Tech News

Apple ရဲ့ Chief Design Officer ဖြစ်တဲ့ Jony Ive ရဲ့ ဖန်တီးမှုများ။

0

ဒီနေ့သတင်းတော်တော်များများမှာ Jony Ive က Apple ကို ကျောခိုင်းပြီး နှုတ်ဆက်သွားတယ်ဆိုတဲ့ သတင်းကို လူတိုင်းတွေ့ဖူးပြီးလောက်ပါပြီ။ Jony Ive က Apple company စတည်ထောင်ခဲ့တဲ့အချိန်တည်းက Apple ရဲ့ product တွေအားလုံးကို design ပိုင်း တာဝန်ယူခဲ့တဲ့ designer တစ်ယောက်ဖြစ်ပါတယ်။ Apple ကို Jony Ive ထွက်ခွာရတဲ့အကြောင်းရင်းကတော့ ကိုယ်ပိုင် Design Company တစ်ခုတည်ထောင်ဖို့ပဲ ဖြစ်ပါတယ်။သူ့ရဲ့ company က ဦးစားပေး ဖောက်သည်ကတော့ Apple အဖြစ်ဆက်လက်တည်ရှိနေပါမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာတစ်လွှားက apple fans တွေကတော့ Jony Ive ထွက်သွားတဲ့အတွက် ဝမ်းနည်းနေကြပါတယ်။

Jony Ive ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ Appleမှာ နှစ်သုံးဆယ်နီးပါး တာဝန်ထမ်းဆောင်ခဲ့တဲ့သမိုင်းတစ်လျှောက် သူ့ ဖန်တီးမှုတွေကို ကြည့်ရအောင်။

၁။ iMac G3 (1998)

အခြားကွန်ပျူတာ ဒီဇိုင်းတွေနဲ့မတူပဲ ရိုးရှင်းပြီး အရောင်မျိုးစုံရနိုင်တဲ့ PC desktop အမျိုးအစား iMac G3 ကို Jony Ive ကိုယ်တိုင်ရေးဆွဲခဲ့ပါတယ်။ အရောင်ဆယ်မျိုးနဲ့လာပြီး လူကြိုက်များခဲ့တဲ့ computer design ဖြစ်ခဲ့ပါတယ်။ Apple ရဲ့ Founder Steve Jobs ကိုယ်တိုင် ချီးကျူးခဲ့တဲ့ design လက်ရာ ဖြစ်ပါတယ်။

၂။ iBook G3 (1999)

Macbook တွေမပေါ်ခင် apple ရဲ့ laptops တွေကို iBook လို့ခေါ်ကြပါတယ်။ Apple ရဲ့ ပထမဆုံး laptop လည်းဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစားက ၁၂.၁ လက်မရှိပြီး လက်ကိုင်ပါ ပါတာကြောင့် သေတ္တာတစ်လုံးလို သယ်သွားလို့ရပါတယ်။

၃။ G4 Cube Computer (2000)

ပုံကိုကြည့်တာနဲ့တင် ကွန်ပျူတာမှန်း ဘယ်သူမှမသိနိုင်ပါဘူး။ လေးထောင့်သေတ္တာပုံစံဖြစ်ပြီး port တွေပါဝင်ပါတယ်။ System ပုံးလို့ ခေါ်လည်း မမှားပါဘူး။

၄။ G4 Cube Speakers (2000)

ကွန်ပျုတာသုံး speakers ဆိုပြီး ဒီနေ့လူတော်တော်များများ သုံးနေကြတဲ့ speaker design က Jony Ive ရဲ့ လက်ရာတွေဖြစ်ပါတယ်။

၅။ Apple iSub Speakers (2000)

ဒီspeaker ကိုတော့ Apple နဲ့ Speaker Company ဖြစ်တဲ့ Harmon Kardon တို့ပေါင်းပြီးထုတ်တဲ့ speaker ဖြစ်ပါတယ်။ ဒီနေ့အချိန်ထိ iSub Speaker design က ခန့်ညားပြီး လူကြိုက်များတုန်းပါပဲ။

၆။ iBook G4 (2000)

ဒါကတော့ apple ရဲ့ တိုးတက်လာတဲ့ laptop design ဖြစ်ပါတယ်။

၇။ iPod (2001)

ဒါကတော့ ထွေထွေထူးထူး ပြောပြစရာမလိုအောင် လူတိုင်း ရင်းနှီးဖူးကြမှာပါ။

၈။ iPhone (2007)

Apple ရဲ့ ပထမဦးဆုံး iPhone design ကို ဖန်တီးခဲ့တဲ့ Jony Ive လက်ရာဖြစ်ပါတယ်။

၉။ iPad (2010)

Tablet လောကကို သိမ်းပိုက်ခဲ့တဲ့ iPad design ကိုတီထွင်ခဲ့တာလည်း Jony Ive ပဲ ဖြစ်ပါတယ်။ လူတော်တော်များများကတော့ iPhone အကြီးစားဆိုပြီး ပြောခဲ့ကြပါတယ်။

၁၀။ iOS 7 (၂၀၁၃)

Apple ရဲ့ Operating System ဖြစ်တဲ့ iOS design ကိုပါ Jony Ive က ဖန်တီးခဲ့ပါတယ်။ Jony Ive က hardware design တွေသာမက software design တွေပါဖန်တီးနိုင်တယ်ဆိုတာ သက်သေတစ်ခုပါပဲ။

၁၁။ Apple Watch (2014)

ဘယ်သူနဲ့မှ မတူတဲ့ smartwatch design တစ်ခုဖြစ်ပြီး နာရီကိုကြည့်လိုက်တာနဲ့ Apple watch ဆိုတာ တန်းသိနိုင်ပါတယ်။

၁၂။ Apple Park (2017)

Apple ရဲ့ ရုံးချုပ်လည်းဖြစ်ပြီး ဝန်ထမ်းပေါင်း တစ်သောင်းကျော်ဆန့်တဲ့ Campus ကြီးဖြစ်ပါတယ်။ Apple Park ကို Steve Jobs မသေခင်တည်းက အပင်တွေစိုက်ဖို့ မှာကြားခဲ့ပါတယ်။ အခု Apple Park မှာ အပင်ပေါင်း ၉၀၀၀ ကျော်ရှိပြီး​ စက်ဝိုင်းပုံဆောက်လုပ်ထားပါတယ်။ ခေါင်မိုးမှာ solar ပြားတွေ တပ်ဆင်ထားပြီး green energy ကို အသုံးပြုထားခြင်းဖြစ်ပါတယ်။ Jony Ive ကိုယ်တိုင် ဦးဆောင်ပြီး Apple Park ကို design ဆွဲထားခြင်းဖြစ်ပါတယ်။

 

Jony Ive လို တော်တဲ့ Designer တစ်ယောက် Apple ကို ကျောခိုင်းသွားတာက Apple အတွက် နှမြောစရာပါပဲ။ Jony Ive မရှိတဲ့ Apple ရဲ့ အနာဂတ်က ဘာတွေဆက်ဖြစ်လာနိုင်မလဲ။​​

Win Thet Oo
Think Different! Do what you love! Love what you do!

Grand Theft Auto (ကားသူခိုး) ဂိမ်းက ဘယ်လို စဖြစ်လာခဲ့သလဲ။

Previous article

Facebook ရဲ့ cryptocurrency ဖြစ်တဲ့ “Libra”

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Tech News