Amazon ကို သင်ကြားဖူးမှာပါ။ Online shopping website လို့လူအများစုက သိထားကြပြီး နောက်ကွယ်မှာ ဒီထက်ပိုပါတယ်။ Amazon Company က လက်ရှိ ကမ္ဘာမှာ အချမ်းသာဆုံး company list ထဲမှာလည်း ပါပါတယ်။ ဘာလို့ဒီလိုတွေအောင်မြင်ပြီး ဘယ်လို product တွေထုတ်လဲဆိုတာ ပြောပြပေးသွားပါမယ်။
အခု Youtube မှာကြည့်တဲ့ Videos တွေ၊ အင်တာနက်မှာ ကြည့်တဲ့ websites တွေအားလုံးကို အလွယ်တကူ အချိန်တိုအတွင်းမှာ ကြည့်နိုင်အောင် လုပ်ပေးထားတာက Amazon ပဲဖြစ်ပါတယ်။ ဥပမာ သင်က website တစ်ခုက video ကို click လုပ်ပြီး ကြည့်လိုက်တယ်ဆိုပါစို့။ ဒီလိုကြည့်နိုင်အောင် သင့်ကွန်ပျူတာ တစ်ခုတည်း အလုပ်လုပ်လိုက်တာ မဟုတ်ပါဘူး။ Amazon ရဲ့ ကွန်ပျူတာတွေကလည်း သင့်ကွန်ပျူတာနဲ့တစ်ပြေးညီ အနောက်မှာ အလုပ်လုပ်ပါတယ်။ သင်လိုချင်တဲ့ သတင်းအချက်အလက်တွေကို စုစည်းပြီး reply ပြန်ပါတယ်။ ဒါမှ သင် video တွေကို အလွယ်တကူကြည့်လို့ရတာပါ။
Amazon ရဲ့ ကွန်ပျူတာတွေက ဘယ်လိုပုံစံလဲ။
အခန်းအကျယ်ကြီးထဲမှာ network ကြိုးအများကြီးနဲ့ လူတစ်ရပ်စာလောက်ရှိတဲ့ ကွန်ပျူတာတွေက Amazon ရဲ့ကွန်ပျူတာတွေဖြစ်ပါတယ်။ ဒီကွန်ပျူတာတွေက လူတွေအင်တာနက်မှာ လိုချင်တဲ့ data အချက်အလက်တွေကို ချက်ချင်းတတ်နိုင်သလောက် ရောက်အောင်ပို့ပေးပါတယ်။ ဒီလိုကွန်ပျူတာတွေကို Amazon Web Server (AWS) လို့ခေါ်ပြီး ကမ္ဘာအနှံ့မှာ ရှိပါတယ်။ အခုပြောနေကြတဲ့ Colud Computing System ဆိုတာလည်း ဒီပုံစံမျိုးပါပဲ။ Netflix တို့လို နာမည်ကြီးတဲ့ website တစ်ခုခု သင်ပြောကြည့်ပါ။ သူတို့ရဲ့နောက်ကွယ်မှာ data တွေကို ထိန်းသိမ်းပေးထားပြီး လူတွေအလွယ်တကူ အသုံးပြုလို့ရအောင် လုပ်ပေးထားတာ Amazon ပါပဲ။ သင် ကိုယ်ပိုင်website တစ်ခုလုပ်တယ်ဆိုပါစို့။ ဒီ website မှာ သင်ထည့်သွင်းမယ့် data ပမာဏတွေကို နောက်ကွယ်က အသွင်းအထုတ်နဲ့ ထိန်းသိမ်းပေးမယ့်အရာအားလုံးကို Amazon က လုပ်ပေးနိုင်ပါတယ်။ Data storage ဘယ်လောက်သုံးမလဲဆိုတဲ့ပေါ်မူတည်ပြီး space ကိုလည်း ဝယ်ယူလို့ရပါတယ်။
ကမ္ဘာပေါ်မှာ website ပေါင်းမြောက်များစွာကို Amazon က ဒီလိုservice တွေပေးပြီး ဝန်ဆောင်မှုပေးနေပါတယ်။ ဒီထဲမှာ Netflix တို့လို website ကြီးတွေတောင်ပါပါတယ်။ Business Owner က လုပ်ငန်းကောင်းလေလေ Supplier ကလည်း လုပ်ငန်းကောင်းလာလေပါပဲ။ ဒါကြောင့် Amazon က ကမ္ဘာမှာ အချမ်းသာဆုံး Company တစ်ခုဖြစ်လာခဲ့ပါတယ်။
Amazon ရဲ့အခြား product များ
Amazon ဆိုတာ ကမ္ဘာမှာ ပထမဦးဆုံး အင်တာနက်စပေါ်လာတဲ့အချိန်တည်းက တစ်ပြေးညီပေါ်လာခဲ့ပါတယ်။ အင်တာနက် company တွေထဲမှာ နှစ်အကြာဆုံး company တစ်ခုလို့လည်း ပြောလို့ရပါတယ်။ စပေါ်လာတဲ့အချိန်တုန်းကတော့ သာမန် online shopping website တစ်ခုလောက်သာ ရှိပြီး ရုံးသေးသေးလေးမှာ လူနည်းနည်းနဲ့ စတင်ခဲ့ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ ခေတ်ကပြောင်းလဲလာ၊ နည်းပညာတွေတိုးတက်လာတဲ့အချိန်မှာတော့ Web Server လုပ်ငန်းကို ပြောင်းလဲလာခဲ့ပါတယ်။ ဒါ့အပြင် Amazon ရဲ့ကိုယ်ပိုင် product တွေဖြစ်တဲ့ e-book reader kindle ကိုလည်း နောက်ပိုင်းမှာ ထုတ်လုပ်လာခဲ့ပါတယ်။ အခုဆိုရင် Netflix တို့လို Amazon Prime လည်းပေါ်လာပါပြီ။ အခြား Cardless Cashless Shopping system ကိုလည်း မိတ်ဆက်ခဲ့ပြီး ကိုယ်ပိုင် store တွေလည်း ပေါ်လာပါပြီ။ ဖုန်းတစ်လုံးပါရုံနဲ့ ကိုယ်လိုချင်တဲ့ ပစ္စည်းကို ယူပြီး ဖုန်းနဲ့ငွေပေးချေတဲ့ store ဆိုင်တွေဖြစ်ပါတယ်။ Amazon Go လို့လည်း ခေါ်ပါတယ်။
Comments