၆၆ (ဃ) အကြောင်း ဥပဒေ အကြံပြုချက်

0
1148
၆၆ (ဃ) အကြောင်း ဥပဒေ အကြံပြုချက်

၆၆ (ဃ) အကြောင်း ဥပဒေ အကြံပြုချက်” လေးကို ပြန်လည် ဝေမျှကြသူတွေ၊ တုံ့ပြန်သူတွေ ကြားမှာ နားလည်မှု နည်းနည်း လွဲနေတာလေးတွေ ရှိပါတယ်။ အဓိက အချက်တွေကတော့ –

(၁) Password မပေးပါနဲ့
(၂) ကိုယ်တင်တာ မဟုတ်ကြောင်း ငြင်းပါ
(၃) နည်းပညာအရ အတိအကျ သက်သေပြရန် မဖြစ်နိုင်ပါ

– တို့ဖြစ်ပါတယ်။

ဆက်သွယ်ရေးဥပဒေက နည်းဥပဒေထုတ်ပြန်ပြီး Password တွေ ပါ သိမ်းရမယ်လို့ သတ်မှတ်မထားပါဘူး။ တရားစွဲတဲ့သူကတောင် ဥပဒေကို လိုသလို သုံးသေးတာပဲ၊ ကိုယ်ကလည်း “ဥပဒေက Password ပေးရမယ် ပြောမထားလို့ မပေးနိုင်ဘူး” လုပ်ရမှာပါပဲ။ တရားရုံးအမိန့် အတိအကျ မပါပဲ ရဲတောင်းယုံနဲ့ ပေးစရာ မလိုပါ။

ကိုယ်တင်တာ မဟုတ်ကြောင်း ငြင်းပါဆိုတာ “လိမ်ခိုင်းတာ” မဟုတ်ပါဘူး။ Print ထုတ်ထားတဲ့ Screenshot ကိုပြပြီး “ဒါမင်းတင်တာ၊ ဟုတ်မှန်ကြောင်း လက်မှတ် ထိုးပါ” ဆိုရင် မထိုးစေချင်လို့ ပြောတာပါ။

မူရင်းပိုစ့်က ကိုယ်တင်တာ မှန်ပေမယ့် အဲ့ဒီ ပို့စ်ကို Facebook က လိုအပ်သလို မွန်းမံ ဖော်ပြတဲ့အတွက်၊ သက်သေခံ ဥပဒေအရ အဲ့ဒီလို မွန်းမံဖော်ပြချက်ကို သက်သေ အဖြစ် လက်မခံရပါ။ တစ်ကယ့်သက်သေ စစ်စစ်ကို လိုချင်ရင် ကိုယ်တင်လိုက်တဲ့ အတိုင်း အတိအကျ (တစ် Byte မှ မလွဲ) သိမ်းဆည်းထားတဲ့ Facebook Server ကနေ သွားယူပါ။ အဲ့ဒီလို ယူလာရင် လက်မှတ်ထိုးပေးလိုက်ပါ။ ဘယ်လို ယူရမလဲက ကိုယ့်အလုပ် မဟုတ်ပါဘူး။ တရားစွဲတဲ့သူ လုပ်ရမယ့် အလုပ်ပါ။ ဒါကြောင့် “ကိုယ်တင်တာ မဟုတ်ကြောင်း ငြင်းပါ” ဆိုတာ Print ထုတ်ပြီး စာရွက်နဲ့လာပြတဲ့ Facebook Screenshot ကို ကိုယ်တင်တာပါလို့ ဝန်ခံ လက်မှတ် မထိုးပါနဲ့လို့ ပြောတာပါ။

နောက်တစ်ချက်ဖြစ်တဲ့ နည်းပညာအရ သက်သေပြရန် မဖြစ်နိုင်ပါဆိုတာ၊ ကိုယ့်ရဲ့ IP Address, MAC, SIM တို့နဲ့ သက်သေပြလို့ ရကောင်း နိုင်ပါတယ်။ အဲ့ဒီလောက်ထိ ပြနိုင်ရင်တော့ ပြပါစေ။ အဲ့ဒီလောက် မပြနိုင်ပဲ Account Name, Profile Picture တစ်ခုတည်းနဲ့တော့ လာမလုပ်ပါနဲ့။ Account တု ဖြစ်နိုင်ပါတယ်။ Account Hack ခံရတာ ဖြစ်နိုင်ပါတယ်။ သူများက Hake ပြီး Edit လုပ်သွားတာ ဖြစ်နိုင်တဲ့။ Photoshop နဲ့ လုပ်ကြံပြီး Print ထုတ်ထားတာ ဖြစ်နိုင်ပါတယ်။ အဲ့ဒီလို မဟုတ်တာ သေချာကြောင်း သူ့ဘက်က သက်သေပြပါ။ တရားစွဲသူက ဥပဒေကို လိုသလို သုံးနေချိန်မှာ ကိုယ်ကလည်း အလွယ် ငြိမ်ခံလို့တော့ ဘယ်ဖြစ်မလဲ။ ကိုယ့်အတွက် ဥပဒေ ဘောင်ထဲက အကာအကွယ် ဖြစ်မယ့် အကာအကွယ်နဲ့ ရပိုင်ခွင့်တွေကို ရသလောက် ယူရမှာပေါ့။

ပြီးတော့ အခုလိုတွေ ပြောနေလို့၊ ၆၆ (ဃ) ကို အားရပါးရ ချိုးဖောက် ကြပါလို့ ပြောနေတာ မဟုတ်ဘူးနော်။ အဲ့ဒီလို အဓိပ္ပါယ် တစ်လုံးမှ မပါဘူး။ ကိုယ့်ဟာကို အဲ့ဒီလို အဓိပ္ပါယ်ကောက်ရင် ကိုယ့်ဒေါသနဲ့ ကိုယ်ပဲ။ ” ဖြစ်လာခဲ့ရင်” ကိုယ့်အခွင့်အရေးကို ကိုယ်သိဖို့ ပြောပြနေတာ။
ဒါပါပဲ။ မူရင်းပိုစ့်က အတိုချုပ် လိုရင်ရေးထားတာမို့ ဒါတွေ ထည့်ရေး မပေးလိုက်တာပါ။

ကိုအိမောင် Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.