Sony က Entertainment လောကမှာ လူတိုင်းမသိတဲ့လူ မရှိပါဘူး။ အနီးစပ်ဆုံးပြောရမယ်ဆိုရင် sony က ထုတ်တဲ့ ရုပ်ရှင်တွေနဲ့ ရုပ်ထွက်ကာလာတွေကို ယှဉ်ပြိုင်နိုင်တဲ့ company က မရှိသလောက်ပါပဲ။ အသံပိုင်းအရည်အသွေးမှာလည်း sony က နာမည်တစ်လုံးနဲ့ ရပ်တည်ခဲ့တာ ဆယ်စုနှစ်တစ်ခုလောက် ရှိပြီဖြစ်ပါတယ်။ August လမှာတော့ sony ရဲ့ wireless earbuds – WF-1000X ကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
WF-1000X က လက်ရှိ wireless earbuds ထဲမှာ ဘာလို့အကောင်းဆုံး ဖြစ်နိုင်လဲ?
ပထမဦးဆုံး အချက်က wireless ဖြစ်ပြီး အားအပြည့်သွင်းထားရင် ၂၄နာရီ ခံပါတယ်။ Shape အရဆိုရင် earbuds က Apple ရဲ့ Airpods လို နားထဲမှာမြဲနေပြီး fit ဖြစ်တာကြောင့် ဖြစ်ပါတယ်။ သင့်နားအရွယ်အစားနဲ့ ကိုက်အောင် နားကြပ်အစွပ် အကြီး၊အသေး ပါဝင်တာကြောင့် လူတိုင်းနဲ့ အဆင်ပြေပါတယ်။ ဒီ wireless earbuds ရဲ့ အထူးခြားဆုုံး အချက်ကတော့ noise cancellation ပါလို့ပါပဲ။ Noise Cancellation က ဆူညံသံအားလုံးကို တစ်နေရာ ပို့ပြစ်လိုက်သလို လုပ်နိုင်တဲ့ function ပါဝင်ပါတယ်။ ဒီလိုလုပ်နိုင်အောင် chipset တွေကပဲ လုပ်ပေးနိုင်ပါတယ်။
နားကြပ်တပ်ထားတဲ့လူအများစု ကြုံတွေ့ရတဲ့အချက်ကတော့ တစ်ယောက်ယောက်နဲ့ စကားပြောရင် နားကြပ်ကို ချွတ်ရတာပါပဲ။ ဒါမှမဟုတ် နားထောင်နေတဲ့ သီချင်းကို ရပ်ပြီး နားထောင်ရတာမျိုးက အဆိုးဆုံးပါပဲ။ Sony ရဲ့ WF-1000X မှာ တစ်ယောက်ယောက်နဲ့စကားပြောချင်ရင် ဘယ်ဘက်အခြမ်းက earbud ကို လက်နဲ့ထိထားပြီး စကားပြောဆိုလို့ရပါတယ်။ ဒီလို function မျိုးကို ရတာ sony ရဲ့ wireless earbuds ပဲ ရှိပါတယ်။ ညာဘက် အခြမ်းကတော့ တစ်ခါ tap ရင် သီချင်းကို ရပ်တာမျိုး၊ နှစ်ခါ tap လုပ်ရင် သီချင်းကို ကျော်တာမျိုးလုပ်နိုင်တဲ့ function တွေပါဝင်ပါတယ်။ Airpods လို wireless charging case တော့မရှိပေမယ့် type-C နဲ့ အားသွင်းရတဲ့အတွက် သင့်မှာ ရှိပြီးသားဖုန်းအားသွင်းကြိုး (သို့) type-C laptops အားသွင်းကြိုးတွေနဲ့ အားသွင်းနိုင်ပါတယ်။ အသံကြည်လင်ပြတ်သားမှုကလည်း ကောင်းမွန်ပြီး ဆူညံသံလုံး၀မကြားနိုင်တဲ့ sony earbuds WF-1000X ရဲ့စျေးနှုန်းက ဒေါ်လာ ၂၃၀ ရှိပါတယ်။
Comments