မြန်မာနိုင်ငံတွင် 4G ကွန်ရက်ဝန်ဆောင်မှုကို ပထမဆုံးပေးအပ်သော အူရီဒူးမြန်မာမှ ၎င်းရဲ့ Facebook ပေ့ချ်တွင် အူရီဒူးကို အားပေးတဲ့ ပရိသတ်ပေါင်း ၄သန်းပြည့်ခြင်းကို ကျေးဇူးတင်ဂုဏ်ပြုတဲ့အနေဖြင့် #Ooredoo4M ပျော်ရွှင်ဖွယ်ရာ အထိမ်းအမှတ်အစီအစဉ်ကို ကျင်းပမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ အူရီဒူး Facebook Page ကို အားပေးသူပေါင်း ၄သန်းပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ #Ooredoo4M ပျော်ရွှင်ဖွယ်ရာ အထိမ်းအမှတ်အစီအစဉ်ကို ကျင်းပခြင်းဖြစ်ပါတယ်။
ဘယ်လိုပါဝင်ရမလဲ
အူရီဒူး Facebook ပရိသတ်များအနေနဲ့ http://bit.ly/ooredoo4m သို့သွားရောက်ပြီး အူရီဒူးဘောင်ပါဝင်တဲ့ ဓာတ်ပုံကို Profile အဖြစ် Public တင်ပေးပြီးနောက် screenshot ရိုက်ပြီး message box မှ တဆင့် မိမိအသုံးပြုသော အူရီဒူးဖုန်းနံပါတ်နဲ့အတူ #Ooredoo4M လို့ ရေးသားပြီး အဆိုပါ screenshot ကို ၂၀၁၆ခုနှစ် အောက်တိုဘာလ ၂၈ရက်၊ နေ့လည် ၁၂နာရီ မတိုင်ခင် နောက်ဆုံးထားပြီး ပေးပို့ရမှာဖြစ်ပါသည်။ Facebook Account တစ်ခုလျင် တစ်ကြိမ်သာ ပါဝင်ခွင့် ရှိပါမှာဖြစ်ပါတယ်။
ကံစမ်းအစီအစဉ်
အူရီဒူးမှ ကံထူးသူ အယောက် ၄၀ကို ကျပန်းရွေးချယ်ပေးသွားမှာဖြစ်ပြီး ကံထူးသွားသည့်သူများကို အူရီဒူးမြန်မာ၏ ချန်ပီယံများမှ ဖုန်းဖြင့်လည်းကောင်း၊ စာတိုပေးပို့၍လည်းကောင်း ဆက်သွယ် အကြောင်းကြား ပေးသွားမှာဖြစ်ပါသည်။ ထိုနောက် အူရီဒူးမြန်မာ ဖုန်းငွေဖြည့်လက်ဆောင် ကျပ်၁၀၀၀၀ကို ကံထူးရှင်များထံသို့ တိုက်ရိုက်ငွေဖြည့်ပေးချင်းဖြင့် ချီးမြှင့်ပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။
Ref:momolay
Comments