LifestyleTech News

လူတွေရဲ့ဘဝနေထိုင်မှုပုံစံတွေမှာ ပါဝင်လာတဲ့ Drones

0

Drones တွေကို စစ်တပ်ရေးရာမှာရော စီးပွားရေးလုပ်ငန်းတွေမှာရော ဖျော်ဖြေရေးနေရာတွေမှာပါ တွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ်။ အမေရိကန် နဲ့ရရှားလို နိုင်ငံတွေမှာတော့ စစ်တပ်တွေမှာ drones တွေကို သုံးကြတာ အားလုံးအသိဖြစ်ပါလိမ့်မယ်။ အခု အမေရိကန်က နည်းပညာ company ကြီးတွေဖြစ်တဲ့ Amazon နဲ့ Google က လူတွေရဲ့ဘဝနေထိုင်မှုပုံစံမှာ drones တွေကို ထည့်သွင်းလာကြပါတယ်။ ပထမဦးဆုံး Amazon က အွန်လိုင်း shopping မှာ လူတွေကို မသုံးပဲ Drone တွေကို စမ်းသပ်သုံးပြလာပါတယ်။ ဈေးဝယ်တဲ့လူက ပိုက်ဆံကို အွန်လိုင်းမှာ ပေးချေပြီး ပစ္စည်းကို ဝေဟင်က drone က မိနစ်ပိုင်းအတွင်း အိမ်တိုင်ရာရောက် လာပို့ပေးပါတယ်။ ဒီစနစ်ကို Amazon က ၂၀၁၆မှာ ပထမဆုံး မိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင် Google က Australia နိုင်ငံမှာတင် သုံးလို့ရအောင် Drones တွေကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။

Google က ထုတ်တဲ့ Drone ကလည်း Amazon က ထုတ်တဲ့ Drone တွေအတိုင်း အလားတူ ဝန်ဆောင်မှု ပေးပါတယ်။ ဒီလိုလုပ်ခြင်းက နေပူထဲထွက်ပြီး ဈေးလိုက်ဝယ်တဲ့ ဒဏ်ကလည်း ကင်းဝေးစေပါတယ်။ ကော်ဖီတစ်ခွက်ကို ၇မိနစ်အတွင်း မဖိတ်ပဲ အိမ်တံခါးအထိ လာပို့ပေးပါတယ်။ အရမ်းကြီးမားတဲ့ ပစ္စည်းတွေကိုတော့ မပို့ပေးနိုင်ပေမယ့် သေးငယ်တဲ့ပစ္စည်းတွေကိုတော့ Drone နဲ့ package ကိုသယ်လာပြီး အိမ်မှာ လာပို့ပေးတဲ့ စနစ်ကတော့ သက်ကြီးရွယ်အိုနဲ့ နာမကျန်းဖြစ်တဲ့ လူတွေအတွက်တော့ အဆင်တော်တော်ပြေပါတယ်။ ကောင်းကျိုးရှိသလို ဆိုးကျိုး ရှိတဲ့အချက်တွေလည်း ရှိပါတယ်။ တစ်ချို့အိမ်နီးနားချင်းက drone ရဲ့ဆူညံသံကို မခံနိုင်ပါဘူး။ Drone ရဲ့ ပန်ကာသံက နေ့တိုင်းကြားတဲ့အခါမှာ စိတ်အနှောင့်အယှက်ကို လုံး၀ ဖြစ်စေပါတယ်။ ဒီပြဿနာကိုလည်း Google က အင်ဂျင်နီယာတွေက ကြိုးစားပြီး ဖြေရှင်းနေပါတယ်။

Drones တွေကို ကျန်းမာရေးနဲ့ ဆေးဝါးကုသမှု နေရာမှာ ထိထိရောက်ရောက် သုံးလာကြပါတယ်။ အာဖရိက အရှေ့အလယ်ပိုင်း က Rwanda နိုင်ငံမှာ တစ်နေရာမှ တစ်နေရာကို ဆေးဝါးပို့တဲ့နေရာမှာ Drone တွေ သုံးလာပါတယ်။ Delivery လုပ်ပေးတဲ့ company နာမည်ကတော့ Zipline ဖြစ်ပါတယ်။ ဆေးရုံမှာ သွေးအရေးပေါ်လိုနေတာ ဖြစ်ဖြစ် အခြား ဆေးဝါးတစ်ခုခုလိုတာဖြစ်ဖြစ် အမြဲ ပို့ပေးတဲ့ Drones တွေရှိပါတယ်။ ဒီနေရာမှာ သုံးတဲ့ drone ကျတော့ စောစောက ပြောခဲ့တဲ့ ပစ္စည်းပို့တဲ့ drone တွေလိုမဟုတ်ပဲ speed ကို ဦးစားပေးတဲ့ drone ပုံစံ တည်ဆောက်ထားပါတယ်။ လူ့အသက်ပေါင်းမြောက်များစွာကို ကယ်တင်ပေးတဲ့ drone တွေရှိသလို လူ့အသက်ပေါင်း မြောက်များစွာကို စက္ကန့်ပိုင်းအတွင်း ဖျက်ဆီးစေနိုင်မယ့် drone တွေလည်းရှိပါတယ်။

နည်းပညာကို ကောင်းတဲ့ဘက်မှာ အကျိုးရှိရှိအသုံးချရင် လူသားတွေအတွက် များစွာကောင်းကျိုးပြုနိုင်ပေမယ့် လွှဲမှားစွာ အသုံးပြုရင်တော့ လူသားမျိုးနွယ်တစ်ခုလုံး ပျောက်ပြယ်သွားနိုင်ပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

Desktop Performance နဲ့လာသော laptop (သို့) Alienware Area-51m

Previous article

အမြဲမေ့လွယ်တတ်တဲ့ လူတွေအတွက် မှတ်ဉာဏ်ပြန်ခေါ်ပေးမယ့် App နဲ့ Website များ

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Lifestyle