အခုပဲ ကြည့်သင့်တဲ့ Hacking Movies ၁၁ ခု

0
1549
အခုပဲ ၾကည့္သင့္တဲ့ Hacking Movies ၁၁ ခု
အခုပဲ ကြည့်သင့်တဲ့ Hacking Movies ၁၁ ခု

ဒီနှစ်ပိုင်းအတွင်းမှာပဲ ဟောလီးဝုဒ်မှာ ဟက်ကာတွေ အကြောင်း ရိုက်ပြထားတဲ့ ရုပ်ရှင်တွေ ထွက်ပေါ်ခဲ့ပါတယ်။ နည်းပညာ ဝါသနာပါသူများအတွက်တော့ ဟက်ကာတွေရဲ့ အံ့မခန်းနည်းလမ်းတွေကို လေ့လာရမှာပါ။ အောက်မှာတော့ အကောင်းဆုံး Hacking Movies ၁၁ ခုကို ဖော်ပြလိုက်ပါတယ်။

၁။ Algorithm (2014)

Algorithm ဇာတ်ကားကတော့ ထိပ်တန်းလျှို့ဝှက်ထားတဲ့ အစိုးရ ကန်ထရိုက်တစ်ယောက်ရဲ့ စီမံကိန်းနဲ့ ပတ်သက်တဲ့ ဒေတာများကို ခိုးယူသွားတဲ့ Freelance Computer Hacker တစ်ယောက်ဖြစ်တဲ့ Will ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

၂။ WarGames (1983)

ဒီဇာတ်ကားကတော့ အစိုးရရဲ့ စူပါ ကွန်ပြူတာကို မတော်တဆ ဟက်ခဲ့မိပြီး တတိယကမ္ဘာစစ်ကို မီးမွှေးခဲ့တဲ့ အထက်တန်းကျောင်းသား လူငယ်ဟက်ကာတစ်ယောက်အကြောင်းကို ဖော်ညွှန်းထားပါတယ်။

၃။ Hackers (1995)

Angelina Jolie နဲ့ Jonny Lee Miller တို့က လူငယ် ဟက်ကာများအဖြစ် သရုပ်ဆောင်ထားပါတယ်။ Miller ဟာ သူ့ရဲ့ ၁၈ နှစ်ပြည့်မွေးနေ့ မတိုင်ခင်မှာ လုံး၀ အသုံးပြုလို့ မရအောင် ကွန်ပြူတာများစွာကို ဟက်ခဲ့ပါတယ်။ ဟက်ကာတွေ သင့်ရဲ့ ကွန်ပြူတာတွေရဲ့ အသေးစိတ်သတင်းအချက်အလက်တွေကို Social Engineering စွမ်းရည်များနဲ့ ဘယ်လို ဟက်သလဲဆိုတာ သိချင်ရင်တော့ ဒီကားက မဖြစ်မနေကြည့်သင့်တဲ့ ကားပါ။

၄။ The Matrix (1999)

အကောင်းဆုံး သိပ္ပံဇာတ်ကားတွေထဲက တစ်ခုပါ။ ဒီကားမှာ စိတ်ကူးယဉ်ကမ္ဘာတစ်ခုကို ဆော့ဝဲများက ထိန်းချုပ်ထားပြီး လူသားများကို ရှင်သန်စေပါတယ်။ ဟက်ကာတစ်ယောက်ဖြစ်တဲ့ Neo က ဒီအဖြစ်မှန်ကို သိသွားတဲ့အခါမှာ ဆော့ဝဲတွေကို ရင်ဆိုင်တိုက်ခိုက်တဲ့ အကြောင်းကို ရိုက်ကူးထားပါတယ်။

၅။ Takedown (2000)

ဒီကားကတော့ နာမည်ကျော် အမေရိကန် ဟက်ကာ Kevin David Mitnick ရဲ့ ဘဝကို အခြေခံထားပါတယ်။ သူ့ဘဝအကြောင်း ရေးသားထားတဲ့ Tsutomu Shimomura စာအုပ်ကို အခြေခံ ဇာတ်အိမ်တည်ထားပါတယ်။ သူဟာ နှစ်အနည်းငယ်ကြာ ထောင်ချခံခဲ့ရပြီး အခုတော့ ဝင်ငွေကောင်းတဲ့ အိုင်တီ လုံခြုံရေး အတိုင်ပင်ခံ ၊ စာရေးသူနဲ့ ဟောပြောသူ ဖြစ်နေပါပြီ။

၆။ The Italian Job (2003)

The Italian Job ဟာ ၁၉၆၉ ခုနှစ်မှာ ဖြန့်ချီခဲ့တဲ့ ဇာတ်ကားကိုပဲ ဆန်းသစ်ထားတာဖြစ်ပါတယ်။ မီးပွိုင့်များနဲ့ Devices များကို ဟက်နိုင်တဲ့ Lyle အဖြစ် သရုပ်ဆောင်ထားတဲ့ Seth Green ရဲ့ သရုပ်ဆောင်မှုကို အဓိက ကြည့်ရမှာပါ။

၇။ Live free or die hard (2007)

Die Hard 4 လို့ သိကြတဲ့ Live free or die hard ဟာ ၂၀၀၇ ခုနှစ်ထွက် အမေရိကန် အက်ရှင်ကားဖြစ်ပြီး Timothy Olyphant က ဟက်ကာအဖြစ် သရုပ်ဆောင်ထားပါတယ်။ သူက အစိုးရပိုင်ငွေများကို ဒေါ်လာ ထရီလီယမ်နဲ့ ချီပြီး သူ့ဘဏ်အကောင့်ထဲကို ခိုးယူဖို့အတွက် အမေရိကန် အစိုးရရဲ့ ကွန်ပြူတာတွေကို ဟက်ခဲ့တဲ့ အကြောင်းကို ကြည့်ရမှာပါ။

၈။ Blackhat (2015)

Chris Hemsworth ရဲ့ အသစ်ထွက်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီကားမှာ ဟက်ကာတွေက တရုတ် နယူူးကလီးယား စက်ရုံကို ဟက်တဲ့ အကြောင်းကို လေ့လာရမှာပါ။ တစ်ချိန်ထဲမှာပဲ သူတို့က စတော့ အိပ်ချိန်းကို ဟက်ခဲ့ပြီး ဘဏ်ကနေ ဒေါ်လာ သန်းချီခိုးခဲ့ပါတယ်။ ဒီကားမှာ အနက်ရောင် ဟက်ကာတွေက အစိုးရကို ခြိမ်းခြောက်တာကို လေ့လာရမှာပါ။

၉။ Untraceable (2008)

ဒီကားမှာ KillWithMe.com ဝက်ဆိုက်မှာ လူသတ်တာကို တိုက်ရိုက် ဗီဒီယို ပြသတဲ့ စိတ္တဇ လူသတ်သမားအကြောင်းကို ကြည့်ရမှာ ဖြစ်ပါတယ်။ လူတွေ သန်းနဲ့ချီပြီး ဝက်ဆိုက်ထဲကို Logon ဝင်တာနဲ့ လူသတ်သမားက သတ်ဖြတ်တာ ဖြစ်ပါတယ်။

၁၀။ Eagle Eye (2008)

ဒီကားမှာ လူ ၂ ယောက်ဟာ အမျိုးသမီး ၁ ယောက်ရဲ့ဖုန်းကို လက်ခံမိကြပါတယ်။ အမျိုးသမီး ဖုန်းကနေ ခိုင်းတာကို လိုက်မလုပ်တာနဲ့ သေဆုံးမှာ ဖြစ်ပါတယ်။ အစိုးရ ကွန်ပြူတာ ကွန်ရက်များကို စူပါကွန်ပြူတာက ဘယ်လို ဟက်လဲဆိုတာ လေ့လာရမှာပါ။

၁၁။ Fifth Estate (2013)

နာမည်ကျော် သြစတြေးလျ လူမျိုး Julian Assange ရဲ့ အကြောင်းကို လေ့လာရမယ့် ကားဖြစ်ပါတယ်။ သူက အမေရိကန် စစ်ဌာနချုပ် ပန်တဂွန်၊ စီးတီးဘဏ်၊ နာဆာနဲ့ စတန်းဖို့ဒ် တက္ကသိုလ်များရဲ့ ကွန်ပြူတာများကို ဟက်ခဲ့ပါတယ်။

ref : tech worm

Digital Time မှ ကူးယူဖော်ပြသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.