PC & MobileUncategorizedWindows

Android Phone နဲ့ ကွန်ပျူတာကြား အကောင်းဆုံး data လွှဲပြောင်းနည်း ၅မျိုး

0

အရင်တုန်းက ကွန်ပျူတာနဲ့ ဖုန်းကြား data လွှဲပြောင်းချင်ရင် USB ကြိုးတစ်မျိုးတည်းသာ ရှိပါတယ်။ ဒီနေ့ခေတ်မှာတော့ အင်တာနက်ကို အလွယ်တကူသုံးလို့ရလာတာကြောင့် အင်တာနက်ကို အားကိုးပြီးလည်း data တွေလဲ လွှဲပြောင်းလို့ရပါတယ်။ အခုပြောပြမယ့် ငါးမျိုးကတော့ အလွယ်ကူဆုံးနဲ့ အမြန်ဆုံး data လွှဲပြောင်းနည်းပဲဖြစ်ပါတယ်။

၁။ ထုံးတမ်းစဉ်လာ USB / USB-C  ကြိုးသုံးခြင်း။

သင်အခုကိုင်ထားတဲ့ ဖုန်းက​ Android Phone ဆို Type-C ဖြစ်နေပါပြီ။ အခုလာတဲ့နောက်ပိုင်း Laptop တွေကလည်း Type-C နဲ့လာတာကြောင့် Data Transfer လုပ်တဲ့နေရာမှာ အရင်ကထက် ပိုမြန်ဆန်လာပါတယ်။ ဒါပေမယ့်လည်း အရင်တုန်းကလို ဖုန်းနဲ့ ကွန်ပျူတာကို ကြိုးထိုးလိုက်ပြီး data transfer ကိုရွေးပြီးရင်တောင် transfer တစ်ကယ်လုပ်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ third party app တစ်ခုကို download အရင်လုပ်ရလို့ပါပဲ။ ဒီ app ကို ရယူဖို့ကတော့ https://www.android.com/filetransfer/

ဒီapp ကိုတော့ Google က Mac အသုံးပြုတဲ့လူတွေအတွက် လုပ်ထားတာ ဖြစ်ပါတယ်။

၂။ Cloud သုံးခြင်း။

Cloud သုံးပြီး လူတိုင်းက ဒီနေ့မှာ Data Transfer လုပ်ကြပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ storage သာရပြီး အများကြီးလိုချင်ရင်တော့ ဝယ်သုံးရမှာဖြစ်တယ်။ လူသုံးအများဆုံးနဲ့ လူကြိုက်အများဆုံးကတော့ Google ပဲဖြစ်ပါတယ်။ Google Cloud မှာဆို section အလိုက်ခွဲထားပါတယ်။ ဥပမာ Google sheet, excel နဲ့ drive စသဖြင့်ရှိပါတယ်။ သင်က data အများကြီးလွှဲပြောင်းချင်ရင်တော့ Google Drive ကိုသုံးပါ။

၃။ Bluetooth သုံးပြီးလွှဲပြောင်းနည်း။

ဒီနည်းကတော့ သုံးတဲ့လူအင်မတန် နည်းပါတယ်။ ဘာလို့လဲဆိုတော့ အချိန်အရမ်းကြာပြီး စောင့်ဆိုင်းရတာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာတော့ ပြောပြပေးသွားပါမယ်။ ပထမဦးဆုံး ကွန်ပျူတာရဲ့ settings ကိုဖွင့်ပါ။ ပြီးရင် Bluetooth and other devices ထဲက bluetooth ခလုတ်လေးကို ဖွင့်လိုက်ပါ။ ပြီးရင် သင်ပို့ချင်တဲ့ ဖုန်းကို pair လုပ်ပါ။ Pair လုပ်တာအောင်မြင်သွားရင်တော့ send or receive files ထဲက သင်လိုချင်တဲ့ဟာရွေးပါ။ ပြီးရင် အလွှဲအပြောင်းလုပ်လို့ရပါပြီ။ လွယ်အောင်လို့ ပြန်ပြောပြပါမယ်။ Settings> Devices> Send or receive files via Bluetooth> Send files. ဒါပါပဲ။

၄။ SD card (သို့) Flash Drive သုံးခြင်း။

ဒီနည်းကတော့ အထူးတစ်လည် ပြောစရာမလိုတော့ပါဘူး။ ဒါပေမယ့် တစ်ချို့ဖုန်းတွေက SD card စိုက်လို့မရတဲ့အခါမှာတော့ အပေါ်က ပြောပြတဲ့နည်းတစ်ခုခုက သင့်ကို အသုံးဝင်စေပါတယ်။

 

Win Thet Oo
Think Different! Do what you love! Love what you do!

Microsoft ရဲ့ Open Design နည်းလမ်းအသစ်။

Previous article

Google I/O 2019 မှ စောင့်ကြည့်စရာများ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in PC & Mobile