Apple ရဲ့ MacBook pro တွေက ကွန်ပျူတာတွေထဲမှာ အကောင်းဆုံးဆိုတဲ့ စာရင်းတွေမှာ ပါဝင်ပါတယ်။ Steve Jobs လက်ထက်ထဲက ထုတ်လာတဲ့ Macbook Pro series တွေက 2015 ခုနှစ်ထိ ကွန်ပျူတာသမိုင်းမှာ ခေါင်းဖော်နိုင်ခဲ့ပါတယ်။ ၂၀၁၆ Tim Cook လက်ထက်မှာတော့ Macbook Pro တွေမှာ Hardware error တစ်ခုပြီးတစ်ခု ကြုံလာရပါတယ်။ Keyboard မှာ ဖုန်ကပ်လာပြီး စာရိုက်တဲ့အခါမှာ key ကပ်တာမျိုးနဲ့ Battery အရမ်းပူလာတာမျိုးတွေ ကြုံလာရပါတယ်။
၂၀၁၅ Macbook Pro တွေက ဒီပြဿနာမျိုးကြုံရတာရှားပါတယ်။ ဒါပေမယ့် မကြာသေးမီကပဲ Macbook Pro 15″ မှာ Battery အရမ်းပူပြီး မီးလောင်တဲ့ပြဿနာမျိုး ရှိနိုင်တယ်လို့ Apple က တရားဝင်ကြေညာခဲ့ပါတယ်။ သင့်သူငယ်ချင်းထဲမှာ Macbook Pro 2015 15″ သုံးတဲ့လူရှိရင် serial number တိုက်စစ်ကြည့်ပါ။ Macbook Pro 2015 15″ အလုံးတိုင်းမဟုတ်ပဲ September 2015 နဲ့ February 2017 အတွင်းမှာ ဝယ်ယူကြတဲ့ အလုံးတွေသာဖြစ်ပါတယ်။ 2015 အလုံးတိုင်း မဟုတ်ပဲ third generation မြောက် အလုံးတွေသာဖြစ်ပါတယ်။
https://support.apple.com/15-inch-macbook-pro-battery-recall
ဒီ link မှာ သင့်ရဲ့ Macbook Pro 2015 15″ serial number ရိုက်ထည့််ပြီး စစ်ကြည့်လို့ရပါတယ်။ Battery ပြဿနာရှိရင် Apple ရဲ့ official centre မှာ service free လုပ်လို့ရပါတယ်။ Apple က သင့်ကို Battery အသစ်တစ်လုံး ပြန်လဲပေးမှာ ဖြစ်ပါတယ်။
ရန်ကုန်မှာတော့ Apple Official Service Centre တွေမှာ မေးကြည့်လို့ရပါတယ်။
Comments