InternetLifestyle

အမြဲမေ့လွယ်တတ်တဲ့ လူတွေအတွက် မှတ်ဉာဏ်ပြန်ခေါ်ပေးမယ့် App နဲ့ Website များ

0
926682260

လူတိုင်းလိုလို ဒီခေတ်မှာ မေ့လွယ်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ လုပ်ငန်းဆောင်တာတွေ များလာတာတစ်ကြောင်း၊ စိတ်ဖီးစီးမှုများလာတာတွေကြောင့်လည်း မေ့လွယ်တတ်လာကြပါတယ်။ အခုပြောပြမယ့် app နဲ့ websites တွေက မေ့လွယ်တတ်သူတွေအတွက်တော့ တော်တော်အသုံးဝင်တဲ့ tools တွေပဲဖြစ်ပါတယ်။

 

၁။ Sans Forgetica (Website)

ဒီwebpage က စာလုံးတွေကို ရုတ်တရက်ကြည့်လိုက်ရင် ပုံမှန်ဖတ်နေကျ ပုံစံမဟုတ်ပဲ သေချာဖတ်မှ မြင်ရပါတယ်။ အဓိကကတော့ font ပုံစံကို ပြောင်းလဲပေးလိုက်တာပဲ ဖြစ်တယ်။ Chrome Extension အတွက် install လုပ်လို့ရပါတယ်။ ဒီ website ကိုတော့ RMIT University က develop လုပ်ထားပြီး free ရယူလို့ရပါတယ်။ အဓိကက မေ့လွယ်တတ်တဲ့ လူတွေအတွက်ကို အလွယ်တကူ မမေ့အောင် ရေးထားတဲ့ ပုံစံပဲ ဖြစ်ပါတယ်။

၂။ Peak (Application)

Peak ကိုတော့ ios နဲ့ Android နှစ်မျိုးလုံးမှာပါ free download ရယူလို့ရပါတယ်။ ဒီ appကိုတော့ University of Cambridge က develop လုပ်ထားပါတယ်။ အဓိကက gameတွေပါဝင်ပြီး ဦးနှောက်စွမ်းဆောင်ရည် လုပ်ထားတာဖြစ်ပါတယ်။

ကျန်တဲ့ အခြား website တွေနဲ့ game တွေကအများကြီးရှိပေမယ့် ကြော်ညာနဲ့ ပိုက်ဆံနဲ့ဝယ်ရတာတွေ ရှုပ်နေပြီး သင့်ကို ပိုစိတ်ရှုပ်သွားစေနိုင်ပါတယ်။ အဓိကက သဘာ၀နည်းလမ်းအတိုင်း လုပ်ဆောင်တာက ပိုထိရောက်ပြီး မှတ်ဉာဏ်အတွက် များစွာအထောက်အကူဖြစ်စေပါတယ်။ ဥပမာ အစားပုံမှန်စား၊ ပုံမှန်အိပ်တာက အထိရောက်ဆုံးပါ။ ကျားထိုးတာနဲ့ Chess ကစားတာလည်း ဦးနှောက်အတွက် များစွာ အထောက်အကူပေးပါတယ်။ နောက်တစ်နည်းက တရားထိုင်ခြင်းပါပဲ။ တရားထိုင်တဲ့လူအများစုက သူများတွေထက် စိတ်တည်ငြိမ်ပြီး အာရုံစိုက်တဲ့အရာတွေမှာ ပိုကောင်းတာကြောင့် အလုပ်ပိုတွင်စေပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

လူတွေရဲ့ဘဝနေထိုင်မှုပုံစံတွေမှာ ပါဝင်လာတဲ့ Drones

Previous article

နောင် အနှစ် ၂၀ တွင် ပျောက်ကွယ်သွားနိုင်မည့် အလုပ်များ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Internet