုပဲ Today, Yesterday, This month စသဖြင့် ရွေးလိုက်ရုံပါပဲ။
၃။ Log in Apps
Application အသစ်တွေမှာ sign up လုပ်တဲ့အခါ Login with Facebook , Login with Google စသဖြင့် တွေ့ရမှာပါ။ ဒီလို sign-in ဝင်ခြင်းက သင့် data တွေကို အလွယ်တကူပေးလိုက်သလိုပါပဲ။ အခု iOS 13 မှာ Login with Apple ပါလာပါပြီ။ Login with Apple ဆိုတာ Apple က iCloud အကောင့်သုံးပြီး သင့်ကို အကောင့်တစ်ခုအသစ်ပုံစံ လုပ်ပေးလိုက်တာဖြစ်ပါတယ်။ ဒီအကောင့်အသစ်က အလိုအလျောက်လုပ်ပေးပြီး သင့် data ကိုအခြား apps owner တွေက ဝင်ယူလို့မရပါဘူး။ သင်လုပ်ရမှာက login with apple button လေးနှိပ်ရုံပါပဲ။
၄။ Dark Mode
Dark Mode ကတော့ app တော်တော်များများကို အမဲရောင်အဖြစ်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Facebook ရဲ့ Messenger မှာသုံးတဲ့ dark mode ပုံစံမျိုး app အားလုံးနီးပါးမှာ မြင်တွေ့ရမှာပါ။ Dark Mode ရဲ့ အဓိက အားသာချက်က Battery ကုန်သက်သာပြီး မျက်စိရှုပ်သက်သာစေပါတယ်။
နောက်ဆုံး အချက်ကတော့ ရွှေမြန်မာတွေအတွက် အထူးသတင်းကောင်းပါ။ Zawgyi font ကို တစ်ကူးတစ်က သွင်းစရာမလိုပဲ settings မှာ add new language မှာ Burmese လို့နှိပ်လိုက်ရင် မြန်မာစာ unicode ကို သုံးလို့ရပါပြီ။ Zawgyi လည်း သုံးလို့ရမှာဖြစ်သလို Unicode အနေနဲ့လည်း စာရိုက်လို့ရမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ iOS 13 ကို developer တွေပဲ သုံးလို့ရမှာဖြစ်ပြီး မကြာမီမှာတော့ user တွေ သုံးလို့ရမှာဖြစ်ပါတယ်။
၅။ Siri
Siri က အခုဆို ပိုပြီး ကောင်းမွန်လာပါတယ်။ အထူးသဖြင့် မလှုပ်ရှားနိုင်တဲ့လူတွေအတွက် သုံးနိုင်အောင် လုပ်လာပါတယ်။ လက်မလှုပ်နိုင် ခြေမလှုပ်နိုင်တဲ့လူတွေအတွက် အသံနဲ့တင် ကွန်ပျူတာရော ဖုန်းတွေပါ သုံးလို့ရအောင် တိုးတက်လာပါတယ်။ ဥပမာ Facebook သုံးနေတဲ့အခါ အသံနဲ့ Grid လို့အော်လိုက်တာနဲ့ facebook စာမျက်နှာတစ်ခုလုံး နံပါတ်တွေ ချသွားမှာ ဖြစ်ပါတယ်။ သင်က like button နှိပ်ချင်ရင် like button မှာပေါ်တဲ့ နံပါတ်ကို ပြောလိုက်ပါ။ siri က like နှိပ်ပေးသွားပါမယ်။
၆။ Data Limit
အရင်တုန်းက iPhone တွေမှာ Data သုံးတဲ့အခါ 100MB ကျော်ရင် Download လုပ်လို့မရပါဘူး။ အခု iOS 13 မှာတော့ Data ကန့်သတ်ချက်တွေ မရှိတော့ပါဘူး။ Data အကန့်အသတ်မရှိ ဖုန်းက data နဲ့ Download လုပ်လို့ရပါပြီ။
ဒါ့အပြင် အခြားအလန်းစား feature တွေကိုလည်း iOS 13 မှာ မကြာခင်မြင်တွေ့ရတော့မှာပါ။
Comments