Pinterest က အကြံဉာဏ်ကောင်းတွေအများကြီးရနိုင်တဲ့ နေရာလည်း ဖြစ်သလို အခြား social media တွေဖြစ်တဲ့ Facebook , Instagram တို့လို စိတ်ညစ်စရာနည်းတဲ့ နေရာလည်း ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ Pinterest မှာ creation ကောင်းတဲ့ creators တွေပဲစုနေပြီး သင်ရှာလိုတဲ့အကြောင်းအရာတွေက စုနေလို့ပဲ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ Pinterest က စိတ်ခံစားမှုများနေတဲ့လူတွေ၊ စိတ်ဓါတ်ကျနေတဲ့လူတွေကို အတတ်နိုင်ဆုံးကူညီပေးဖို့ နည်းလမ်းရှာတဲ့ feature ကို မိတ်ဆက်လိုက်ပါတယ်။ဒီ project ကို Stanford School of Medicine’s Brainstorm lab နဲ့ develop လုပ်ပြီးစမ်းသပ်ခဲ့ပါတယ်။ ဥပမာ Pinterest မှာ သင်က suicide လိုမျိုး စကားလုံးတွေကို search မှာ အသုံးပြုခဲ့ရင် pinterest က သင့်ကို အကြံဉာဏ်ပေးနိုင်တဲ့ ဖုန်းနံပါတ်ဖြစ်ဖြစ် address ဖြစ်ဖြစ် ညွှန်ပြပေးပါတယ်။ Pinterest ရဲ့ ပြောရေးဆိုခွင့်ရှိသူက pinterest သည် အခြားလူမှုကွန်ရက် စာမျက်နှာတွေလို စိတ်ဓါတ်ကျစေတဲ့ လူမှုကွန်ရက်တစ်ခုမဟုတ်ပဲ အတွေးအခေါ်ကောင်းနဲ့ အခြားကောင်းတဲ့ရည်ရွယ်ချက်တွေ အတွက် ဖန်တီးထားတာကြောင့် အသုံးပြုသူတွေ ဓါတ်ကျတာမျိုးတွေ မဖြစ်အောင် အတတ်နိုင်ဆုံး တားဆီးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ Pinterest ရဲ့ သမိုင်းကြောင်းကို သိချင်ရင်တော့ အောက်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။


















Comments