EntertainmentPC & MobileTech NewsTechnology ExplainedWindows

ရှေ့ပေါက်တွေက စိတ်မချရဘူး…

0

#ရှေ့ပေါက်တွေက စိတ်မချရဘူး#

တနေ့ကပေါ့… ကွန်ပျူတာ ဆားဗစ်သွားရတယ်… အမည်းရောင် screen မှာ စာတန်းအဖြူလေးတွေ ပေါ်တယ်.. ပြီးရင် shut down ကျကျသွားတယ်တဲ့… အော်… ဒါဆို.. window မတက်တာဘဲ ဆိုပြီး… window အခွေလေး ယူသွားတယ်…

ရောက်တော့ စာတန်းက သိပ်မမှတ်မိချင်ဘူး.. မြန်မာလို ဘာသာပြန်ကြည့်တာပဲ မှတ်မိတယ်… ” မင်းရဲ့ USB ပစ္စည်းတွေက Over Current ဖြစ်နေပါတယ်တဲ့ ” ” Bios Setting ကို ပြန်ချိန်ပါတဲ့ ” ” မဟုတ်ရင် နောက် 15 sec ဆို shut down ချပါမယ်တဲ့ ” ဒီတော့ ကိုယ်လဲ ရွှေဉာဏ်တော် စူးသွားတယ်… အိုကေ… CMOS Battery လဲ လိုက်ရင် အိုကေပေ့ါ.. လဲလိုက်တယ်… အဆင်မပြေဘူး… ဒါနဲ့ CMOS ထဲ ဝင်မရတာ.. ကီးဘုတ်ကြောင့်ပဲ ဆိုပြီး… PS2 Keyboard လိုက်ရှာတယ်… တရုံးလုံး USB KB တွေချည်းပဲ…အာ ပျားတုပ်ပြီဆိုပြီး… ထပ်စဉ်းစားတယ်.. လက်ကလဲ တခုခုများ Losse လားဆိုပြီး စမ်းတော့ အာ… CPU Fan က လှုပ်တုတ်လှုပ်တုတ်နဲ့… ဒါဆို ကျိန်းသေပြီဆိုပြီး… ဖြုတ် ပြန်တပ်ပေါ့… ပြန်တပ်တော့လဲ လှုပ်တုတ်လှုပ်တုတ်ပဲ… ဒါဆို Fan မကောင်းလို့ Heat တက်တာပေါ့… ကဲ.. မထူးဘူး… သေချာတပ်မယ်ဆိုပြီး လုပ်တယ်…နိုးးးးးးးးးးး… မအိုကေပြန်ဘူး… စိတ်လဲ ညစ်သွားတယ်… မိန်းမကို တယောက်ထဲ ပြန်လွှတ်လိုက်ရတာ.. စိတ်ကမချလို့.. မြန်မြန်ပြင်ပြီးရင် ပြန်မယ်လုပ်ထားတာ မပြီးနိုင်ဘူး…ကဲကွာ.. Motherboard ကပဲ ရှော့ရှိတာလားဆိုပြီး … ထပ်ဖြုတ်လိုက်တယ်… တစ စီကို ဖြုတ်ပြီး အပြင်မှာ ပြန်ဆင်လိုက်တယ်… အဲဒီတော့ အိုကေသွားတယ်…

ကဲ.. ဆရာရေ ရပြီဆိုတော့… ပရင်တာလေး ကြည့်ပေးသွားဦးနော်တဲ့.. USB ရှေ့ပေါက်က သိပ်မကောင်းဘူး ထင်တယ်တဲ့… တချက်တချက် လွတ်တယ်တဲ့… ဟုတ်တယ် ညီရေ… အဲဒီ အပေါက်တွေက ဗို့လဲ မမှန်သလို မသုံးတာ အကောင်းဆုံးပဲ ညီရေလို့… နောက်ပေါက်ကိုပဲ သုံး … ကြိုးမမှီလဲ ဆက်ပြီး သုံးလို့ ရတဲ့ ကြိုးတွေရှိတယ်… ညီလေး ဆိုပြီး… ကျွန်တော် ပြောလိုက်တယ်…

ဒါနဲ့ ကျွန်တော်လဲ Casing ထဲ ပြန်ထည့်ပြီး ဆင်လိုက်တယ်… ကဲ အိုစကေပြီပေါ့… ပစ္စည်းတွေ ပြန်စစ်နေတယ်… မော်နီတာကို ကြည့်လိုက်တော့.. ဂိန် ကနဲပဲ… ခုနက စာတန်းပြန်ပေါ်ပြီး… 15 sec ဆို Shut down တဲ့… တော်တော်ကို သေချင်စော်နံနေပြီ… အရေးထဲ COC ကလဲ War တိုက်ပေးဖို့ တပွဲ ကျန်နေတယ်…ကဲ .. မရမယ့် အတူတူ တိုက်တယ်ကွာဆိုတော့ 2 Star …ပိုစိတ်ညစ်သွားတယ်… ဟီး.. ဒါပေမဲ့ War က နိုင်သွားသေးတော့… ကဲ.. ပြန်ပြီး အနုလုံ ပဋိလုံ စဉ်းစားမယ်ဆိုပြီး တွေးတော့… USB နဲ့ ပတ်သက်တာ ဒါပဲ ရှိတယ်ဆိုပြီး… Casing ရှေ့ပေါက်မှာထိုးဖို့ ထားတဲ့ USB Port နဲ့ Motherboard နဲ့ ဆက်သွယ်ထားတဲ့ ကြိုးကို ဖြုတ်လိုက်တယ်… ပြီးတော့ စက်ပြန်နှိုးလိုက်တယ်… ဟာာာာာာာာာာာာာာာာာ… Window တန်းတက်သွားတာ ဘယ်လို ဝမ်းသာသွားမှန်းမသိဘူး… ဟီးးးးးးးးးးးးး ပြောပါတယ်…

” ရှေ့ပေါက်တွေက စိတ်မချရပါဘူးဆို…. ”

လေးစားစွာဖြင့်

ကိုထွဋ်

Password လေး ဖျက်ချင်လို့…

Previous article

Windows 7, 8 နဲ့ 10 မှာ GodMode Activate လုပ်ကြမယ်

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.