A.I ဆိုတာက Artificial Intelligence ဖြစ်ပြီး မြန်မာလို မှတ်ဉာဏ်တုလို့ ခေါ်ကြပါတယ်။ ဒီနေ့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ကားတွေနဲ့ internet မှာ အသုံးပြုနေကြတဲ့ စနစ်တော်တော်များများနဲ့ အခြားနယ်ပယ်တွေမှာ အသုံးပြုကြပါတယ်။ တစ်နည်းအားဖြင့် လူတွေလိုမျိုး စဉ်းစားတွက်ချက်နိုင်တဲ့အရာတွေကို ခေါ်တာ ဖြစ်ပါတယ်။
ဥပမာ လူတစ်ယောက်က အစဉ်းကျားတွေပါတဲ့ အကောင်ကို ကျားလို့သတ်မှတ်ထားပြီး ကျားပုံတွေ့ရင် ကျားလို့သိနိုင်ပါတယ်။ ဒါပေမယ့် ပုံစံမကျ ဆွဲထားတဲ့ ကျားပုံတစ်ပုံကို တွေ့ရင်တော့ ကျားလို့မသတ်မှတ်ပဲ အခြားအရာတစ်ခု ထင်သွားတတ်ပါတယ်။ ဘာလို့လဲဆိုတော့ လူတစ်ယောက်ရဲ့ ဦးနှောက်မှတ်ဉာဏ်မှာ ကျားဆိုတာ အစဉ်းကျားနဲ့ လေးဖက်ထောက်တဲ့ သတ္တဝါ၊ ကြောင်နဲ့တူတာလို့ပဲ မှတ်ထားတာကြောင့်ဖြစ်ပါတယ်။
A.I တွေကတော့ ကျားဆိုတဲ့ပုံစံကို ထောင့်မှန်စတုဂံနဲ့ လိုင်းနဲ့ပဲ ဆွဲထားရင်တောင် ကျားမှန်းသိနိုင်ပါတယ်။ ဒီလိုသိနိုင်တဲ့အကြောင်းရင်းက A.I က ကျားရဲ့ shape တွေကအစ၊ ဖွဲ့စည်းပုံတွေကို မှတ်ဉာဏ်ထဲမှာ သိမ်းဆည်းထားနိုင်တာကြောင့်ဖြစ်ပါတယ်။ A.I ရဲ့ အားနည်းချက်တစ်ခုကတော့ နံပါတ်တွေကို မရေတွက်နိုင်ပဲ shape တွေကိုသာ မြင်နိုင်သေးတာကြောင့်ဖြစ်တယ်။ ဥပမာ သုံးဘီးစက်ဘီးတစ်စီးကို A.I အနေနဲ့ကြည့်တဲ့အခါမှာ ဘီးအရေအတွက်ကိုမကြည့်ပဲ သုံးဘီးစက်ဘီးရဲ့ shape ဖွဲ့စည်းပုံကို ကြည့်ပြီး ဆုံးဖြတ်ချက်ချပါတယ်။ A.I တွေကို တစ်ကယ့်အန္တရာယ်များတဲ့ နယ်ပယ်တွေမှာသုံးဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ Elon Musk ရဲ့ Tesla မှာ ထည့်ထားတဲ့ A.I တောင် car accident ဖြစ်တာနဲ့ ပတ်သတ်ပြီး လူတွေက အခုချိန်ထိ Auto Pilot နဲ့ မောင်းနှင်ဖို့ မယုံကြည်ရဲသေးပါဘူး။ ဒါ့အပြင် စစ်ဖက်ဆိုင်ရာနယ်ပယ်တွေရဲ့ Drone မှာ သုံးတဲ့ A.I တွေတောင် ကန့်သတ်ချက်တွေ ရှိနေပါသေးတယ်။
လူနဲ့ A.I တွေရဲ့ကောင်းတဲ့အချက် ဆိုးတဲ့အချက်တွေကို ယှဉ်လိုက်ရင် လူတွေမရှိပဲ A.I ကို အစားထိုးလို့ရတယ်ဆိုပေမယ့် တစ်ကယ်တမ်းဆုံးဖြတ်ချက်ချတဲ့နေရာမှာတော့ A.I တွေက လူတွေကို မမှီနိုင်သေးပါဘူး။
Comments