PC & Mobile

Android Messages တွေထဲကို ရောက်လာတော့မယ့် Google Assistant

0

Google Assistant က Android Phone တော်တော်များများမှာ ပါဝင်ပြီး အခုဆို နေရာတိုင်းမှာ တွင်ကျယ်စွာအသုံးပြုနေကြပါတယ်။ Google Assistant ကို ခေါ်ဖို့ “OK Google” ဆိုပြီး ဖုန်းမှာ ကပ်ပြောလိုက်တာနဲ့ Google A.I က ပွင့်လာပြီး သင်လိုရာကို မေးနိုင်ပါတယ်။ ဥပမာ ဒီနေ့ရာသီဥတုအခြေအနေ ဘယ်လိုရှိလဲ၊ ညက ဘောလုံးပွဲ ဘယ်သူနိုင်သွားလဲ၊ အနီးနားမှာရှိတဲ့ စားသောက်ဆိုင်ကို တစ်ချက်လောက်ပြပေးပါ၊ ဒီမြို့မှာ လည်စရာပတ်စရာ ဘာတွေရှိလဲ စသဖြင့် မေးနိုင်ပါတယ်။ ဘာသာစကားတော်တော်များများနဲ့ Google Assistant ကို အသုံးပြုနိုင်ပေမယ့် မြန်မာဘာသာစကားနဲ့ မရသေးပါဘူး။

ဒါ့အပြင် အခု Google A.I က များစွာအဆင့်မြင့်လာပြီး ကိုယ်တိုင်ဖုန်းခေါ်ပြီး သင့်အစား သင်ပြောချင်တဲ့ စကားတွေပါပြောပေးနိုင်လောက်အောင် ခေတ်မှီလာပြီဖြစ်ပါတယ်။ ဥပမာ စားသောက်ဆိုင်ကို booking လုပ်တာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။ သင့်သူငယ်ချင်းနဲ့ သင်နဲ့ message မှာ အပြန်အလှန်စကားပြောနေတဲ့အခါမှာ သင်ကြိုက်နှစ်သက်တဲ့ အသုံးအဆောင် အစားအသောက် ကြော်ညာတွေကို အလိုအလျောက်မြင်နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလိုအခါမျိုးမှာ Google Assistant က အကြံပြုတဲ့ ကြော်ညာကို သူငယ်ချင်းနဲ့ ဝေမျှချင်ရင်လည်း တစ်ခါတည်း ဝေမျှလို့ရအောင် share button ပါဝင်ပါတယ်။

Google ရဲ့ Assistant ကို Google Home Max နဲ့ Pixel ဖုန်းတွေမှာလည်း Google Personal Assistant ကို အသုံးပြုနိုင်ပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

Live Streaming လုပ်နိုင်မယ့် Cannon G7 XIII

Previous article

အိမ်မွေးခွေးလေးတွေကို ခြေရာခံနိုင်မယ့် တရုတ်ပြည်မှ AI company တစ်ခုရဲ့ app

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in PC & Mobile