You are here
Home > Hardware > Technology Explained > Interchangeable Camera Lens တွေအကြောင်း တစေ့တစောင်း

Interchangeable Camera Lens တွေအကြောင်း တစေ့တစောင်း

Lens တွေအကြောင်းရေးမယ် ဆိုပြီး မရေးဖြစ်တာကြာပါပြီ။ Interchangeable Lens Camera System တွေမှာဆိုရင် အောက်မှာပြထားတဲ့ အတိုင်း Lens တွေက များလွန်းလှပါတယ်။ ဒါတောင် သူတို့အတွက် 3rd Party Company တွေက ထုတ်ပေးတဲ့ Lens တွေမပါသေးပါဘူး။ အဲဒါတွေသာထည့်တွက်လိုက်ရင် ရွေးချယ်စရာတွေက များလွန်းလှပါတယ်။ ဒီတော့ ကျွန်တော် ရေးချင်တာကတော့ ဘာလို့ Lens တွေ ဒီလောက်တောင် များနေရတာလဲ။ ဘယ်လို Lens တွေကို ရွေးချယ်ဝယ်ယူကြမလဲဆိုတာပါပဲ။ ပထမဦးဆုံး ပြောချင်တာကတော့ တော်တော်များများက DSLR ILC သို့မဟုတ် Mirrorless ILC ဝယ်မယ်ဆိုရင် Kit Lens (ကင်မရာဝယ်ရင်တပါတည်းပါတဲ့မှန်ဘီလူး) နဲ့ ပြီးပြီးသွားကြတာပါ။ အဲလိုဆိုရင်တော့ ဝယ်ရကြိုးမနပ်လှပါဘူး နောက်တစ်လုံးလောက်တော့ဝယ်လိုက်ပါ ( ဆေးထိုးခြင်း )။

Lens အမျိုးအစား ခွဲကြည့်မယ်

Lens တွေကို နည်းနည်း အမျိုးအစားခွဲကြည့်မယ်ဆိုရင် အရင်ဆုံး Prime နဲ့ Zoom ဆိုပြီး နှစ်မျိုးကွဲပါတယ်။ ဒါကအရင် ပြောရမှာပါ။ Zoom Lens ဆိုတာကတော့ ပုံမှန်အတိုင်း မြင်ကွင်းအကျဉ်းအကျယ်ကို Lens ပေါ်မှာ ချိန်လို့ရတာပေါ့။ ဒါကတော့ လူတိုင်းသိကြပါတယ်။
Prime Lens ဆိုတာကတော့ မြင်ကွင်း ကျဉ်းသည်ဖြစ်စေ ကျယ်သည်ဖြစ်စေ အဲမြင်ကွင်းက အသေပါပဲ။ Zoom ဆွဲချင်ရင် လူကိုယ်တိုင် ရှေ့တိုးရမယ့် Lens တွေပါ။

ဘာလို့ Zoom ဆွဲမရတဲ့ Prime Lens တွေ ရှိနေတာလဲဆိုတာကတော့ Size, Quality, Price တွေ ကွဲပြားလို့ပါပဲ။ နောက်မှ အကျယ်ရေးပါမယ်။ Prime & Zoom ခွဲပြီးရင် Zoom ထဲမှာ Fixed Aperture Zoom Lens နဲ့ Variable Aperture Zoom Lens ဆိုပြီး နှစ်မျိုးကွဲပါတယ်။ Fixed Aperture Zoom Lens ဆိုတာက Zoom ဆွဲလိုက်ရင် Aperture Value မကျသွားတဲ့ Lens တွေပါ။
( eg . 24-70 f2.8)
Variable Aperture Zoom Lens ဆိုတာကတော့ Zoom ဆွဲလိုက်ရင် Aperture Value က ကျသွားတဲ့ Lens တွေပါ။
(eg 28-135 f3.5-5.6)
Professional တွေကတော့ Fixed တွေကိုပဲ သုံးကြတာများပါတယ်။ Aperture Value ကျသွားတဲ့ အခါ ISO ပိုတင်ရတာရယ်
Exposure Value ပြောင်းလဲသွားတာကြောင့် ကျန်တာတွေကို ပြန်ချိန်ညှိရတတ်တာကြောင့် ဖြစ်ပါတယ်။ ဒီတော့ Prime & Zoom ,Fixed & Variable Aperture Zoom တွေကို ခွဲပြီးရင် Focal Length ( မြင်ကွင်းအကျဉ်းအကျယ် ) နဲ့ Usage ( အသုံး ) အရ ကွာတာတွေလာပါမယ်။ Focal Length ကို ရှုပ်မှာစိုးလို့ Full frame Equivalent နဲ့ပဲ ပြောပါ့မယ်။

Lens အမျိုးအစားတွေကတော့

Fish Eye Lens

10mm 12mm 16mm Fish Eye အစရှိတဲ့ Lens တွေဟာ သင့်ကို ငါးမျက်စိက မြင်ရတဲ့ မြင်ကွင်းလိုမျိုး ကွေးကွေးကောက်ကောက်နဲ့ အလွန်ကျယ်တဲ့ မြင်ကွင်းတွေကို ရိုက်ကူးလို့ရစေမှာပါ။ Wedding တွေ Architecture Photography တွေ Landscape တွေမှာ သုံးကြပါတယ်။ တခါတလေမှာ Fish Eye Lens နဲ့ ရိုက်ထားတဲ့ ပုံတွေက WOW factor ကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။ Fish Eye Lens တွေဟာ များသောအားဖြင့် Prime Wide Angle Lens တွေများပါတယ်။

Hyper Wide Angle Lens

10mm 12mm , 11-24 12-24 အစရှိတဲ့ Lens တွေဟာ Hyper Wide Angle Lens တွေပါ။ အသုံးပြုလို့ကောင်းတဲ့ နေရာတွေကတော့ Wedding တွေ Architecture တွေ Landscape တွေ အစရှိတဲ့ နေရာတွေမှာ သုံးလို့ကောင်းပါတယ်။ ဒီကောင်တွေက ကျယ်တာချင်းတော့ Fish Eye နဲ့ တူပေမယ့် မတူတာကတော့ Fish Eye လို မျဉ်းတွေဟာ အလွန်အကျွံ ကောက်ကွေးမသွားပဲ မျဉ်းဖြောင့်အတိုင်းပဲ ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့သူတို့ရဲ့ အသုံးကလည်း အထိုက်အလိုက်ကွာပါတယ်။ Prime ကော Zoom ရော ဒီ Range အတွင်းမှာ ရှိကြပါတယ်။ ဒီ Range အတွင်းမှာ ဈေးချိုတဲ့ Lens တွေကို သိပ်မတွေ့ရပါဘူး။ ထုတ်လုပ်ရအလွန်ခက်လို့နေပါလိမ့်မယ်။

Ultra Wide Angle Lens

16-35 , 15-30, 17mm အစရှိတဲ့ 16mm to 20mm ဝန်းကျင် မြင်ကွင်းကျယ်ရှိတဲ့ Lens တွေကို Ultra Wide လို့ခေါ်ကြပါတယ်။ ဒီ Range ကလည်း Landscape သမားတွေ Prewedding သမားတွေ အတွက် Popular ဖြစ်ပြီးတော့ ဈေးကလည်း သင့်တင့်တဲ့ Range ဖြစ်တဲ့ အတွက် အသုံးများကြပါတယ်။ ဒီ Range အတွင်းမှာဆိုရင် 3rd Party Lens တွေကိုလည်း ဈေးအသင့်အတင့်နဲ့ စပြီး ရနိုင်လာတာကို တွေ့ရပါတယ်။
Hyper Wide ကို မှ အရမ်းလိုအပ်တာမဟုတ်ရင် 16-35 လို Lens မျိုးတွေဟာ Ultra Wide ကနေ Natural Focal Length အထိ Zoom ဆွဲလို့ရတာမို့လို့ Popular အဖြစ်ဆုံးပါပဲ။

General Photography Lens ( Kit Lens Range )

24-70, 28-75, 24-105 အစရှိတဲ့ Range Lens တွေဟာ Camera ဝယ်ကာစမှာ တခါတည်း တွဲရောင်းလေ့ရှိတဲ့ Range ပါ။ အဲဒီ Range ဟာ Wide Angle (24, 28mm ) ကနေ Medium Telephoto ( 70, 105, 135mm ) တွေအထိ တခါတည်းရတတ်တာမို့လို့ လူအများစုဟာ ဒီ Range Lens တွေကို အမြဲတပ်ထားလေ့ရှိတဲ့ Lens အဖြစ်ထားကြတာများပါတယ် Event, Street , Landscape, Macro, Portrait အားလုံးနီးပါးသုံးလို့ရပါတယ်။ အသင့်အတင့်စီကောင်းတာမို့ လူတော်တော်များများရဲ့ လက်စွဲပါပဲ။

Fast Prime Lens

24, 35, 50, 85, 105 mm f1.8/1.4 etc အစရှိတဲ့ Lens တွေပါ ဒီ Prime Lens တွေဟာ အများအားဖြင့် Portrait တွေရိုက်ကူးရာမှာ Special Lens တွေပဲဖြစ်ပါတယ်။ အခြား Lens တွေထက် ထူးခြားတဲ့ မြင်ကွင်းနဲ့ Depth of Field အရသာကို ပိုပြီးပေးနိုင်ပါတယ်။
ဒီ Lens တွေက များသော အားဖြင့်တော့ Close Focus Distance က နည်းနည်း ဝေးတာမို့ Macro မှာ မကောင်းတတ်ပါဘူး။ Low Light မှာတော့ အကောင်းဆုံး Lens တွေဖြစ်ကြပြီးတော့ Prime Lens ဖြစ်တာနဲ့ အညီ Image Quality ကတော့ Zoom Lens တော်တော်များများ ထက်ပို ကောင်းကြပါတယ်။

Telephoto Lens

55-210, 55-250 f3.5-5.6 , 70-210, 70-200 f2.8/f4, 70-300 f4-5.6 200mmf2.8 စတဲ့ Lens တွေဟာ Telephoto Zoom/Prime Lens တွေပါ။ ဒီကောင်တွေကိုတော့ အဝေးကအရာတွေ Portrait တွေ Sport တွေကိုရိုက်ကြပါတယ်။ ထွေထွေထူးထူး ပြောစရာလိုမယ်မထင်ပါဘူး။ အဲ့ Lens တွေတော်တော်များများကတော့ Low Light မှာ ခုနက Fast Prime Lens တွေလောက်မရပါဘူး။ Macro အတွက် Ratio လည်း သိပ်ကောင်းလေ့မရှိကြပါဘူး။ Super Telephoto Lens 120-300, 70-400, 200-400, 150-600 etc အစရှိတဲ့ Super Telephoto Lens တွေကိုတော့ ငှက်ရိုက်သမားတွေ Wild Life သမားတွေ Sport သမားတွေက သုံးကြပါတယ်။ Heavy Duty Lens တွေဖြစ်တာနဲ့ အညီ Quality ကောင်းဖို့ပဲ အဓိကထား Design လုပ်ကြတာများတဲ့အတွက် Weight တွေကတော့ လေးတာများပါတယ်။ Image Quality လည်း ကောင်းကြပါတယ်။ Aperture Value တွေကတော့ Variable တွေများပါတယ်။ ဈေးကလည်း ကောင်းကြပါတယ်။

Macro Lens

50mmf3.5/2.8 , 90mm f2.8 , 105mm f2.8 Macro etc အစရှိတဲ့ Macro Lens တွေလဲ ရှိပါသေးတယ်။ ဒီ Macro Lens တွေရဲ့ ထူးခြားချက်ကတော့ အခြား Lens တွေထက်ပိုမိုနီးနီး ကပ်ကပ် Focus ဖြတ်နိုင်တာပါပဲ။ 1:1 Reproduction Ratio ရှိကြတာများပါတယ်။
1:1 Reproduction Ratio ဆိုတာ ဥပမာ APSC Sensor Size လောက်ရှိတဲ့ ပင့်ကူတစ်ကောင်ကို APSC Frame မှာ အပြည့် ဖြစ်တဲ့ ထိ AF ကို ကပ်ပြီးချိန်လို့ရတာဖြစ်ပါတယ်။ တချို့ Macro Lens တွေကတော့ 1:1 ထက်ကျော်ပြီး ရတာတွေလည်းရှိပါတယ်။ Macro Lens တွေက Sharpness အကောင်းဆုံးလို့လည်း ပြောကြပါတယ်။

All in One Lens

တကယ်တော့ Lens မလဲချင်တဲ့ သူတွေအတွက် All in One Lens တွေလည်း ရှိပါသေးတယ်။ 24-240, 28-200, 28-300 f3.5-6.3
အစရှိတဲ့ Variable Aperture ရှိတဲ့ All in One Lens တွေလည်းရှိပါတယ်။ ဒီကောင်တွေကတော့ Travel Photography သမားတွေနဲ့ Family သုံးဖို့ ဝယ်တဲ့ သူတွေအကြိုက်ပါပဲ။ ဘာလို့လဲဆိုတော့ Lens တလုံးတည်းနဲ့ မြင်ကွင်းကျယ်ကနေ မြင်ကွင်းကျဉ်း (telephoto) ထိကို တစ်လုံးထဲနဲ့ ရိုက်လို့ရလို့ပါပဲ။ ဒါပေမယ့် Aperture က ကျသွားတဲ့ အတွက် Low Light အတွက်တော့ သိပ်မကောင်းပါဘူး။

စုံပြီလားတော့ မသိဘူး။ စဉ်းစားလို့ရသလောက်ကတော ဒီဟာတွေပေါ့ဗျာ။ ကဲဒီတော့ Lens အမျိုးအစားပေါင်းကလည်း မနည်းပါဘူး။ ဘာလို့ ဒီလို ကွဲပြားနေရတာလည်းဆိုတော့ အားလုံးကို တခုတည်းမှာ ထည့်ပြီး Design ဆွဲလို့ မရလို့ပဲဖြစ်ပါတယ်။ တခုကို တင်ရင် တခုကျသွားပါတယ်။ Physics ရဲ့ အကန့်အသတ်တွေ ရှိနေကြပါတယ်။ Target Customer Group ရဲ့ ငွေကြေးအကန့်အသတ်တွေရှိပါတယ်။
ဒီ fact လေးတွေပေါ်မူတည်မယ်ပေါ့။

  • Zoom or Prime
  • Max Aperture
  • Constant Aperture or Variable Aperture
  • Size
  • Weight
  • Features ( AF , Power Zoom , Aperture Ring etc )
  • Image Stabilization
  • Target Price
  • Target Image Quality

အစရှိတာတွေမှာ တခုကို ကောင်းအောင်လုပ်ရင် တခုက သွားထိတတ်ပါတယ်။ ဥပမာ – 24-105 f4 ဆိုပါတော့ 24-105 f2.8 ဆိုတာမရှိသေးပါဘူး။ ဘာလို့မရှိလဲ။ f2.8 လုပ်မယ်ဆိုရင် ရင်ဆိုင်ရမယ့် Design ပြသနာတွေအများကြီးပါ။ Size & Weight တအားတက်လာမယ်။
ဈေးက Target Price ကျော်လာမယ် စသဖြင့်ပေါ့။ နောက်ဥပမာတခု 85mm f1.4 ဒါမှ မဟုတ် 35mm f1.4 ( Extreme Aperture ) Lens မှာကြည့်ပါ။ Aperture ကို အဆုံးမြှင့်ထားတဲ့ အတွက် IS မထည့်နိုင်တော့ပါဘူး။ f1.4 Lens တွေမှာ IS မပါပါဘူး။ လက်ရှိအခြေအနေအရ နောက်တခါ 50mm f0.95 တို့ဘာတို့ဆိုရင် 3rd Party တွေကသာ ထုတ်ပါတယ်။ Image Quality လည်း မကောင်းတော့ပါဘူး။Aperture ကို Extreme လုပ်လိုက်တဲ့ အတွက် IQ ကိုပါသွားထိပါတယ်။

အဲဒါကြောင့် Canon, Nikon, Sony တွေက မထုတ်ပါဘူး။ Canon ကတော့ f1.2 ထိ ထုတ်ပါတယ်။ လက်ခံနိုင်တဲ့ ထိပဲ ထုတ်ပါတယ်။ နောက်တခါ အဲ 85mm f1.4 ထဲမှာမှ Image Quality မှာ Perfect လို့ ဆိုရမယ့် Otus Lens ကိုကြည့်ပါ။ ဈေးတအားတက်သွားတယ် AF မပါတော့ဘူး အရမ်းကို ကြီးသွားတယ်။ စသဖြင့်ပေါ့။
ပြီးတော့ Zoom Lens တွေမှာဆိုရင်လည်း Zoom Range ကို မပြောင်းပဲနဲ့ f2.8 ထက်ပိုပြီး မထုတ်နိုင်ကြသေးပါဘူး။ Standard Range ဖြစ်တဲ့ 24-70 f2.8 ကို Sigma ကတော့ ကွန့်ထားပါတယ်။ 24-35 f2 တဲ့.Zoom ဆွဲစရာမရှိသလောက်ပါပဲ။ Crop မှာဆိုရင်လည်း 18-35 f1.8 ( ff 28-55 f1.8 ) စသဖြင့် ကွန့်ထားတာတော့ရှိပါတယ်။ ဒါပေမယ့် Zoom Range က တိုသွားပါတယ်။ Marketing Moves လို့ပဲပြောရမလားပါပဲ။ နောက်တခါ 70-200 f2.8 အဲဒါကို 70-300 လုပ်ချင်ရင် f2.8 မရတော့ပါဘူး။ 70mm အစား 120-300 f2.8 ဖြစ်သွားပါတယ်။

ဒါမှမဟုတ် 70-300 f4-5.6 ဆိုပြီး Aperture ကို ချရပါတယ်။ နောက်ပြီး Macro လိုချင်ရင် Prime ဖြစ်ပေမယ့် Max Aperture ကို
Zoom လောက်ပဲ ထားရပါတယ်။ f1.4 Lens တွေဆိုရင် Macro မှာ သိပ်မရတာ ဒါကြောင့်ပါ။ All in One Lens တွေမှာဆိုရင်လည်း 24-240 တို့ 28-300 တို့ဆိုရင်လည်း Zoom Range အများကြီးရဖို့ အတွက် Variable Aperture နဲ့ Image Quality ကိုပဲ စတေးရပါတယ်။

ဒါကြောင့် All in One Lens ကလည်း တကယ့် All in One တော့ မဟုတ်ပါဘူး။ ဒီတော့ ဘာလို့ Lens တွေများနေရသလည်းဆိုတော့ တခုတည်းနဲ့ အားလုံးမရနိုင်တဲ့ အပြင် လူတွေက လိုအပ်ချက်အမျိုးမျိုး တတ်နိုင်တဲ့ ငွေပမာဏအမျိုးမျိုး နဲ့ဆိုတော့ တနေရာစီ မှာ ကောင်းတဲ့ Lens တွေကို လိုက်ထုတ်ပေးရင်းနဲ့ အခုလို များနေရတာပါပဲ။ အဲလိုများနေတော့ ရွေးချယ်ရမယ့် သူအတွက်ကပြန်ရှုတ်ထွေးသွားပြန်ပါတယ်။

ဒီတော့ အကြံပေးချင်တာကတော့ အဓိကက

  • ကိုယ်ဘာကို ရိုက်ချင်တာလဲ သေချာစဉ်းစားပါ။
  • Lens တလုံးထဲနဲ့ အားလုံး မရနိုင်တာကိုသိပါ။
  • သူများ ဝယ်တာလိုက်ဝယ်ရုံနဲ့ ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီချင်မှ ကိုက်ညီမှာပါ
  • ဈေးကြီးတိုင်းလည်းကောင်းတာမဟုတ်သလို သက်သာတိုင်းလည်း စွတ်မဝယ်သင့်ပါဘူး။ ကိုယ်တကယ်မသုံးမယ့် Lens ကို မဝယ်ပါနဲ့။
  • Jack of all trade Lens ကို ဝယ်မလား။ ကိုယ်ရိုက်ချင်တာ အတွက် Special ဖြစ်တဲ့ Lens ကောင်းကောင်းကို ဝယ်မလား။ စဉ်းစားပါ။
  • ပြီးရင် ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Lens Range အတွင်းက Lens လေးတွေ အကြောင်းကို လေ့လာပြီး ဝယ်ယူကြပါ။

အဲလိုပဲ အကြံပေးချင်ပါတယ်ခင်ဗျာ…..
Credit #PNAgeartalks #PNAphotography

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top