AndroidInternetPC & Mobile

ပန်းမန်နဲ့ အပင်စိုက်ပျိုးရေးသမားတွေအတွက် မရှိမဖြစ် လိုအပ်သော apps များ

0

သင်က စိုက်ပျိုးရေး ဝါသနာရှင်ဖြစ်ဖြစ် စိုက်ပျိုးရေးတစ်ကယ်လုပ်နေတဲ့လူဖြစ်ဖြစ် ဒီ apps လေးတွေကို သင့်ဖုန်းထဲမှာ ထည့်ထားသင့်ပါတယ်။ ဒီ apps တွေရှိခြင်းရဲ့ အကျိုးကျေးဇူးက သင့်အပင်ကို ပညာရှင်များနဲ့ ကျွမ်းကျင်သူတွေက အကြံဉာဏ်တွေပေးနိုင်ပြီး ထိိန်းသိမ်းတဲ့နေရာမှာ ထိရောက်လို့ဖြစ်ပါတယ်။

၁။ Garden Tags

Garden Tags မှာ အပင်နဲ့ ပန်းမန်စိုက်ပျိုးရေးအတွက် ဝါသနာရှင်တွေနဲ့ ပညာရှင်တွေများစွာ ရှိပါတယ်။ သင့် အပင်ပုံကို တင်ပြီး လိုအပ်တဲ့အကြံဉာဏ်များကို တောင်းယူနိုင်ပါတယ်။ ရေ ဘယ်လောက်လောင်းသင့်ကြောင်းနဲ့ ဘယ်လိုမြေဩဇာတွေကို ထည့်သင့်ကြောင်းစသဖြင့် သင့်ကို အကြံဉာဏ်များစွာပေးနိုင်ပါတယ်။

၂။ Plantix

Plantix လည်း Garden Tags နည်းတူ သင့်အပင်အခြေအနေကို တင်ပြပြီး အကြံဉာဏ်တောင်းယူလို့ရပါတယ်။ ဒါ့အပြင် health function ပါတဲ့အတွက် သင့်အပင် ကျန်းမာရေးအခြေအနေကို ကြည့်လို့ရပါတယ်။ အပင်ပိုးကျနေလား ဒါမှမဟုတ် မြေဩဇာဓါတ်လိုနေလား စသဖြင့် သင်သုံးသပ်နိုင်ပါတယ်။ ဒါ့အပြင် သင့် location ကို ထည့်လိုက်တာနဲ့ သင့်ပတ်ဝန်းကျင်က ရာသီဥတု အခြေအနေကိုပါ ခန့်မှန်းနိုင်တဲ့ functions တွေပါဝင်ပါတယ်။ ဒီ app ကတော့ Android user တွေအတွက် free ဖြစ်ပြီး iPhone မှာတော့ မရသေးပါဘူး။

၃။ PlantSnap

Plant Snap ကတော့ လူတိုင်းရှိသင့်တဲ့ app ဖြစ်ပါတယ်။ လမ်းသွားလမ်းလာ အပင်တစ်ပင်တွေ့လို့ သင် သိချင်တဲ့​ အပင်မျိုးဆိုရင် ဓါတ်ပုံသာ ဖမ်းရိုက်လိုက်ပါ။ App က သင်ရိုက်တဲ့ အပင်က ဘာအပင်လဲဆိုတာ အသေးစိတ်ပြောပြပါလိမ့်မယ်။ App ရဲ့ Database မှာ အပင်ပေါင်း ၅သိန်းကျော်ရှိပြီး သင်သိချင်တဲ့ အပင်နဲ့ match ဖြစ်တာနဲ့ အသေးစိတ်အချက်အလက်ကို ပြောပြနိုင်ပါတယ်။ အပင် wikipedia ဆိုလည်း မမှားပါဘူး။ ဒီ app  ကိုတော့ iOS နဲ့ Android နှစ်မျိုးလုံးမှာ ရနိုင်ပါတယ်။

၄။ Waterbot

Waterbot က သင့်အပင်ကို ဘယ်အချိန်ရေလောင်းရမလဲဆိုတာ remind လုပ်ပေးတဲ့ app ဖြစ်ပါတယ်။ သင့်အပင်ပုံကို waterbot app မှာထည့်ထားပြီး ရေဘယ်အချိန်လောင်းရမလဲကို schedule နဲ့ မှတ်ထားလို့ရတဲ့ app ဖြစ်ပါတယ်။ အချိန်ကျတာနဲ့ သင့်ဖုန်းမှာ noti တတ်လာပြီး ရေလောင်းဖို့လိုတာဆိုတာ လာပြောပြပါလိမ့်မယ်။ Android အတွက် free app တစ်ခုဖြစ်ပါတယ်။

ကိုယ့်အပင်တွေကို ထိန်းသိမ်းတဲ့အခါမှာ app တစ်ခုတည်း အားကိုးလို့မရပါဘူး။ ကိုယ်တိုင် ဂရုစိုက်ပြီး စောင့်ကြည့်ထိန်းသိမ်းမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ apps တွေက လူတွေကို ရှိပြီးတာထက် ပိုပြီး နည်းနည်း အထောက်အကူပြုလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

Tablets တွေ ထုတ်လုပ်မှုကို ရပ်နားလိုက်ပြီဖြစ်တဲ့ Google

Previous article

China Company အသစ်တစ်ခုနဲ့ Partner ဖွဲ့လိုက်တဲ့ Harley-Davidson

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Android