ဖုန်းဖြစ်ဖြစ် Tablet ဖြစ်ဖြစ် ရေထဲကျသွားရင် အရင်ဆုံးလုပ်ရမှာက power ပိတ်တာပါပဲ။ ဒီအချက်ကိုတော့ လူတိုင်း သိမှာဖြစ်ပါတယ်။ သင် ချက်ချင်း power မပိတ်ရင်တော့ Phone အတွင်းပိုင်းရေဝင်ပြီး အခြေအနေပိုဆိုးသွားမှာ ဖြစ်ပါတယ်။
၁။ Power ပိတ်ပြီး simcard ကို ထုတ်ပါ။
သင့်ဖုန်းထဲက sim card ကို ထုတ်ပြီး အခြောက်ခံပါ။ အဝတ်ခြောက်နဲ့ သေချာခြောက်သွားအောင် သုတ်ပါ။
၂။ ဆန်ပုံးထဲထည့်ပါ။
ဆန်ထဲထားတဲ့ ဇလုံဖြစ်ဖြစ် ဆန်အိုးဖြစ်ဖြစ် သင့်ဖုန်းကို ထည့်ထားလိုက်ပါ။ ဆန်က အစိုဓါတ်ကို စုပ်တဲ့အတွက် သင့်ဖုန်းထဲမှာဝင်နေတဲ့ ရေတွေကို စုပ်ပေးနိုင်ပါတယ်။ ဒီနည်းက အမြန်ကူဆုံး ဖြေရှင်းနည်းနဲ့ အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။
၃။ Silica Gel အထုတ်တွေရှိတဲ့ ဗူးထဲထည့်ပါ။
ဆေးတွေနဲ့ အချို့လူသုံးကုန်ပစ္စည်းတွေမှာ silica gel အထုတ်တွေ ပါတတ်ပါတယ်။ ဒီ Gel တွေကို မလွှင့်ပစ်ပဲ ဗူးတစ်ဗူးမှာ သင်ထည့်ထားရင် ဖုန်းကိုလည်း အဲ့ဗူးထဲ ထည့်ထားလိုက်ပါ။ Silica Gel တွေကလည်း ဆန်တွေအလုပ်လုပ်သလိုမျိုး အစိုတွေကို စုပ်ပေးပါတယ်။ သင်ဘာပဲလုပ်လုပ် အရေးကြီးဆုံးကတော့ ဖုန်းကို ပိတ်ထားပါ။
၄။ အခြောက်ခံနည်း။
အခြောက်ခံနည်းကတော့ အမျိုးမျိုးရှိပါတယ်။ အချို့က ပေါင်းခံစက် အပေါ်တင်ထားတာမျိုး၊ အချို့က မီးဖိုဘေးမှာ ထားထားတာမျိုးတွေ လုပ်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ Hair Dryer နဲ့ မှုတ်တာ အကောင်းဆုံးပါပဲ။ Hair Dryer နဲ့ မမှုတ်ခင် အပေါ်က ခြောက်အောင်လုပ်တဲ့ နည်းလမ်းတွေကို အရင်လုပ်ဖို့အရေးကြီးပါတယ်။ ရေစိုနေတဲ့အချိန်မှာ သင် Dryer နဲ့ မှုတ်လိုက်တဲ့အခါ ရေစက်တွေက ဖုန်းထဲကို ပြန်ဝင်သွားနိုင်ပါတယ်။
အပေါ်ကအချက်တွေ တစ်ခုမှ အလုပ်မလုပ်ရင်တော့ နီးစပ်ရာ ဖုန်းပြင်ဆိုင်ကို သွားပါ။ အကယ်၍ပြင်မယ့် စရိတ်က ဖုန်းအသစ်တစ်လုံးနီးပါးဖြစ်နေရင်တော့ အသစ်ဝယ်တာ အကောင်းဆုံးပါပဲ။
သင့်ဖုန်းက အိမ်သာခွက်ထဲဖြစ်ဖြစ်၊ မြောင်းထဲကျသွားရင်ဖြစ်ဖြစ် ပြန်မသုံးတာ အကောင်းဆုံးပါပဲ။ ဖုန်းတွေကို အိမ်သာသွားရင် ယူသွားတာမျိုး၊ ရေနွေးနဲ့ရေချိုးနေတဲ့အချိန်မှာ ဖုန်းနဲ့သီချင်းတွေဖွင့်ပြီး နားထောင်နေတာမျိုးတွေကို ရှောင်ပါ။ သင့်ဖုန်းကို နောက်တစ်နည်းကာကွယ်နိုင်တဲ့နည်းလမ်းကတော့ cover အမာစားတွေနဲ့ ရေလုံမယ့် cover မျိုးတပ်ထားပါ။
Comments