LifestyleUncategorized

နောင် အနှစ် ၂၀ တွင် ပျောက်ကွယ်သွားနိုင်မည့် အလုပ်များ။

0

လွန်ခဲ့တဲ့ စက်မှုခေတ်က လူတွေနဲ့စက်ပစ္စည်းတွေကြားမှာ ပြဿနာတော်တော်ဖြစ်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ လူသားတွေနေရာမှာ စက်တွေကိုအစားထိုးလာကြလို့ ဖြစ်ပါတယ်။ မကြာတော့မယ့် အနာဂတ်မှာလည်း ဒီနည်းအတိုင်း မှတ်ဉာဏ်အတုလို့ခေါ်တဲ့ Artificial Intelligence တွေက လူတွေရဲ့အလုပ်ကိုင်တွေကို အစားထိုးလာကြတော့မှာပါ။ ဒါကြောင့် လူသားတွေနေရာမှာ အစားထိုးသွားမယ့် အလုပ်တွေကို ပြောပြသွားပါမယ်။

၁။ ယာဉ်မောင်း အလုပ်အကိုင်။

ဒီနေ့ခေတ်မှာ မောင်းသူမဲ့ကားတွေနဲ့ အငှားယာဉ်မောင်းတွေကို မောင်းသူမဲ့အဖြစ် တော်တော်များများ မြင်တွေ့ဖူးမှာပါ။ မြန်မာနိုင်ငံမှာတော့ မဖြစ်နိုင်သေးပေမယ့် နိုင်ငံတော်တော်များများမှာတော့ စမ်းသပ်အောင်မြင်နေကြပြီ ဖြစ်တယ်။ Tesla နဲ့ Google ကတော့ လက်တွေ့အကောင်အထည်ဖော်ပြီးသား ဖြစ်နေပါပြီ။ အလားတူ နည်းပညာ company ကြီးတွေကလည်း စမ်းသပ်အောင်မြင်နေကြပါပြီ။ ဒါတွေအားလုံးကို အဓိကလုပ်ပေးတာကတော့ AI နဲ့ပဲ ဖြစ်ပါတယ်။ AI တွေက ကိုယ်ပိုင် စဉ်းစား ဆင်ခြင်ဉာဏ်ရှိတာကြောင့် အရာရာတိုင်းကို ဆုံးဖြတ်ချက်ချပြီး လုပ်နိုင်ပါတယ်။ လေ့လာသင်ယူနိုင်စွမ်းလည်း ရှိတာကြောင့် ကားမောင်းတဲ့အလုပ်တွေမှာ လူတွေနေရာကို အစားထိုးလာကြမှာ ဖြစ်တယ်။

၂။ လယ်သမား။

လယ်ယာစိုက်ပျိုးရေးမှာ နွားတွေသုံးတဲ့ခေတ်မှ စက်မှုခေတ်ပြောင်းတဲ့အခါမှာ နွားတော်တော်များများက လယ်ယာစိုက်ပျိုးရေးမှာ အသုံးပြုတာ နည်းသွားကြပါတယ်။ အခုလည်း အပေါ်ကပြောခဲ့သလို အလိုအလျောက်မောင်းနိုင်တဲ့ ကားကိုထိန်းချုပ်လို့ရတဲ့ AI တွေပေါ်လာတဲ့အခါမှာ လယ်ထွန်စက်တွေကို လူတွေကမောင်းစရာမလိုတော့ပါဘူး။ ပရိုဂရမ် ထည့်ထားတဲ့ လယ်ထွန်စက်တွေက စိုက်ပျိုးရေးမှ တစ်ဆင့် ကောက်ရိတ်သိမ်းချိန်ထိ အလိုအလျောက် လုပ်ပေးမှာဖြစ်တယ်။ အခုဆို လယ်ထဲမှာ ပိုးသတ်ဆေးဖြန်းတာကအစ drone နဲ့ဖြန်းတာတွေကို ကြားဖူးကြမှာပါ။ ဒီလိုလုပ်ခြင်းက လူကိုများစွာ သက်သာစေပြီး ထိလည်းထိရောက်ပါတယ်။ တစ်ချိန်မှာတော့ လယ်သမားတွေနေရာမှာ AI တွေကအစားထိုးဝင်ရောက်လာပါလိမ့်မယ်။

 

၃။ သတင်းတိုက်နဲ့ ပုံနှိပ်တိုက်။

ဒါကတော့ အထူးတစ်လည် ပြောစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ အခုဖတ်နေတဲ့အရာတောင် အင်တာနက်မှာဖတ်နေကြတာကြောင့်ပါ။ အားလုံးသိတဲ့အတိုင်း ဂျာနယ်ကို ပိုက်ပြီး အိမ်တိုင်ရာရောက်လိုက်ပို့တဲ့ စာပို့သမားတွေတောင် အရင်ထက် တော်တော်နည်းသွားတာကို တွေ့ရမှာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် တစ်ချိန်မှာ ပုံနှိပ်တိုက်နဲ့ သတင်းစာတိုက်တွေကလည်း သတင်းစာကို အားကိုးလို့မရတော့ပါဘူး။ Digital စနစ်ကို သွားမှ ရေရှည်လိုက်နိုင်မှာ ဖြစ်ပါတယ်။

၄။ Cahiers

Supermarket က Cashiers တွေကလည်း တစ်ချိန်မှာ AI တွေကအစားထိုးပြီး လူတွေရဲ့အလုပ်ကို ယူသွားမှာဖြစ်တယ်။ Amazon က အခုဆို ကောင်တာမှာ လူစောင့်စရာမလိုပဲ ကိုယ်ဝယ်တဲ့ပစ္စည်းကို ခြင်းထဲထည့်ရုံနဲ့ ဘယ်နှစ်ခုနဲ့ ဘယ်လောက်ကျလဲဆိုတာ တွက်ပြီးသား စနစ်တွေပါ မိတ်ဆက်ပြီးပါပြီ။ စျေးကမထွက်ခင် ဖုန်းနဲ့ဖြစ်ဖြစ် card နဲ့ဖြစ်ဖြစ် ငွေပေးချေလို့ရတဲ့ စနစ်တွေကို စတင်သုံးစွဲနေပါပြီ။ တရုတ်ပြည်မှာဆို ဒီစနစ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေပြီး အချို့အလုပ်တော်တော်များများကလည်း AI က အစားထိုးဝင်ရောက်နေပါပြီ။

၅။ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်း။

မြန်မာပြည်မှာတောင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေက ထင်သလောက် အလုပ်မဖြစ်တော့ပါဘူး။ အရင်တုန်းက လေယာဉ်လက်မှတ်ဝယ်ရင် ခရီးသွားအကျိုးဆောင် လုပ်ငန်းတွေကို အားကိုးရပါတယ်။ လေယာဉ်လက်မှတ်အပြင် ဝန်ဆောင်ခတွေပါ အပိုပေးရပါသေးတယ်။ ဒီနေ့လိုခေတ်မှာတော့ ဖုန်း app ကတစ်ဆင့် ကိုယ်သွားချင်တဲ့နေရာကို ကိုယ်တိုင်ပေးဝယ်လို့ရပါပြီ။ အကယ်၍ လေယာဉ်သွားတဲ့အချိန်နောက်ကျနေရင်တောင် သင့်ဖုန်းမှာ reminder လာမြည်ပါလိမ့်မယ်။ ဒါ့အပြင် သင်ရောက်ချင်တဲ့နေရာရောက်လို့ တစ်ခြားနေရာသွားချင်ရင်တောင် သွားရမယ့်နေရာတွေရဲ့အကြောင်းကို အသေးစိတ်ဝင်ကြည့်လို့ရပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် booking.com နဲ့ Trip advisor တို့က ခရီးသွားတဲ့လူတွေရဲ့မရှိမဖြစ် လမ်းညွှန်တွေပဲ ဖြစ်ပါတယ်။ တစ်ကယ်တမ်းပြောရရင်တော့ သူတို့လည်း ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပေမယ့် စနစ်တကျ ရုံးမှာလာမေးမြန်းစရာမလိုပဲ ဖုန်း ကွန်ပျူတာရှိရုံနဲ့ အလုပ်ဖြစ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။

၆။ ဖုန်းဝန်ဆောင်မှုလုပ်ငန်းများ။

Customers တွေမေးတဲ့အလုပ်တွေနဲ့ ဖြေကြားရတဲ့အလုပ်တွေကို လုပ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဥပမာ hotline နဲ့ အခြား ဖုန်းနဲ့ဖြေကြားရတဲ့လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေက အခုဆို အွန်လိုင်းကတစ်ဆင့် ကိုယ်သိလိုသမျှ အမေးအဖြေတွေလုပ်လို့ရနေပါပြီ။ ဥပမာ messenger က သိလိုသမျှကိုမေးပြီး တစ်ယောက်က ပြန်ဖြေပေးသလိုမျိုး ဝန်ဆောင်မှုတွေက ရှိနေပါပြီ။ အခုဆို တစ်ယောက်ယောက်က အတိအကျပြန်ဖြေပေးစရာမလိုပဲ မေးတဲ့မေးခွန်းပေါ်မူတည်ပြီး အလိုအလျောက်ပြန်ဖြေပေးတဲ့ AI တွေတောင် သုံးနေကြပါပြီ။ ဒါကြောင့် ဖုန်းနဲ့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေက မကြာတော့မယ့် အနာဂတ်မှာတင် ပျောက်ကွယ်သွားနိုင်ပါတယ်။

၇။ ရုပ်ရှင်သရုပ်ဆောင်များ။

ရုပ်ရှင်သရုပ်ဆောင်တော်တော်များများကို ငှားရတာ ငွေကြေးကုန်ကျများပြီး ထုတ်လုပ်သူတွေ စိတ်ညစ်ရပါတယ်။ ဘာလို့လဲဆိုတော့ သရုပ်ဆောင်ကြေးက များလွန်းပြီး ဂျေးများတာကြောင့်ဖြစ်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် Avengers ကားထဲက Iron man တစ်ကယ်လူနဲ့သရုပ်ဆောင်တဲ့အခန်းက နည်းပြီး CGI ပြုလုပ်ချက်၊ Computer ပြုလုပ်ချက်တွေများတဲ့ အခန်းက များပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် လူတစ်ယောက်မှမပါပဲနဲ့ ရုပ်ရှင်ကောင်းကောင်းတစ်ကားကိုလည်း ဖန်တီးနိုင်တယ်ဆိုတာ သက်သေရှိပါတယ်။ အခုဆို oscar ပေးတဲ့ရုပ်ရှင်တွေမှာ animation ကားတွေတောင် ပါဝင်နေပါပြီ။

အပေါ်ကပြောပြခဲ့တဲ့ အလုပ်တွေက တစ်ချိန်မှာသေချာပေါက် AI တွေက အစားထိုးဝင်ရောက်လုပ်ကိုင်မယ့် အလုပ်တွေပဲဖြစ်ပါတယ်။ ဒီထက်ပိုဆိုးတာက ကွန်ပျူတာ programming language တွေကိုရေးတဲ့ programmer တွေနေရာကိုတောင် AI တွေက အစားထိုးသွားနိုင်ပါတယ်။ ဒါကြောင့် နည်းပညာခေတ်သွားနေတဲ့အချိန်မှာ နည်းပညာကို အခုထဲက မလေ့လာထားရင်တော့ တစ်ချိန်မှာ မတွေးရဲစရာလောက်တောင် ဖြစ်သွားနိုင်ပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

အမြဲမေ့လွယ်တတ်တဲ့ လူတွေအတွက် မှတ်ဉာဏ်ပြန်ခေါ်ပေးမယ့် App နဲ့ Website များ

Previous article

Pinterest ဆိုတာဘာလဲ။ ပိုက်ဆံ ဘယ်လိုရှာပါသလဲ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Lifestyle