LifestylePC & MobileServicesSmart Home

သင်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းမှူ ပမာဏကို တိုင်းတာပေးမယ့် app များ။

0

မြို့ထဲမှာနေတဲ့လူတွေက ဒီဒုက္ခကို ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာဆို ရန်ကုန်မှာနေတဲ့လူတွေ အများဆုံးခံစားနေရတဲ့ ဒုက္ခဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်က လေထုညစ်ညမ်းမှူက ဘယ်လောက်တောင် ဆိုးရွားနေလဲဆိုတာကို ဒီ app တွေအသုံးပြုပြီး သုံးသပ်ကြည့်ပါ။ နယ်မှာရှိတဲ့လူတွေနဲ့ အခြားနိုင်ငံမှာနေတဲ့ လူတွေရဲ့result တွေကတော့ ရန်ကုန်ထက် ပိုကောင်းနေတာကိုလည်း တွေ့ရမှာပါ။

၁။ AirVisual
ဒီ app ကို Android user ရော iPhone users ရော အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ location access တော့ တောင်းပါတယ်။ location ရတာနဲ့ သင့်နားပတ်ဝန်းကျင်က လေထု သန့်မသန့်အခြေအနေကို ပြောပြပါလိမ့်မယ်။ Notification on ထားရင်တော့ လေထု ညစ်ညမ်းတဲ့ပမာဏို အချိန်နဲ့တစ်ပြေးညီ ပြောပြပါလိမ့်မယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေးမကောင်းတဲ့လူတွေ အတွက် သင့်လျော်ပါတယ်။ ဒါ့အပြင် အခြားမြို့ နဲ့နိုင်ငံက လေထုသန့်မသန့်ကိုလည်း စစ်ဆေးနိုင်ပါတယ်။

၂။ Plume Air Report
ဒီ app ကလည်း android ရော iPhone အတွက်ရောရှိပြီး သုံးရတာ အဆင်ပြေပါတယ်။ အပေါ်က ဖော်ပြခဲ့တဲ့ app အတိုင်း သင့် location ကို ယူပြီး လေထုထဲမှာ အောက်ဆီဂျင် ဘယ်လောက်ရှိကြောင်း၊ နိုက်ထရိုဂျင်အောက်ဆိုဒ် ဘယ်လောက်ရှိကြောင်း စသဖြင့် ပြောပြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Instagram အသုံးပြုသုူတွေအတွက်လည်း ဓါတ်ပုံရိုက်တဲ့အခါ weather နဲ့ temperature ဖော်ပြပေးတဲ့ function လည်းပါဝင်ပါတယ်။ ဒီနေ့ရာသီဥတုကို ကြည့်ပြီး အပြင်ထွက်သင့်မထွက်သင့်၊ အားကစားလုပ်သင့်မလုပ်သင့် function တွေလည်း ပါတာကြောင့် တော်တော်လေး အဆင်ပြေပါတယ်။

၃။ Shit Smoke
နာမည်ကိုက အဆန်းဖြစ်နေပါတယ်။ ဒီapp ကတော့ သင့်ပတ်ဝန်းကျင်မှာ လေထု ဘယ်လောက်ညစ်ညမ်း နေလဲဆိုတာပဲ ပြောပေးပါတယ်။ နာမည်ဆန်းနေတဲ့ အကြောင်းရင်းကတော့ လူတစ်ယောက်သောက်လိုက်တဲ့ ဆေးလိပ်ပမာဏက လေထုကို ဘယ်လောက်ညစ်ညမ်းစေလဲဆိုတဲ့ အတိုင်းအတာ ယူနစ်နဲ့ဖော်ပြပေးတာကြောင့်ပါပဲ။ ဒီapp ရဲ့data ကိုတော့ WAQI ဆီက တိုက်ရိုက်ယူထားတာဖြစ်ပါတယ်။ (WAQQI – World’s Air Pollution: Real-Time Quality Index)

ကွန်ပျူတာသုံးတဲ့ လူတွေအတွက်ကတော့ browser က တစ်ဆင့် တိုက်ရိုက်ကြည့်နိုင်ပါတယ်။ Google မှာ WQAI လို့ရိုက်ပြီး တစ်ကမ္ဘာလုံးက လေထု သန့်မသန့်ပမာဏကို တိုက်ရိုက်ကြည့်နိုင်ပါတယ်။ ဒါမှမဟုတ် ကွန်ပျူတာ အတွက် app ထည့်ထားချင်ရင်တော့ Mac user တွေအတွက် Air ဆိုပြီး app store မှာ ရှိပါတယ်။ Window သမားတွေအတွက်တော့ Air Qualiter နာမည်နဲ့ရှာနိုင်ပါတယ်။

အကြံပေးချင်တာကတော့ Air Purifier တွေဝယ်ပြီး သုံးတာအသင့်တော်ဆုံး ဖြစ်ပါတယ်။ Xiaomi က ရောင်းတဲ့ Air Purifier တွေက ဈေးသက်သာပြီး ဈေးကွက်မှာလည်းနေရာရတာကြောင့် စဉ်းစားစေချင်ပါတယ်။ အခြားနာမည်ကြီး air pruifier တွေကိုလည်း ဝယ်ဖို့ယာထားသင့်ပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

iPhone မှာ Facebook က videos တွေ Instagram က videos တွေကို app အပိုမသုံးပဲ ဘယ်လိုဒေါင်းမလဲ။

Previous article

iPhone နဲ့Gif တွေကို ဘယ်လို ဖန်တီးကြမလဲ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Lifestyle