HardwareProduct Reviews

၁၀ ဒေါ်လာအောက် နားကြပ်က ပေးသည့် ဒေါ်လာ ၁၀၀တန် စွမ်းဆောင်ရည်။

0

ဒီနေ့တစ်ရာကျော် brand ထဲက နားကြပ်နာမည်တွေ ကြည့်ကြည့်ပါ။ ဒီနေ့တစ်နေ့လုံးတောင် ကုန်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ၁၀ ဒေါ်လာဝန်းကျင်က အကောင်းဆုံး နားကြပ်တွေကို ရှာကြည့်ပါ။ တော်တော်လေး ရွေးရခက်ပါတယ်။ ဘာလို့လဲဆိုတော့ အရည်အသွေးက တစ်ပတ်ခံ နှစ်ပတ်ခံတွေ ဖြစ်နေလို့ပါပဲ။ မြန်မာဘန်းစကားအရ ပြောမယ်ဆို ပေါချောင်ကောင်းထဲက အကောင်းဆုံး နားကြပ်စ်ခုကို စာဖတ်သူ ပရိတ်သတ်ကြီးအတွက် မိတ်ဆက်ပေးပါရစေ။

အခုပြောမယ့် အကြောင်းအရာက ကြော်ညာလည်းမဟုတ်ပါဘူး။ မြန်မာ ပရိတ်သတ်တွေအတွက် ပစ္စည်းကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်လို့ ရေးရခြင်းဖြစ်ပါတယ်။ နာမည်ကတော့ Yincrow X6 ပဲ ဖြစ်ပါတယ်။ ထုံးစံအတိုင်း ပေါချောင်ကောင်းနာမည်နဲ့အညီ made in china ပါ။ Aliexpress မှာ ဝင်ကြည့်လို့ရပါတယ်။ ဆယ်ဒေါ်လာအောက်ပါပဲ။ မပြောပစလောက် shipping feesနဲ့ ပေါင်းရင်တော့ ဆယ်ဒေါ်လာ စွန်းပါလိမ့်မယ်။

ဒီဇိုင်းပိုင်းက အရင်iPod နားကြပ်ပုံစံနဲ့လာပါတယ်။ နူးညံ့တဲ့ ဖော့အစွပ်လည်း ပါတာကြောင့် နားမှာ သက်တောင့်သက်သာ ဖြစ်စေပါတယ်။ Old schoolနားကြပ်ပုံစံ ကြိုက်တဲ့လူတွေအတွက်တော့ စိတ်ကြိုက်တွေ့စေမယ့် နားကြပ်ပဲ ဖြစ်ပါတယ်။ ကောင်းတဲ့အချက်တွေက တော့ အပေါ်က ပြောခဲ့တဲ့အတိုင်းပါပဲ။ စဉ်းစားဖို့သင့်တဲ့ အချက်တွေက စကားပြောတဲ့ microphone မပါတဲ့အတွက် ဖုန်းပြောတဲ့အခါမှာ ဖုန်းကို ကိုင်ပြီး ပြောရပါမယ်။ တစ်ခြား ဈေးကြီးကြီး နားကြပ်တွေလို အပြင်က အသံကိုလျှော့ချမပေးတဲ့အတွက် အရမ်းဆူတဲ့ ပတ်ဝန်းကျင်မှာဆို သီချင်းကောင်းကောင်း နားထောင်လို့ရမှာ မဟုတ်ပါဘူး။

Brand တွေနဲ့နှိူင်းယှဉ်ကြည့်ရအောင်။
နာမည်ကြီး brand တွေဖြစ်တဲ့ apple , philips နဲ့ sony တို့နီးပါး sound quality ရရှိမှာ ဖြစ်တယ်။ ဒါ့အပြင် beat တို့လို နားကြပ်အိတ်လေးပါ ပါတဲ့အတွက် သင့်နားကြပ်ကို ကာကွယ်မှူပေးမှာ ဖြစ်ပါတယ်။ ဈေးလည်းပေါရမယ်၊ quality လည်း ကောင်းရမယ်ဆို အခုပြောပြတဲ့ Yincrow X6 ကိုလည်း စဉ်းစားဖို့မမေ့ပါနဲ့။

Win Thet Oo
Think Different! Do what you love! Love what you do!

သင့်အတွက် အကောင်းဆုံး Graphic Card ကို ဘယ်လိုရွေးချယ်မလဲ။

Previous article

နာမည်တစ်လုံးတည်းနဲ့ Chromebook

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Hardware