LifestyleTechnology ExplainedUncategorized

အနာဂတ်မှာ လူသားတွေက ကမ္ဘာမြေကို စွန့်ခွာပြီး အာကာသမှာ အခြေကျသွားနိုင်လား။

0

ဒီနေ့ ကမ္ဘာမှာ သယံဇာတတွေ ကုန်ခမ်းနေပြီဖြစ်တာ လူတိုင်းသိကြပါတယ်။ ဒါ့အပြင် ပလတ်စတစ် အမှိုက်တွေက ကမ္ဘာပေါ်မှာနေထိုင်ကြတဲ့ သက်ရှိသတ္တဝါအားလုံးကို ဒုက္ခပေးနေကြပါတယ်။ ကုန်းပေါ်ရော သမုဒ္ဒရာအောက်ခြေမှာပါ ပလတ်စတစ်အမှိုက်တွေက ရောက်နေပြီး သက်ရှိတော်တော်များများ ဒုက္ခနဲ့ရင်ဆိုင်နေရပါတယ်။ ဒါကိုကြိုမြင်တဲ့ ပညာရှင်ကြီးတွေကတော့ အာကာသမှာ လူတွေအခြေကျနေထိုင်ဖို့ ကြိုတင်ပြင်ဆင်နေကြပါတယ်။

Space Company တွေကလည်း အရင်တုန်းကလို Nasa တစ်ခုတည်းမဟုတ်တော့ပါဘူး။ အခုဆို Nasa နဲ့အပြိုင် Company ငါးခုလောက်က လူတွေကြားမှာ နာမည်ကြီးနေပါတယ်။ ဒီအထဲမှာ  Elon Musk ရဲ့ Space-X, Jeff Bezos ရဲ့ Blue Origin Company တို့ပါဝင်ပါတယ်။ Jeff Bezos က Amazon ရဲ့ CEO လည်းဖြစ်ပြီး ကမ္ဘာမှာ အချမ်းသာဆုံးစာရင်းထဲမှာ ပါပါတယ်။ သူ့ရဲ့ Blue Origin ရဲ့ အနာဂတ် Plan ကို မကြာသေးမီက မိတ်ဆက်ပွဲပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို အခုပြောပြသွားမှာဖြစ်ပါတယ်။ Blue Origin က အာကာသကိုသွားမယ့်​ လူတွေအတွက် ဝန်ဆောင်မှုပေးတဲ့ company မျိုးဖြစ်ပါတယ်။ Jeff Bezoz ရဲ့ Plan က အနာဂတ်မှာ လူတွေအာကာသမှာ နေထိုင်လို့ရအောင် concept တွေပြောကြားသွားခဲ့ပါတယ်။

အာကာသမှာ လူတွေဘာကြောင့်နေထိုင်သင့်လဲ။

အပေါ်ကပြောခဲ့သလိုမျိုး ကမ္ဘာကြီးက အမှိုက်တွေနဲ့ပြည့်နေပြီး သဘာ၀ဘေးအန္တရာယ်တွေ ဒဏ်က လွတ်မြောက်အောင် နေချင်တဲ့လူတွေကတော့ အာကာသမှာ နေထိုင်ကြပါမယ်။ အာကာသမှာ နေထိုင်ဖို့က ပိုက်ဆံရှိရုံနဲ့ မပြီးသေးပါဘူး။ လူတွေရဲ့ အဓိကလိုအပ်ချက်တွေဖြစ်တဲ့ အောက်စီဂျင် နဲ့ ရေကို ပေးနိုင်မှ လူတွေနေနိုင်မှာပါ။ ဒါ့အပြင် အစားအသောက်လည်း အဆင်သင့်ရှိနေမှ လူသားတွေနေနိုင်မှာ ဖြစ်ပါတယ်။

Jeff Bezos က လမှာ ရေရှိကြောင်းပြောကြားခဲ့ပြီး အာကာသမှာနေမယ့်လူတွေအတွက် ရေကို လက ရယူနိင်တယ်ဆိုပြီး သူ့မိတ်ဆက်ပွဲမှာ လကမ္ဘာပေါ်ကို သွားလာနိုင်တဲ့ ယာဉ်ငယ်လေးပါ မိတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် အာကာသကို လွှတ်တင်တဲ့ ဒုံးပျံနဲ့ကုန်ကျစရိတ်က များလွန်းတဲ့အတွက် Jeff က ထပ်ခါထပ်ခါ ပြန်သုံးလို့ရတဲ့ recycle ဒုံးပျံတွေကို အသုံးပြုမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အာကာသမှာ မြို့တစ်မြို့စာထက်ကြီးတဲ့ အာကာသယာဉ်ပျံကြီးမှာ လူတွေရော တိရစ္ဆာန်တွေရော နေနိုင်တယ်ဆိုတဲ့ အကြောင်း သီအိုရီတွေ သာဓကတွေနဲ့တကွ ရှင်းပြခဲ့ပါတယ်။ ဒီအတွက်လည်း ကြိုးပမ်းနေကြောင်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ သို့ပေမယ့် ဒီလိုအနာဂတ်ရောက်ဖို့ အချိန်တွေအများကြီး ကျန်သေးကြောင်းနဲ့ ငွေကုန်ကြေးကျ များလွန်းတာကြောင့် လတ်တလောမှာ မဖြစ်နိုင်သေးဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

Blue Origin လိုအလားတူ Nasa နဲ့  Space-X တို့ကလည်း concept တွေကို မိတ်ဆက်ခဲ့ပြီး သက်သေသာဓကနှင့်တစ်ကွ ပြောကြားခဲ့ပါတယ်။ ဒါတွေကို စောင့်ကြည့်ပြီး အလားတူ စမ်းသပ်မှုတွေကို လုပ်နေတာက တရုတ်ပါ။ တရုတ်ကလည်း ထို့နည်းတူ space company ကို စမ်းသပ်မှုတွေလုပ်နေပြီး ဘယ်အချိန်မှာ​ ဘယ်လိုမိတ်ဆက်မလဲတော့ မသိသေးပါဘူး။ လူသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေက တစ်နေ့ထက်တစ်နေ့ နာရီပိုင်းနဲ့အမျှ ပြောင်းလဲနေပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

Amazon က ကမ္ဘာမှာ အမြတ်အများဆုံး company တစ်ခုအဖြစ် ဘယ်လိုရပ်တည်လာတာလဲ။

Previous article

Facebook ရဲ့ Live Streaming Policy အသစ်။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Lifestyle