ဒီနေ့ကွန်ပျူတာလောကရဲ့ OS အကြီးဆုံးသုံးခုထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ MacOS တည်ရှိလာတာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပါပြီ။ ဘယ်သူနဲ့မှ မတူတဲ့ design နဲ့ ကောင်းမွန်တဲ့အရည်အသွေးတွေနဲ့လာတဲ့ Macbook တွေကလည်း အခုထက်ထိ ကွန်ပျူတာလောကမှာ နေရာရနေဆဲပါပဲ။ Macbook laptop စျေးတွေကလည်း ခေတ်အဆက်ဆက် စျေးကြီးခဲ့ပြီး အခုထက်တိုင် macbook တစ်လုံးကို ဒေါ်လာထောင်နဲ့ချီ ပေးရပါတယ်။ Macbook တွေက game ဆော့ဖို့အတွက် ထုတ်ထားတာမဟုတ်ပဲ အလုပ်အတွက် ထုတ်ထားတဲ့ ကွန်ပျူတာတွေဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က Apple အတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုနှစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ Apple company စတည်ထောင်တဲ့အချိန်တည်းကစပြီး နောက်ဆုံး Apple Park Design ကို ဆွဲခဲ့ပေးတဲ့ Apple ရဲ့ ပင်ကိုယ် designer, Jony Ive က Apple ကို ကျောခိုင်းသွားလို့ဖြစ်ပါတယ်။ ဒါပေမယ့် လူတိုင်းဝယ်နိုင်မယ့် Macbook Pro ကို ၂၀၁၉ မှာ မိတ်ဆက်မယ်ဆိုတဲ့သတင်းကတော့ သတင်းကောင်းဖြစ်ပါတယ်။ September လမှာ Apple ရဲ့ ၁၆လက်မ Macbook Pro ကို မြင်တွေ့ရမှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ Apple ရဲ့ Affordable macbook Pro 13″ ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Apple ရဲ့ တန်ဖိုးနည်း macbook pro 13 လက်မက လက်ရှိ ၂၀၁၆ ခုနှစ်နောက်ပိုင်း ထွက်ထားတဲ့ macbook pro ကိုယ်ထည်အတိုင်းဖြစ်ပြီး touchbar ပါဝင်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ အထဲမှာပါဝင်တဲ့အရာတွေကတော့ သေချာမသိရသေးပါဘူး။ ပြည်ထောင်စု ဆက်သွယ်ရေးကော်မရှင်ရဲ့ website က တွေ့ရှိတဲ့ပုံတွေအရတော့ တန်ဖိုးနည်း Macbook Pro ကို ဒီနှစ်မကုန်ခင် တွေ့ရမှာတော့ သေချာနေပါတယ်။
Comments