Steve Jobs လက်ထက်ထဲက မိတ်ဆက်ခဲ့တဲ့ iPad ခရီးက အခုဆို ကွန်ပျူတာတစ်လုံးလောက်နီးပါး စွမ်းတဲ့ iPad Pro ထိရောက်လာပြီ ဖြစ်ပါတယ်။ iPad ရဲ့ OS က စထွက်တည်းက iOS အနေနဲ့ ရပ်တည်လာပြီး ၂၀၁၉ ဂျွန်လမှာတော့ သီးခြား iPad OS အနေနဲ့ ရပ်တည်သွားပြီ ဖြစ်ပါတယ်။ iPad OS က သမရိုးကျ ကြည့်ရင်တော့ iOS နဲ့တော်တော်လေးကို နီးစပ်တယ်လို့ ထင်ရပေမယ့် iOS ထက် ပိုသာလွန်ပါတယ်။ iOS က iPhone တွေအတွက်ဖြစ်ပြီး အများဆုံးလုပ်နိုင်တာ AR , VR တွေကို စမ်းသပ်တာထက် မပိုနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ screen size သေးတာကြောင့်ရယ် ဖုန်းတစ်လုံးဆိုတဲ့ စကားနဲ့အညီ ဖုန်းတစ်လုံး လုပ်ဆောင်နိုင်တာထက် ပိုပြီးလုပ်ဆောင်မနိုင်ပါဘူး။ ပြောရမယ်ဆိုရင် ဓါတ်ပုံရိုက်၊ Fb ပွတ်၊ ဂိမ်းဆော့၊ AR Object လေးတွေကြည့်ပြီး စမ်းသပ်တာမျိုးပဲ ရပါမယ်။
iPad Pro မှာတော့ ဒါတွေအားလုံးအပြင် ကွန်ပျူတာတစ်လုံးနီးပါး သုံးနိုင်တဲ့အရာတွေ ရပါတယ်။ ပထမဆုံးအနေနဲ့ ပြောရမယ်ဆိုရင် web browsing ပါ။ Web Browsing လုပ်တဲ့အခါ desktop class အတိုင်း website တွေကို ကွန်ပျူတာမှာ မြင်ရသလို မြင်မှာဖြစ်ပြီး ကွန်ပျူတာတွေအတိုင်း တစ်ပြိုင်နက်တည်း screen နှစ်ခုကိုခွဲပြီး ကြည့်လို့ရမှာ ဖြစ်ပါတယ်။ website တွေကို နှစ်ခု တစ်ပြိုင်နက်တည်းကြည့်နိုင်ရုံသာမက web ကြည့်နေရင်းနဲ့ note မှတ်တာမျိုး၊ ဓါတ်ပုံပြင်တာမျိုး၊ video ကို ကြည့်နေတာမျိုးတွေ လုပ်နိုင်ပါတယ်။
Multi Tasking တွေနဲ့ ပတ်သတ်ပြီး ထပ်ပြောရမယ်ဆိုရင် Video Editing တွေကိုပါ လုပ်နိုင်ပါတယ်။ တော်ရုံကွန်ပျူတာတစ်လုံး မြန်တာထက် ပိုပါတယ်။ ဒါ့အပြင် Apple အတွက် apps တွေက များပြီး tools တွေလည်းများတာကြောင့် သင့်အတွက် ရွေးချယ်စရာများပါတယ်။ ဒီ app တစ်ခုမကြိုက်ရင် နောက် app တစ်ခုနဲ့ သင်စမ်းသပ်နိုင်ပါတယ်။ တော်ရုံအလုပ်မဖြစ်တဲ့ app မျိုးနဲ့ အပေါစားခပ်ညံ့ညံ့ app တွေက app store မှာ ရည်ရှည်ရပ်မတည်နိင်အောင် Apple က စောင့်ကြပ်နေပါတယ်။ ဒါကြောင့် video editing သမားတွေနဲ့ ဓါတ်ပုံediting သမားတွေအတွက်တော့ အကြိုက်တွေ့စေမှာ ဖြစ်တယ်။ ဒါပေမယ့် မေးခွန်းမေးစရာတစ်ခုရှိပါတယ်။ iPad က ကွန်ပျူတာတစ်လုံးလောက် တစ်ကယ်စွမ်းပေမယ့် ကွန်ပျူတာမှာ လုပ်လို့ရတဲ့အရာတိုင်း တစ်ထေရာတည်းလုပ်မရဘူးဆိုတဲ့ မေးခွန်းတွေရှိပါတယ်။
သင့်မှာ Macbook (သို့) iMac ကွန်ပျူတာရှိရင် iPad Pro နဲ့ screen နှစ်ခြမ်းခွဲသုံးလို့ရပါတယ်။ ဆိုဖာပေါ်မှာ လဲလျောင်းပြီး သင့်စိတ်ကြိုက် ပုံတွေကို ဆွဲတာဖြစ်ဖြစ် video editing ကို အေဆေးထိုင်ပြင်တာဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ သင်လုပ်တဲ့အရာတိုင်းက ကွန်ပျူတာမှာ တစ်ကယ်လုပ်နေတဲ့အတိုင်းဖြစ်သွားပြီး iPad တွေ ကွန်ပျူတာတွေ ကန့်သတ်ချက်မရှိတော့ပါဘူး။ file save တဲ့အခါမှာလည်း ကြိုက်တဲ့နေရာမှာ save နိုင်ပါတယ်။ အခုဆို USB type-C ကို support လုပ်ပြီး သင်အလိုရှိတဲဲ့ type-c memory stick ကို ထိုးပြီး စိတ်ကြိုက် file sharing တွေ editing တွေလုပ်နိုင်ပါတယ်။ Camera Man တွေအတွက်လည်း ကင်မရာမှာပါတဲ့ USB-C ကြိုးနဲ့ တစ်ခါတည်း တိုက်ရိုက်ချိတ်ပြီး ဓါတ်ပုံတွေကို Photoshop CC, Lightroom တွေမှာ တန်းပြင်လို့ရပါတယ်။
Display က Retina Display နဲ့လာပြီး sound system နဲ့ ကျစ်လစ်သိပ်သည်းမှုက လက်ရှိ Tablet စျေးကွက်မှာ ဘယ်သူမှ မယှဉ်နိုင်ပါဘူး။ iPad Pro ကို ဘယ်သူတွေဝယ်သင့်လဲဆိုရင် illustrator တွေ အဓိက ဝယ်သင့်ပါတယ်။ Sensitivity နဲ့ Display ကောင်းမှ ပုံတွေကောင်းကောင်းထွက်မှာ ဖြစ်ပါတယ်။ Apple မှာ အပြစ်ပြောစရာ တစ်ခု ရှိပါတယ်။ အဲ့ဒါက စျေးနှုန်းပါ။ စျေးနှုန်းက ကွန်ပျူတာထဲမှာဆိုရင် ကွန်ပျူတာကောင်းကောင်းတစ်လုံးရနိုင်ပါတယ်။ ဒါတောင် apple ရဲ့ accessories တွေဖြစ်တဲ့ keyboard နဲ့ pen မပါသေးပါဘူး။
သင်က အမှန်တကယ် Tablet တစ်လုံးလိုအပ်နေတယ်ဆိုရင်တော့ iPad Pro က သင့်အတွက်အကောင်းဆုံး ဖြစ်မှာပါ။ ဒါမှ မဟုတ် ကွန်ပျူတာက သင့်အတွက် ပိုလိုအပ်ရင်တော့ iPad Pro ကို မစဉ်းစားတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
Comments