LifestyleProduct Reviews

Action Camera ထဲမှာ အကောင်းဆုံးဖြစ်လာမယ့် Osmo Action

0

Go-Pro camera ကို သင်ကြားဖူးမှာပါ။ ရုပ်ထွက် ဘယ်လိုကောင်းကြောင်း၊ အကြမ်းခံကြောင်းနဲ့ ရေအောက်မှာပါ ရိုက်လို့ရတဲ့ လက်တစ်ဆုပ်စာ camera က  ပေးတဲ့ စွမ်းဆောင်ရည်တွေက အံ့မခန်းအောင် သာလွန်နေတာမျိုးတွေကို Go-Pro က မိတ်ဆက်ခဲ့ပြီးပါပြီ။ လက်ရှိ Action Camera စျေးကွက်ထဲမှာ Go-Pro လောက် Quality ကောင်းတဲ့ camera မျိုးလည်းမရှိသေးပါဘူး။

Dji ကလည်း Go-Pro Camera ပုံစံ Osmo Action Camera ကို မိတ်ဆက်လိုက်ပါပြီ။ ဒီကင်မရာက Go-Pro ထက် ပိုပြီးပြည့်စုံနေပါတယ်။ စျေးနှုန်းက တူတူလောက်ပဲ ရှိပေမယ့် Dji ရဲ့ Osmo Action Camera က ဘာကြောင့်ပိုကောင်းလဲဆိုတာ ဆက်ကြည့်သွားရအောင်။

Screen က အရှေ့ရော အနောက်ရောပါတဲ့အတွက် selfie ရိုက်တဲ့အခါမှာလည်း ကိုယ့်ပုံကို ပြန်မြင်ရပါတယ်။ ဒါ့အပြင် သူ့မှာပါတဲ့Rocksteady mode က လှုပ်ရှားမှုတွေကို ရိုက်တဲ့အခါမှာ stabilizer သုံးထားတဲ့ပုံစံမျိုး ညိမ်နေမှာ ဖြစ်တယ်။ ဘယ်လောက် ခုန်ခုန် ပြေးပြေး လှုပ်ရှားမှုပုံစံမျိုး ရိုက်တဲ့အခါမှာ ညိမ်နေမှာဖြစ်ပါတယ်။​4K Video ကို 60fps နဲ့ရိုက်နိုင်ပြီး slowmotion လည်း ရိုက်ကူးနိုင်ပါတယ်။ ရေအောက် ၁၁မီတာကို osmo action camera သယ်သွားပြီး ရေအောက်မှာ Video ​တွေ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။

အဓိကက Camera Lens ကို ထိန်းထားပေးတဲ့ filter ကထူပြီး ကာကွယ်မှုလည်း အပြည့်ပေးပါတယ်။ Settings မှာ ကိုယ်လိုသလို exposure ၊ Contrast တွေချိန်လို့ရတဲ့ custom mode ပါတာကြောင့်​camera man တွေအတွက် အဆင်ပြေပါတယ်။ Osmo ရဲ့ action camera တွေထဲမှာ အထူးခြားဆုံးအချက်ကတော့ အသံနဲ့အမိန့်ပေးပြီး စေခိုင်းလို့ရတာပါပဲ။ ဥပမာ shut down လို့ပြောလိုက်တာနဲ့ ပိတ်သွားတာမျိုးတွေ လုပ်လို့ရပါတယ်။ Go Pro နဲ့ယှဉ်ရင် screen မျက်နှာပြင်က ကျယ်ပြီး screen နှစ်ခုပါတာကြောင့် အမှတ်တော်တော်ရနေပါပြီ။ ကျန်တဲ့အချက်တွေကတော့ မကြာမီအချိန်တွင်းမှာ သုံးစွဲသူတွေက ပြောပြပေးသွားမှ​ာ ဖြစ်တယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

Facebook ရဲ့ Live Streaming Policy အသစ်။

Previous article

Dark Web ဆိုတာ ဘာလဲ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Lifestyle