You are here
Home > Hardware > Technology Explained > 4K Displays လေးခုကို တစ်ချိန်တည်းမှာ လုပ်ဆောင်နိုင်မဲ့ ၁၅လက်မ MacBook Pro

4K Displays လေးခုကို တစ်ချိန်တည်းမှာ လုပ်ဆောင်နိုင်မဲ့ ၁၅လက်မ MacBook Pro

၁၃လက်မနဲ့ ၁၅လက်မ MacBook Pro တွေဟာ Intel’s quad-core Skylake CPUs နဲ့ AMD’s Radeon Pro GPU တွေကြောင့်အရင်မျိုးဆက်တွေထက် ပိုမိုမြန်ဆန်ပါတယ်။ graphical horsepower နဲ့ bandwidth များများကို ထောက်ပံ့ပေးနိုင်တဲ့ Thunderbolt 3.0 ports ပါဝင်မှုက ရုပ်ထွက်ကို တော်တော်လေး မြင့်မားအောင် ပြသပေးနိုင်ပါတယ်။

အားကောင်းလှတဲ့ Radeon Pro GPU

အားကောင်းလှတဲ့ Radeon Pro GPU ပါဝင်တဲ့ ၁၅လက်မ MacBook Pro ကတော့ တစ်ချိန်တည်းမှာပဲ 4K displays လေးခုလောက်ကို လုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ built-in Retina Display အပြင် ပါဝင်ခြင်းပဲ ဖြစ်ပါတယ်။ external 5K displays နှစ်ခုလောက်ကိုလည်း ပြသနိုင်ပါသေးတယ်။ displays အားလုံးဟာ 60Hz ရှိတဲ့ ရုပ်ထွက်ပေါ်မှာ မောင်းနှင်ထားတာဖြစ်ပြီး ၁၂လက်မ MacBook ကတော့ 4K displays ကို 30Hz ပေါ်မှာ မောင်းနှင်ထားတာဖြစ်ပါတယ်။

null

၁၃လက်မ MacBook Pro ဟာ external AMD GPU မပါတဲ့အတွက်ကြောင့် Intel’s Iris GPU အပေါ်မှာပဲ မှီခိုနေရပါတယ်။ ၁၅လက်မလောက်တော့ ရုပ်ထွက်ကောင်းကောင်းမရနိုင်ပါဘူး။ 60Hz ပေါ်မှာ 4K displays နှစ်ခု သို့မဟုတ် 60Hz ပေါ်မှာ 5K display တစ်ခုသာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ built-in Retina Display ကို မောင်းနှင်ထားမှသာ အထက်ပါ display တွေကို အသုံးပြုလို့ရမှာဖြစ်တယ်ဆိုတာတော့ သတိထားဖို့ လိုပါတယ်။

Thunderbolt 3.0

MacBook Pro တွေဟာ Thunderbolt 3.0 ထောက်ပံ့ပေးထားတဲ့ USB Type-C ports လေးခုပါဝင်တဲ့အတွက် ဘယ်အပေါက်ကနေဖြစ်ဖြစ် အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ USB Type-C port ကို မလိုချင်ဘူးဆိုရင်တော့ HDMI/VGA adapter ကိုလည်း အသုံုးပြုနိုင်ပါတယ်။

Aung Phyo Oo (Myanmar Mobile App)

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top