InternetLifestyleTechnology ExplainedUncategorized

5G ဆိုတာ ဘာလဲ။

0

ဖုန်းနဲ့အင်တာနက်စသုံးလို့ရတဲ့အချိန်ကစပြီး ကျွန်တော်တို့ တော်တော်များများ 2G, 3G, 4G တွေနဲ့ ရင်းနှီးခဲ့ပြီးပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုပြောနေကြတဲ့ 5G ဆိုတာက ဘာလဲ။ 3G support လုပ်တဲ့ဖုန်းတွေဆို အင်တာနက် စသုံးလို့ရပြီဆိုတာ သိကြပါတယ်။ ဒါပေမယ့်​ လူတွေက 3G speed လောက်နဲ့ အင်တာနက်သုံးလာတာ မ၀ကြပါဘူး။ ပိုမိုမြန်ဆန်တဲ့ အင်တာနက်နဲ့ အသုံးပြုချင်လာတာကြောင့် 4G network တွေပေါ်လာပါတယ်။ 4G ရဲ့ တစ်ကယ်တမ်း data transfer speed က 2GBs ရှိပါတယ်။ တစ်ကယ်တမ်း​ 4G ကောင်းတဲ့ နိုင်ငံတွေဆို အဲ့ speed သေချာပေါက်ရပါတယ်။ 5G ရဲ့ speed က 20GBs ရှိပါတယ်။ 5G speed က 4G ထက်ကို အဆပေါင်းများစွာ ပိုမြန်ပါတယ်။ ဒီမှာ မေးခွန်းမေးစရာ ရှိပါတယ်။ လူတွေက 4G သုံးနေတာ အဆင်ပြေနေတာတောင် 5G လောက် speed ကို သုံးချင်နေကြတယ်။ တစ်ကယ်ရော လိုအပ်ပါသလား။

တစ်ချို့အဆောက်အဦးတွေထဲမှာ ဖုန်းလိုင်းမမိတာမျိုးတွေ အင်တာနက်သုံးလို့မရတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးကို လူတိုင်းကြုံတွေ့ရဖူးမှာပါ။ 3G သုံးစဉ်ကာလက လူတိုင်းဒီအဖြစ်အပျက်မျိုးကို ကြုံတွေ့ဖူးမှာပါ။ 4G  မှာတော့ ဒီလိုအဖြစ်မျိုး နည်းလာပါတယ်။ ဒါကဘာလို့လဲဆိုတော့ transmitter က လွှတ်တဲ့ wave က အားကောင်းပြီး အဆောက်အဦးတွေထဲထိ ရောက်နိုင်လို့ပဲဖြစ်ပါတယ်။ အခုလာမယ့် 5G မှာဆိုရင် ဒီထက်ပိုပြင်းတဲ့ wave တွေလာပါလိမ့်မယ်။ ဆိုလိုတာက ဘယ်နေရာရောက်ရောက် လိုင်းမပျောက်နိုင်တော့ဘူးလို့ဆိုပါတယ်။ Operators တွေကလည်း မြို့ရွာ ကျေးလက်မကျန် တိုင်တွေ အများကြီး လိုက်ထူပါလိမ့်မယ်။

ရည်ရွယ်ချက်နဲ့ ဆိုးကျိုးများ။

ရည်ရွယ်ချက်က လူတိုင်းဖုန်းပွတ်ပြီး hello လုပ်နိုင်ဖို့အတွက် 5G ဖြစ်လာတာမဟုတ်ပါဘူး။ ဒီနေ့ခေတ်မှာ ကားတွေကို အလိုအလျောက်မောင်းနှင်နိုင်တဲ့စနစ်တွေနဲ့  drones တွေ connection မပြတ်တောက်ရေးတွေအတွက် 5G network တွေပေါ်ပေါက်လာခြင်းဖြစ်တယ်။ မကြာတော့မယ့် အနာဂတ်တွေမှာ လူတွေအတွက်အကျိုးပြုမယ့် device တွေကလည်း အင်တာနက်လိုပြီး ကြားထဲမှာ မြန်ဆန်ပြီး stable ဖြစ်တဲ့ network တွေလိုတာကြောင့်  5G တွေပေါ်လာခြင်းဖြစ်ပါတယ်။ 5G ကို သုံးချင်ရင်တော့ ၂၀၂၀ ခုနှစ်နောက်ပိုင်းမှ သုံးလို့ရမှာဖြစ်ပြီး လက်ရှိမှာ 5G ကို support လုပ်မယ့် ဖုန်း company တောင် ငါးခုပဲရှိပါသေးတယ်။ ဆိုးကျိုးပြောရမယ်ဆိုရင် တစ်လောက 5G wave ကို စမ်းသပ်ပြီး လွှတ်ကြည့်စဉ်က wave  ပြင်းတာကြောင့် ငှက်တွေ မခံနိုင်ပဲ သေတာကို တွေ့ရပါတယ်။ နည်းပညာတိုးတက်လာတာနဲ့အတူ သဘာ၀ပတ်ဝန်းကျင်တွေလည်း ထိခိုက်လာပါတယ်။ 5G ရဲ့အနာဂတ်ကိုတော့ ၂၀၂၀ ကုန်မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

ငွေရေးကြေးရေး app တွေက ပိုက်ဆံဘယ်လိုရှာသလဲ။

Previous article

Mac အသုံးပြုသူတွေအတွက် Pdf format တွေမှာ sign ဘယ်လိုထိုးမလဲ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Internet