သင်က Android user တစ်ယောက်ဆို ဒီစာလေးကို သေချာဖတ်သင့်ပါတယ်။ Android users တော်တော်များများမှာ apps တစ်ခု install လုပ်မယ်ဆိုရင် permission တောင်းတာမျိုးကို ကြုံဖူးကြမှာပါ။ ဥပမာ သင့် location ကို app က permission တောင်းတာမျိုး၊ contact နဲ့ အခြားဖုန်းထဲက information ကို သုံးချင်လို့ app က permission တောင်းတဲ့အခါ “Allow” နဲ့ “Don’t allow” ကို မြင်ဖူးကြပါလိမ့်မယ်။ သင်က allow လုပ်လုပ် do not allow လုပ်လုပ် သင့် information တွေကို app က ယူနိုင်စွမ်းရှိပါတယ်။ အကြောင်းရင်းကတော့ android apps တော်တော်များများကို software development kits (SDK) ပေါ်အခြေခံ တည်ဆောက်ထားလို့ဖြစ်ပါတယ်။ app ပိုင်ရှင်တွေက သူတို့ apps ကို android phones ထဲမှာ install လုပ်ထားတဲ့ user မှန်သမျှ information တွေကို ခွင့်ပြုချက်ရရ မရရ ယူနိုင်လို့ပါပဲ။ အထူးသဖြင့် တရုတ်နိုင်ငံက ထုတ်တဲ့ apps ၁၀ ခုမှာ ၉ခုလောက်က သင့်ရဲ့ informations တော်တော်များများကို ရယူနိုင်ပါတယ်။
ဒီပြဿနာတွေကို ရှောင်ချင်ရင်တော့ Google က တရားဝင် ခွင့်ပြုထားတဲ့ apps တွေကို အသုံးပြုပါ။ ဒီလိုဆိုရင်တော့ သင့် information တွေကို နှိုက်တဲ့ ပြဿနာက နည်းသွားနိုင်ပါတယ်။
iOS (iPhone) တွေမှာက ဒီပြဿနာမျိုးက မရှိသလောက်နည်းပါတယ်။ Apple ကတော့ ဘယ်သူပဲဖြစ်ဖြစ် သူ့ app store ပေါ်မှာ app တင်ချင်ရင် သူ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှ ပေးတင်ပါတယ်။ ဒါ့အပြင် apps တိုင်းကို permission ရပြီး store ပေါ်မရောက်ခင် company က ကိုယ်တိုင် ကြီးကြပ်ပြီးမှ store ပေါ်ပေးတင်ပါတယ်။ အကယ်၍ app က user information တွေကို နှိုက်တာမျိုးတွေ့တာနဲ့ app ကို black list ထဲ အပြီးထည့်ပါတယ်။ Security ပိုင်းမှာ apple နဲ့ android ယှဉ်ရင်တော့ Apple က အများကြီးသာပါတယ်။
Android users သမားတွေအနေနဲ့ apps တွေကို install လုပ်တဲ့အခါမှာ သေချာသုံးသပ်စေချင်ပါတယ်။ ဥပမာ တရား၀င် app company က publish လုပ်ထားတဲ့ app မျိုးကို သေချာရွေးချယ်ပြီးမှ သုံးစေချင်ပါတယ်။
Comments