You are here
Home > PC & Mobile > Android > Google Pixel ဟာ အကောင်းဆုံး Android ဖုန်းတစ်လုံး ဖြစ်တယ်ဆိုတဲ့ အချက် ၇ ချက်

Google Pixel ဟာ အကောင်းဆုံး Android ဖုန်းတစ်လုံး ဖြစ်တယ်ဆိုတဲ့ အချက် ၇ ချက်

Google Pixel ဟာသင့်အတွက်အကောင်းဆုံး Android ဖုန်းတစ်လုံး ဖြစ်လာပါပြီ ။ ဘာဖြစ်လို့လဲဆိုတော့ သင့်အနေနဲ့ တခြားဖုန်းတွေမှာ ရှာလို့မတွေ့နိုင်တဲ့ အားသာချက်တွေကို ရှာတွေ့နိုင်လို့ပါပဲ။ အောက်မှာ Google Pixel စမတ်ဖုန်းရဲ့ သူမတူတဲ့ လုပ်ဆောင်ချက်တွေကို ပြထားပါတယ်။

Google Assistant ပါဝင်ခြင်း

Google ရဲ့ ဒီဂျစ်တယ်အကူအညီဖြစ်တဲ့ Google Assistant ဟာ ရိုးရိုးလေးနဲ့ မယုံနိုင်အောင်ကိုပဲ ကောင်းမွန်ပါတယ်။ သူလုပ်နိုင်တဲ့အရာအားလုံးကို ချရေးနေဖို့ အချိန်မလောက်ပါဘူး။ တစ်ခုပဲသိထားဖို့ လိုပါတယ်။ သူဟာ Siri နဲ့ တခြားပြိုင်ဘက်တွေကို အရှက်ရစေခဲ့ပါတယ်။ အခုတော့ Pixel ဟာ Google Assistant ပါဝင်တဲ့ တစ်ခုတည်းသော ဖုန်းအမျိုးအစား ဖြစ်ပါတယ်။

Updates တွေကို အလျင်အမြန် ရနိုင်ခြင်း

Android ဖုန်းတွေဟာ ရံဖန်ရံခါမှာသာ update ကို အချိန်နဲ့တပြေးညီရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Samsung လို ထုတ်လုပ်သူတွေဟာ သူတို့ကိုယ်ပိုင် software တွေကို အချိန်ယူပြီး ပြင်ဆင်လေ့ရှိလို့ပါပဲ။ version အသစ်ထွက်ဖို့အတွက် တစ်နှစ်လောက်စောင့်ရတယ်ဆိုတာ Android ဖုန်းအများစုအတွက်တော့ ပုံမှန်လိုဖြစ်နေပါပြီ။

Pixel ကတော့ မတူပါဘူး။ သူဟာ Google ကနေ update တွေကို ဖြစ်နိုင်သမျှမြန်မြန်ရနိုင်တယ်လို့ အာမခံချက်ရှိတဲ့ တစ်ခုတည်းသော Android ဖုန်း ဖြစ်ပါတယ်။ ဒါက တော်တော်လေးကို ကြီးမားပါတယ်။

built-in customer service ပါရှိခြင်း

Pixel ဖုန်းနဲ့ဆိုရင် သင်ဘယ်နေရာရောက်ရောက်၊ နေ့လား ညလား စိတ်မပူပါနဲ့။ 24/7 support ပေးမှာပါ။  Setting ထဲက support ကို နှိပ်လိုက်တာနဲ့ Google က ကျွမ်းကျင်သူတွေက သင့်အနားမှာ ရှိနေမှာပါ။

Share your screen

Pixel မှာ customer support agent နဲ့ 24/7 စကားပြောနိုင်အောင် application တစ်ခု ပါရှိပါတယ်။ Google က ကျွမ်းကျင်သူတွေနဲ့ ဆက်သွယ်နေတဲ့အချိန်မှာ View screen share request ပို့လာတယ်ဆိုရင်တော့ လက်ခံလိုက်ပါ။ သင့်ဖုန်းဘာဖြစ်နေတယ်ဆိုတာ အသေးစိတ်ရှင်းပြစရာမလိုတော့သလို သူတို့ပြောပြတာကိုလဲ သင်အလွယ်တကူနားလည်သွားမှာပါ။

iPhone ကနေ ကူးပြောင်းနိုင်တဲ့ tool ပါဝင်ခြင်း

iPhone ကနေ Android ပြောင်းချင်ပါသလား။ Pixel က လွယ်ကူစေမှာပါ။

Pixel မှာ ပါလာတဲ့ အားသွင်းကြိုးက သင့် iPhoneအဟောင်းကို Pixel နဲ့ တိုက်ရိုက်ဆက်သွယ်ပေးနိုင်ပါတယ်။ iPhone ထဲမှာရှိတဲ့ ဓါတ်ပုံ၊ သီချင်း၊ ဖုန်းနံပါတ်တွေအားလုံးကို အလွယ်တကူ ကူးပြောင်းနိုင်ပါတယ်။

အရည်အသွေးမြင့်မားတဲ့ဓါတ်ပုံတွေကို အွန်လိုင်းပေါ်မှာ အကန့်အသတ်မရှိ အခမဲ့ သိမ်းဆည်းနိုင်ခြင်း

Google Photos မှာ သင့်ရဲ့ ဓါတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို အွန်လိုင်းမှာ အကန့်အသတ်မရှိ အခမဲ့ သိမ်းဆည်းနိုင်ဦးမှာပါ။ သင်ရိုက်လိုက်တဲ့ ဓါတ်ပုံတိုင်းဟာ Google Photos ထဲကို အလိုအလျောက်ရောက်သွားမှာဖြစ်လို့ ပျက်သွားမှာ စိတ်ပူစရာမလိုတော့ပါဘူး။

wireless carriers များမှ ထပ်ဆောင်း application များ မပါဝင်ခြင်း

US ကလာတဲ့ Android ဖုန်းတွေမှာ wireless carriers နဲ့ ဖုန်းထုတ်လုပ်သူတွေရဲ့ အသုံးမဝင်တဲ့၊ ဖုန်းလေးယုံသာတတ်နိုင်တဲ့ ထပ်ဆောင်း application တွေ ပါတတ်ပါတယ်။ Pixel ကတော့ အဲဒီလို application တွေ မပါဝင်ပဲ သင်တကယ်လိုအပ်တဲ့ Google application တွေသာ ပါဝင်မှာ ဖြစ်ပါတယ်။

ဖုန်းပြုလုပ်သူများရဲ့ မလိုအပ်ဘဲပြုပြင်မှုများမှ ကင်းဝေးခြင်း

Android ဖုန်းပြုလုပ်သူအများစုဟာ Google ရဲ့ မူလ version နဲ့ ဘာမှမဆိုင်အောင်ကိုပဲ OS တွေကို ပြင်ဆင်လေ့ရှိပါတယ်။ ဒါဟာ software updates တွေအတွက် များစွာ အဆင်မပြေဖြစ်စေနိုင်ပါတယ်။

Google Pixel ဟာ OS ကို အကောင်းဆုံးအတွေ့အကြုံတွေနဲ့ သုံးနိုင်မဲ့ version သန့်သန့်လေးကို အသုံးပြုထားပါတယ်။ ပြီးတော့ အဲဒီ version ကိုလည်း Pixel နဲ့ အခြား Nexus ဖုန်းအနည်းငယ်မှာသာ ရနိုင်မှာပါ။

Aung Phyo Oo (Myanmar Mobile App)

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top