You are here
Home > Lifestyle > Finance > လစာငွေ $120,000 အထက်ရနိုင်မယ့် နည်းပညာ Language ၉ ခု

လစာငွေ $120,000 အထက်ရနိုင်မယ့် နည်းပညာ Language ၉ ခု

အမေရိကန်လူမျိုး ၆.၇ သန်းကျော်ဟာ နည်းပညာလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်လျှက်ရှိပြီး 2015 တစ်နှစ်မှာကို နည်းပညာလုပ်ငန်းပေါင်း ၂သိန်းခန့် တိုးလာကြောင်း သုတေသနပညာရှင်တွေကဆိုခဲ့ပါတယ်။

ဒီအလုပ်တွေထဲကမှ လစာ ကောင်းကောင်းအလုပ်ကောင်းကောင်းရချင်ရင်တော့ သင့်မှာကျွမ်းကျင်တဲ့ အရည်အချင်းရှိဖို့လိုပါတယ်။

တကယ်လို့ ရှားပါးခက်ခဲတဲ့ နည်းပညာတွေကို ကျွမ်းကျင်သူဆိုရင်တော့ လစာကောင်းကောင်းကို ရမှာပါ။ ဒါပေမဲ့ အဲ့လိုကျွမ်းကျင်လွန်းတဲ့ အရည်အချင်းတွေလိုအပ်တဲ့ နည်းပညာမျိုးအတွက် အလုပ်ကတော့ရှားပါတယ်။

တစ်ချို့အရည်အချင်းတွေက နေရာတိုင်းမှာလိုအပ်ပါတယ်။ဒါပေမဲ့ လစာနည်းတာတောင် ယှဉ်ပြိုင်မှုတွေကတော့အများကြီးပါပဲ။

နည်းပညာကျွမ်းကျင်ဆုံးသူတွေကိုတော့ အလိုရှိတဲ့လုပ်ငန်းများတဲ့အပြင် ပေးတဲ့လစာကိုလဲ အတွန့်တက်လို့ ရနိုင်ပါတယ်။

Paysa လို့ခေါ်တဲ့ သုတေသနဟာ AI ကိုသုံးပြီး လုပ်ငန်းနဲ့ထိုက်တန်တဲ့ လစာပမာဏကို လူတွေကို ဖော်ပြပေးပါတယ်။ ဒါ့ပြင် လစာများအောင် ဘယ်အရည်အချင်းတွေပ်လိုတယ်ဆိုတာကိုလဲ အကြံပေးနိုင်ပါတယ်။ နည်းပညာလုပ်ငန်းတွေမှာ အများဆုံးအလိုရှိတဲ့ လုပ်ငန်းအရည်အချင်းတွေကို ရှာဖွေနိုင်တဲ့ သုတေသနလုပ်ငန်းတစ်ခုဖြစ်ပါတယ်။

248 မျိုးသော skill တွေအတွက် အလုပ်အကိုင်အရေအတွက်နဲ့ ပျမ်းမျှလစာကိုကြည့်နိုင်ပါတယ်။ ဒီထဲမှာ မြို့ပေါင်း ၅၆၉ မြို့မှာရှိတဲ့ ပရိုဂရမ်းမင်း Language ၂၉ ခုပါဝင်ပါတယ်။ ဒီ Skill တွေကတော့ အများဆုံးအလိုရှိကြတဲ့ Skill တွေပါ။

No 9:  $124,475 for PHP

PHP
PHP

 

Paysa ရဲ့ လုပ်ငန်းစာရင်းထဲမှာ PHP က ၅% ပါဝင်ပါတယ်။ web development ပိုင်းအတွက် နာမည်ကြီးတဲ့ Language ဖြစ်ပြီး တခြား ပရောဂျက်တွေအတွက်လဲသုံးကြပါတယ်။ သူကတော့ သင်ရတာလွယ်ကူတဲ့ Language တစ်ခုဖြစ်ပါတယ်။ PHP ကျွမ်းကျင်သူများအတွက် ပျမ်းမျှလစာကတော့ $124,475  ရှိပါတယ်။

No 8:  $126,532 for SQL

SQL
SQL

 

Paysa ရဲ့ လုပ်ငန်းစာရင်းထဲမှာ SQL က ၁၃% ပါဝင်ပါတယ်။ SQL ကတော့ Oracel, noSQL နဲ့ Microsoft SQL တို့လို database တွေနဲ့သုံးရတာဖြစ်ပါတယ်။

Data တွေပေါ် အခြေခံပြီးလုပ်ဆောင်ရတဲ့ တစ်ကမ္ဘာလုံးက စီးပွားရေးလုပ်ငန်းတွေအတွက် ဒီ Database တွေက တော်တော်လေးအရေးပါပြီး နာမည်ကြီးပါတယ်။

SQL အတွက်ပျမ်းမျှလစာကတော့ $126,532 ဖြစ်ပါတယ်။

No 7:  $ 126,177 for PL/SQL

PL/SQL
PL/SQL

 

Paysa ရဲ့ လုပ်ငန်းစာရင်းထဲမှာ PL/Sql က ၅% ပါဝင်ပါတယ်။

သူကတော့ Oracle database ကခွဲထွက်လာတဲ့ Oracle ရဲ့ Programming language တစ်ခုပဲဖြစ်ပါတယ်။ Oracle SQL ကတော့ သူရဲ့ Query တွေကစနစ်တကျရှိတဲ့အတွက် နာမည်ကြီးပါတယ်။ ဒါဆိုရင်တော်တော်များများအလိုရှိကြမယ့် Skill ဖြစ်မယ်ထင်ပါတယ်။

PL/SQL အတွက် ပျမ်းမျှလစာကတော့ $126,177 ဖြစ်ပါတယ်။

No 6: $126,988 for JavaScript

Javascript
Javascript

 

Paysa ရဲ့ လုပ်ငန်းစာရင်းထဲမှာ JavaScript က ၁၁% ပါဝင်ပါတယ်။

သူကလဲ web development အတွက် သင်ရတာလွယ်ကူပြီး တော်တော်လဲနာမည်ကြီးတဲ့ language ဖြစ်ပါတယ်။

JavaScript အတွက် ပျမ်းမျှလစာကတော့ $126,988 ဖြစ်ပါတယ်။

No 5: $129,692 for C#

 

C#
C#

Paysa ရဲ့ လုပ်ငန်းစာရင်းထဲမှာ C# က ၇% ပါဝင်ပါတယ်။

Microsoft ကတိုးတက်ထုတ်လုပ်ထားတဲ့ C# ဟာ C ကနေ ဆင့်ပွားထွက်ပေါ်လာတဲ့ Language ဖြစ်ပါတယ်။ Microsoft ရဲ့ Web Programming Tool တွေက ပရိုဂရမ်မာတွေကို app တွေရေးတဲ့အခါလွယ်ကူစေပါတယ်။

C# အတွက် ပျမ်းမျှလစာကတော့ $129,692 ဖြစ်ပါတယ်။

No 4: $131,962 for Java

Java
Java

 

Paysa ရဲ့ လုပ်ငန်းစာရင်းထဲမှာ Java(JavaScript နဲ့မတူပါဘူး) က ၁၃% ပါဝင်ပါတယ်။

အရမ်းကို နာမည်ကြီးတဲ့ Language ဖြစ်ပါတယ်။ မူလက Sun Microsystem ကဖန်တီးထားပေမဲ့ Oracle ကSun ကိုဝယ်လိုက်တဲ့အတွက် Oracle အပိုင်ဖြစ်သွားပါပြီ။

Java အတွက် ပျမ်းမျှလစာကတော့ $131,962 ဖြစ်ပါတယ်။

No 3: $ 133,691 for C

C Language
C Language

 

Paysa ရဲ့ လုပ်ငန်းစာရင်းထဲမှာ C က ၅% ပါဝင်ပါတယ်။

C ကတော့ Language အများစုရဲ့ အခြေခံဖြစ်ပြီး ကွန်ပျူတာသိပ္ပံပညာအတွက် အဓိကအုတ်မြစ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီခေတ်မှာ သင်ရလွယ်ကူတဲ့ Language တွေအများကြီးရှိရဲ့သားနဲ့ C ကိုဘာကြောင့်သင်မှာလဲဆိုတာ ပရိုဂရမ်မာတွေအငြင်းပွားကြတုန်းပါပဲ။ အလုပ်ရှင်တွေကတော့ coding သမားတွေကို C အကြောင်းသိစေချင်ပါတယ်။

C အတွက်ပျမ်းမျှလစာကတော့ $133,691 ဖြစ်ပါတယ်။

No 2: $ 133,954 for C++

C++
C++

 

Paysa ရဲ့ လုပ်ငန်းစာရင်းထဲမှာ C++ က ၇% ပါဝင်ပါတယ်။သူလဲ Cကနေဆင်းသက်လာတာဖြစ်ပြီး ကျွမ်းကျင်အဆင့် ကုဒ်ရေးတဲ့သူတစ်ယောက်ဖြစ်ချင်ရင် ဒီအခြေခံ language ကိုသင်ရမှာပါ။

C++ အတွက်ပျမ်းမျှလစာကတော့ $133,954 ဖြစ်ပါတယ်။

No 1: $ 139,214 for Perl

Perl
Perl

 

Paysa ရဲ့ လုပ်ငန်းစာရင်းထဲမှာ Perl က ၅% ပါဝင်ပါတယ်။

ဘယ်လိုပရောဂျက်ပဲရေးရေး အဆင်ပြေတဲ့ Perl ဟာလည်း သင်ယူရလွယ်ကူတဲ့ Kanguage တစ်ခုဖြစ်ပါတယ်။

Perl အတွက် ပျမ်းမျှလစာကတော့ $139,214 ဖြစ်ပါတယ်။

 

Myanmar Mobile App မှပြန်လည်ဖော်ပြသည်

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top