HardwarePC & MobileProduct ReviewsWindows

သင့်အတွက် အကောင်းဆုံး Graphic Card ကို ဘယ်လိုရွေးချယ်မလဲ။

0

သင့် PC အတွက် Graphic Card ကိုလဲဖို့ စောင့်နေရင် အခုချိန်က သင့်အတွက် အကောင်းဆုံးအချိန်ပါပဲ။ အရမ်းကြီး ဈေးမများပဲ Budget Graphic Card တွေရှိသလို ပြောစရာမလိုအောင် ကောင်းတဲ့ performance တွေရှိတဲ့ Graphic Card တွေလည်းရှိပါတယ်။ Nividia ကထုတ်တဲ့ RTX 2080 , AMD က ထုတ်တဲ့ Radeon VII တွေရဲ့ ဈေးနှူန်းတွေက သာမန် ကွန်ပျူတာတစ်လုံး ထက်တောင် များနေပါတယ်။ ပိုက်ဆံတတ်နိုင်တဲ့ Gamers တွေနဲ့ Video Editing လုပ်တဲ့နေရာမှာတော့ အရည်အသွေးက အပြစ်ပြောစရာမရှိအောင် ကောင်းလွန်းပါတယ်။

Budget နဲ့ Performance ကိုချိန်ပြီး ဘယ်လိုရွေးချယ်မလဲ။
Graphic Card ထဲမှာ နာမည်ရထားတဲ့ Nvidia ကထုတ်တဲ့ GTX 1660 , GTX 1660 Ti တို့ကို အရင် စဉ်းစားစေချင်ပါတယ်။ ဈေးနှူန်းအနေအထားအရ ဒေါ်လာ ၂၀၀ ပတ်ချာလည်လောက် ရှိပါတယ်။ ဒီထက်ဈေးသက်သာချင်ရင်တော့ GTX 960 ကိုစဉ်းစားစေချင်ပါတယ်။ ဂိမ်းအစုံနီးပါးဆော့တဲ့လူအတွက်တော့ GTX 1060 က တော်တော်လေးအဆင်ပြေပါတယ်။ နာမည်ကြီး Game တွေဖြစ်တဲ့ The Witcher, Overwatch ကစားတဲ့ gamers တွေတော့ တော်တော်လေး သဘောတွေ့ပါတယ်။

သင်ဆော့တဲ့ Games တွေနဲ့ Graphic Cards များ။
ပုံမှန် Dota, Overwatch နဲ့ League of Legends ဆော့တဲ့ gamers တွေအတွက်တော့ အရမ်းကြီးကောင်းတဲ့ game တွေက မလိုအပ်ပါဘူး။ သာမန် Graphic Card သုံးရင်တောင် performance က မကျပါဘူး။ ဒေါ်လာ ၁၅၀ အောက်ဖြစ်တဲ့ Nvidia Geforce GTX1050, Radeon RX 560 သုံးရင် အဆင်ပြေနေပါပြီ။ အရမ်းကြီး ရုပ်ထွက်ကောင်းတဲ့ video တည်းဖြတ်တဲ့အခါမျိုးဖြစ်ဖြစ် Game အကြည်တွေဆော့တဲ့အခါမှာတော့ စိတ်တိုင်းကျ performance ရမှာ မဟုတ်ပါဘူး။

စိတ်တိုင်းကျဆော့ချင်တဲ့ game မှန်သမျှဆော့ချင်ရင်တော့ ဒေါ်လာ ၄၀၀ နဲ့၅၀၀ကြားက Graphic Card တွေဖြစ်တဲ့ RTX 2060 နဲ့RTX 2070 တို့ကို ရွေးချယ်ပါ။ ဒီလောက်ဆိုရင်တော့ medium level ထက် နည်းနည်းကောင်းတဲ့ performance တွေကို သင်ရမှာ ဖြစ်တယ်။

အကောင်းဆုံးနဲ့ ဘာမှ မမှူတဲ့ Graphic Card နဲ့ Performance တွေကို သုံးချင်ရင်တော့ ဈေးနှူန်းလည်း ကောင်းသွားမှာ ဖြစ်ပါတယ်။ ဒေါ်လာ ၇၀၀ လောက်ရှိတဲ့ RTX 2080 နဲ့ အခြား RTX 20 series ထဲက သုံးရင်တော့ gamers တွေရဲ့မျက်နှာမှာ အပြုံးပန်းတွေ ဝေနေမှာ ဖြစ်ပါတယ်။ အရေးကြီးဆုံး computer က RAM ကို အနည်းဆုံး 8G တော့ရှိရပါမယ်။ ဒီထက်ပိုကောင်းချင်ရင် 16GB လောက် စိုက်ထားပါ။ ဒီလောက်သင် သုံးလိုက်ပြီဆိုရင် Monitor ကိုလည်း ကောင်းကောင်းသုံးမှ သင်ဆော့ရတာ ကျေနပ်အားရမှာပါ။

Monitor ရွေးချယ်နည်း။
4K Monitor တွေဖြစ်တဲ့ AOC ထဲက monitors တွေကို လေ့လာပါ။ အဓိကက refresh rate မြန်တာ ဦးစားပေးပါ။ တစ်ချို့ monitor တွေက Gaming Monitor နာမည်နဲ့ရောင်းချပေမယ့် refresh rate တွေနဲ့ display တွေက စိတ်တိုင်းကျ မရပါဘူး။ ဒါကြောင့် monitor ဝယ်မယ်ဆိုရင်လည်း brand ထဲကဖြစ်တဲ့ monitor တွေပဲ ဝယ်ဖို့အကြံပေးပါရစေ။

အသေးစိတ် နည်းနိုင်သမျှနည်းအောင် budget အလုံးဆင်ချင်တယ်ဆိုရင်တော့ ကွန်ပျူတာကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့တိုင်ပင်ပါ။

Win Thet Oo
Think Different! Do what you love! Love what you do!

တက္ကစီကားတွေအတွက် ပထမဆုံး Wireless Electric Station တွေ တပ်ဆင်ပေးမယ့် Norway နိုင်ငံ။

Previous article

၁၀ ဒေါ်လာအောက် နားကြပ်က ပေးသည့် ဒေါ်လာ ၁၀၀တန် စွမ်းဆောင်ရည်။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Hardware