Android ကနေ Wifi ကို လွယ်လွယ် Hack မယ်

0
3105
Android ကနေ Wifi ကို လွယ်လွယ် Hack မယ်

ကဲ အားလုံးပဲ စောင့်မျှော်နေကြတဲ့ ပို့စ်တစ်ခုလို့ မျှော်လင့်ပါတယ်။ ပထမဆုံး Tool ကို မိတ်ဆက်မပေးခင် သိသင့် မှတ်သင့်တာလေးတွေကို အရင် သိအောင် ဖတ်ပေးပါ။ အွန်လိုင်းပေါ်မှာ Tool တွေကို ဘယ်သူမှ အလကားပေးလေ့မရှိပါဘူး။ အပင်ပန်းခံပြီး လုပ်ထားတဲ့အလုပ်တစ်ခုကို ဘယ်သူမှ အလကား ရက်ရက်ရောရော ပေးလေ့မရှိပါဘူး။ အရမ်းတန်ဖိုးရှိတဲ့ Tool ဆိုရင် ရောင်းစားကြပါတယ်။ Developer တော်တော်များများ ပြုလုပ်နိုင်တာဆိုရင် အခမဲ့ ပုံစံနဲ့ ကြော်ငြာထည့်ထားပါတယ်။ ကြော်ငြာက ငွေရှာတာပေါ့။ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ Information ကို ရယူဖို့ ဆောင်ရွက်ထားမယ်။ ပြီးရင် အဲဒီ Information တွေကို ပြန်ရောင်းစားမှာပေါ့။ ဒါက ကျွန်တော်တို့ Tool တစ်ခု သုံးမယ်ဆိုရင် ပြန်ပေးရနိုင်တာကို ဗဟုသုတ ပြောပြတာ ဖြစ်ပါတယ်။

အခု ကျွန်တော် ဖော်ပြပေးမယ့် Wifi hacking tool ကလည်း အခမဲ့ ပေးထားတာ ဖြစ်တဲ့အတွက် သတိထားပြီး သုံးစေချင်ပါတယ်။ Developer ကလည်းပဲ သူ့ရဲ့ Tool ကို သုံးလို့ ဖြစ်ပေါ်လာတဲ့ ကိစ္စမှန်သမျှ သူနဲ့မဆိုင်ဘူးဆိုတာကို Tool စသုံးတဲ့အခါမှာ agree လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အရမ်းဆိုးဆိုးဝါးဝါးမဟုတ်ဘူးဆိုတာတော့ ကျွန်တော် သိသလောက် စစ်ကြည့်ထားပြီးပါပြီ။ ကဲ ဒီတော့ သုံးမယ်ဆိုရင် အောက်ကို ဆက်ဖတ်ပြီး မသုံးဘူးဆိုရင်တော့ အခြားပို့စ်တွေကို ကျော်ဖတ်လိုက်ပါ။

ပထမဆုံး Tool နဲ့ မိတ်ဆက်ပေးပါ့မယ်။ Tool နာမည်က AndroDumpper လို့ ခေါ်ပါတယ်။ WPS ကွန်ယက်တော်တော်များများကို Bug တွေ ကနေတဆင့် ချိတ်ဆက်ပေးတာ ဖြစ်ပါတယ်။ Root လုပ်ထားသည်ဖြစ်စေ မလုပ်ထားသည် ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Root လုပ်ထားရင်တော့ Android version 4.0 နှင့် အထက် အသုံးပြုနိုင်မှာ ဖြစ်ပြီး  Wifi password  ကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Root လုပ်မထားရင်တော့ Android version 5 နှင့် အထက်တွေမှာသာ အလုပ်လုပ်ပြီး Wifi password ကို ဖော်ပြပေးနိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ ဒီ Tool က WPS ကွန်ယက်တွေကိုပဲ ချိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်။

ကဲ ဒီလိုဆို APK ကို ဆွဲချဖို့ Link အရင် ချပေးမယ်။

Download

|

APK ကို ဆွဲချပြီးရင်တော့ ပထမဆုံးလုပ်ရမှာ Wifi ကို ဖွင့်ပေးရပါမယ်။

Wifi ဖွင့်ပြီးရင် AndroDumpper ကို ဖွင့်ပါ။

AndroDumpper tool ကို ဖွင့်ပါ
AndroDumpper tool ကို ဖွင့်ပါ

Wifi network များကို Scan လုပ်ပါ။

Scan လုပ်ပြီး wifi network များကို မြင်တွေ့ရပုံ
Scan လုပ်ပြီး wifi network များကို မြင်တွေ့ရပုံ

ဒီနေရာမှာ ထပ်ပြီး မှတ်ရမှာက ဒီ Tool က WPS network တွေကိုသာ ချိတ်ဆက်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် WPS enabled: YES လို့ပြထားမှ ချိတ်ဆက်လို့ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Root နဲ့ အလုပ်လုပ်များ No root နဲ့ အလုပ်လုပ်မလား ရွေးပေးရပါမယ်။

Root သို့မဟုတ် No Root ဆိုတဲ့ နည်းလမ်းရွေးရမှာ ဖြစ်ပါတယ်။
Root သို့မဟုတ် No Root ရွေးပါ။

ပြီးရင်တော့ Custom PIN နဲ့ No Custom PIN ကို ရွေးပေးရပါမယ်။ ပုံမှာ ပြထားတဲ့ Bruteforce ကတော့ Root လုပ်ထားတဲ့ သူတွေအတွက်ပါ။ ပြီးတော့ အဲဒါက Advance ကျသွားပါပြီ။ နားလည်ရင်တော့ လုပ်ပါ။ Password file ထည့်ပေးရမယ်ထင်ပါတယ်။ ကျွန်တော်ဖုန်းက Root မလုပ်ထားတော့ အဲဒီနည်းကို စမ်းလို့မရပါဘူး။ စမ်းချင်သူများ စမ်းပြီး Comment မှာ အတွေ့အကြုံလေး မျှဝေသွားဖို့ တောင်းဆိုပါတယ်။ ကျွန်တော်က No custom PIN နဲ့ပဲ လုပ်ပါတယ်။ ဆက်ကြည့်ပါ။

No custom PIN ကို ရွေးချယ်ပါ
No custom PIN ကို ရွေးချယ်ပါ

ပြီးရင်တော့ သူ့ဘာသာသူ အလုပ်လုပ်နေပါလိမ့်မယ်။ ခဏစောင့်လိုက်ပါ။ Connection တိုင် များများ တက်နေလေ ပိုမြန်လေပါပဲ။

ချိတ်ဆက်ဖို့ ပြုလုပ်နေပုံ
ချိတ်ဆက်ဖို့ ပြုလုပ်နေပုံ

ခဏအကြာမှာ Connection ချိတ်ဆက်တာ ပြီးသွားပါလိမ့်မယ်။ Root နဲ့ဆို အောက်ပါအတိုင်း မြင်တွေ့ရမှာ ဖြစ်ပြီး Root နဲ့ မဟုတ်ပါက Connection successful လို့ပဲ ပြမှာ ဖြစ်ပါတယ်။

root အသုံးပြုသူတွေသာ မြင်ရမည့် connection successful ပုံ
root အသုံးပြုသူတွေသာ မြင်ရမည့် connection successful ပုံ

ကဲ တစ်ခါလုပ်ပြီးရင်တော့ လုပ်ထားတဲ့ Wifi network ကို Forget မလုပ်မချင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဆင်မပြေတာ ရှိရင် Fans page ဖြစ်တဲ့ www.facebook.com/MyanmarEndUser ကနေ Message ပို့ပြီး မေးနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.