AndroidTech News

3500mAh ဘက်ထရီနှစ်ခု ပါဝင်သည့် M2017 ဟန်းဆက်ကို Gionee တရားဝင် မိတ်ဆက်

0
3500mAh ဘက်ထရီနှစ်ခု ပါဝင်သည့် M2017 ဟန်းဆက်ကို Gionee တရားဝင် မိတ်ဆက်
3500mAh ဘက်ထရီနှစ်ခု ပါဝင်သည့် M2017 ဟန်းဆက်ကို Gionee တရားဝင် မိတ်ဆက်

3500mAh ဘက်ထရီနှစ်ခု ပါဝင်သည့် M2017 ဟန်းဆက်ကို Gionee တရားဝင် မိတ်ဆက်

ကောလာဟလ သတင်းများအတိုင်းပင် တရုတ်ဟန်းဆက် ကုမ္ပဏီ Gionee က M2017 ဟုခေါ်သည့် အံ့အားသင့်ဖွယ် specification များပါဝင်သော ဟန်းဆက်သစ် တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။

Gionee M2017 တွင် 3,500mAh ဘက်ထရီနှစ်ခု ပါဝင်သောကြောင့် စမတ်ဖုန်းကို 7,000mAh ဘက်ထရီဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါဖုန်းဖြင့် ဗီဒီယိုကို မနားတမ်းကြည့်ရှုရာတွင် ၂၆ နာရီအကြာ ကြည့်ရှုနိုင်မည်ဟု Gionee မှ ပြောကြားခဲ့သည်။ ၅.၇ လက်မ ဖုန်း၏ display resolution က 2560 x 1440 ဖြစ်ပြီး 6GB RAM, octa-core Qualcomm Snapdragon 653 processor နှင့် Android 6.0 Marshmallow ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

Gionee M2017 ၏ ကျောဘက်တွင် ကင်မရာနှစ်ခု ပါဝင်ပြီး တစ်ခုက 12MP sensor ဖြစ်ကာ ကျန်တစ်ခုက 13MP ဖြစ်သည်။ အရှေ့ဘက်ကင်မရာက 8MP ဖြစ်ပြီး လက်ဗွေဖတ်စနစ်ကို ထောက်ပံ့ပေးထားသည်။ သို့ရာတွင် microSD card slot နှင့် ၃.၅ မီလီမီတာ နားကြပ်ပေါက် ပါဝင်ခြင်း မရှိပေ။

Gionee M2017 ကို တရုတ်နိုင်ငံတွင် ဗားရှင်းနှစ်မျိုးဖြင့် ရောင်းချမည်ဖြစ်သည်။ 128GB ဗားရှင်းအတွက် ၆,၉၉၉ ယွမ် (၁,၀၁၀ ဒေါ်လာ) ကျသင့်မည်ဖြစ်ပြီး 256GB အတွက် ၁၆,၉၉၉ ယွမ် (၂,၄၄၆ ဒေါ်လာ) ကျသင့်မည်ဖြစ်သည်။ တရုတ်နိုင်ငံပြင်ပ၌ ရောင်းချမည့်အချိန်ကိုမူ ကုမ္ပဏီမှ ပြောကြားခဲ့ခြင်း မရှိပေ။

Ref: AndroidAuthority

အင်တာနက်ဂျာနယ်မှ ကူးယူဖော်ပြသည်။

Facebook Messenger မှ အရေးကြီး အချက်အလက်များ လုံခြုံစွာ ပေးပို့နည်း

Previous article

Xiaomi က Mi Notebook Air 4G ကို မိတ်ဆက်

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Android