Amazon ဆိုတာက online shopping website တစ်ခုဖြစ်ပါတယ်။ Alibaba မပေါ်ခင် အမေရိကန်မှာ ပထမဦးဆုံး စပေါ်တဲ့ အင်တာနက် shopping website ဖြစ်ပါတယ်။ လူတွေက Amazon မှာ ပစ္စည်းတစ်ခုမဝယ်ခင် reviews တွေကို ကြည့်ပါတယ်။ Reviews ကောင်းတဲ့ ပစ္စည်းတွေက Amazon မှာ ရောင်းထွက်ဖို့ လွယ်ပါတယ်။ Alibaba မှာလည်း ဒီနည်းအတိုင်းပဲ ဖြစ်ပါတယ်။ ပစ္စည်းချင်းတူရင်ဖြစ်စေ၊ စျေးနှုန်းတူရင်ဖြစ်စေ၊ ဘယ်လောက်နာမည်ကြီးတဲ့ ပစ္စည်းအမျိုးအစားဖြစ်စေ၊ လူတိုင်းက reviews တွေကို ဖတ်ပါတယ်။ Reviews မှာ stars များတဲ့ ပစ္စည်းတစ်ခုုုုုရဲ့ ရောင်းထွက်မှု အမြန်နှုန်းကတော့ ရက်ပိုင်းအတွင်း ကုန်သွားနိုင်ပါတယ်။
ဒီလို reviews တွေက လူတွေဆီကလာပေမယ့် အချို့ reviews တွေက တစ်ယောက်တည်းဆီက လာတာတွေ ရှိပါတယ်။ ဆိုလိုတာက ပစ္စည်းရဲ့ ကောင်းကြောင်းကို အများကြီးပြောပြပြီး stars တွေပေးပါတယ်။ အခုဒီခေတ်စကားနဲ့ ပြောရမယ်ဆိုရင် reviewers တွေလို့ခေါ်ပါတယ်။ Youtube, Facebook တွေမှာ အများဆုံးမြင်တွေ့နိုင်မှာပါ။ Reviewers အချို့က ပိုက်ဆံမရပေမယ့် ပစ္စည်းတော်တော်များများတော့ free ရနိုင်ပါတယ်။
Amazon က reviewers တွေအတွက် နေရာတစ်ခုဖန်တီးပေးထားပါတယ်။ ဒီနေရာမှာဆိုရင် reviewers တွေက Amazon က suppliers တွေနဲ့ အလုပ်ကိစ္စပြောနိုင်ပါတယ်။ ဒါ့အပြင် သင်က review လုပ်ပေးချင်တယ်ဆိုရင်လည်း suppliers တွေကို ဆက်သွယ်နိုင်ပါတယ်။ Reviewers တွေ review လုပ်ပေးခဲ့တဲ့ product တိုင်းက ပြောတဲ့အတိုင်း မညီခဲ့ပါဘူး။ အချို့ products တွေက အရည်အသွေးညံ့ပြီး စျေးအရမ်းသက်သာတာမျိုးတွေ ရှိပါတယ်။ ဒီလို products တွေကို reviewers တွေက ကောင်းတယ်လို့ တိုက်ရိုက်မပြောပဲ အတော်သင့်စျေးနဲ့ အတော်အသင့်ကောင်းတဲ့ product တစ်ခုဖြစ်ပါတယ်လို့ ရေးသားဖော်ပြပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် Amazon မှာ ရောင်းချတဲ့ product တိုင်းက ကောင်းတယ်လို့ ပြောလို့မရပါဘူး။
Reviewers အလုပ်ကလည်း ပိုက်ဆံမရပေမယ့် မဆိုးတဲ့ အလုပ်တစ်ခုထဲမှာ ပါပါတယ်။ သင့်မှာ လူစိတ်ဝင်စားအောင် ပြောတတ်ဆိုတတ်တဲ့ marketing skill နည်းနည်းရှိရုံနဲ့ ပစ္စည်းတွေကို ဝယ်စရာမလိုပဲ ရရှိမှာ ဖြစ်ပါတယ်။ Product တစ်ခု အလုပ်ဖြစ်တဲ့အခါ ကျန်တဲ့ product companies တွေက သင့်ကို ဆက်သွယ်လာပြီး အလုပ်ဆက်ဖြစ်မှာ ဖြစ်ပါတယ်။
Comments