Chromebook ဆိုတာက Google က ထုတ်တဲ့ ကွန်ပျူတာပါ။ Google ရဲ့ Browser Chrome က နာမည်ယူထားခြင်းဖြစ်တယ်။ အားလုံးသိတဲ့အတိုင်း နေရာတိုင်းမှာ မပါမဖြစ် Google က ထုတ်တယ်ဆိုတော့ စိတ်ဝင်စားစရာပါပဲ။ Google က ထုတ်တဲ့ product တွေ အသုံးမဝင်ဘူးဆိုတာ တော်တော်ရှားပါတယ်။ မရှိသလောက်ပါပဲ။ Chromebook ကို အခြား နာမည်ကြီး ကွန်ပျူတာ companies တွေနဲ့ ပေါင်းပြီး ထုတ်ပါတယ်။
Chromebook က ဘာလဲ။
ကွန်ပျူတာပါ။ သူ့မှာ run တဲ့ ကိုယ်ပိုင် OSက Chrome OS နဲ့ပါ။ ဒါကြောင့် window မှာ run တဲ့ software တွေထည့်လို့မရပါဘူး။ ဒါဆို ဘာသွားသုံးတော့မလဲလို့ လူတွေ မေးကြပါလိမ့်မယ်။
အင်တာနက်ခေတ်မှာ အင်တာနက်မှာ အားလုံးအလုပ်လုပ်လို့ရပါတယ်။ ဆိုပါစို့ သင်က office အပိုင်းသုံးမယ်။ အရင်ကလို microsoft office ပဲရှိတဲ့ဘဝက အခုဆို chromebook မှာ အင်တာနက်လေးရတာနဲ့ google docs, sheet, powerpoint စသဖြင့် သုံးလို့ရေနေပါပြီ။ ကုန်စုံဆိုင်က voucher စာရွက်တစ်ရွက်တောင် ဆွဲထားပြီးသား အဆင်သင့် format တွေ ရှိပါတယ်။ ဘယ်အချိန်ပြန်ကြည့်ကြည့် သင့်လုပ်နေတာ pause လိုက်တာနဲ့ auto save ပြီးသား function က google မှာ ရှိနေပါပြီ။
Security အရပြောရမယ်ဆိုရင် သူ့မှာ google က ပါပြီးသား security တွေရှိပါတယ်။ ဥပမာ browser မှာ tab တွေ အများကြီး ဖွင့်ထားတယ်ဆိုပါစို့။ website တစ်ခုက virus တွေပါပြီး သင့်ကွန်ပျူတာကို တိုက်ခိုက်တယ်ဆိုပါစို့။ chromebook က ဝင်လို့မရေအောင် တားဆီးထားတဲ့ system တွေပါပါတယ်။ ဈေးနှူန်းကတော့ US$200 သုံးရင် ကောင်းကောင်းရပါတယ်။
ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲ။
ကျောင်းသားတွေနဲ့ Blog ရေးတဲ့လူတွေအတွက်တော့ တော်တော်လေး အဆင်ပြေပါတယ်။ ဈေးသက်သာပြီး ပေါ့ပေါ့ပါးပါးလေး သုံးလို့အဆင်ပြေပါတယ်။ Android မှာ Run တဲ့ app တော်တော်များများလည်း run တာကြောင့် အဆင်ပြေပါတယ်။ အရာအားလုံးက အင်တာနက်နဲ့သွားတာကြောင့် data ပျောက်မှာကို သင် လှည့်ကြည့်စရာမလိုပါဘူး။
စဉ်းစားစရာ အချက်များ။
ဈေးနည်းပေမယ့် photoshop, video editing တွေလုပ်ချင်ရင်တော့ chromebook ကို အားကိုးလို့မရပါဘူး။
Storage လည်းနည်းတာကြောင့် data အများကြီးသုံးချင်ရင် external harddrive သုံးဖို့လိုပါလိမ့်မယ်။ ကွန်ပျူတာလည်း လိုအပ်တယ်၊ ပိုက်ဆံလည်း အများကြီး မသုံးဘူး။ လိုအပ်ချက်လေးတွေ သုံးလို့ရရင် အဆင်ပြေတယ်ဆိုတဲ့ လူတွေအတွက်တော့ တော်တော်လေး ကောင်းတဲ့ကွန်ပျူတာ တစ်လုံးပါ။ Window ထဲမှာ ဒီဈေးနဲ့ရရင်တောင် virus ကိုက်ရင် ကြွနေမှာအမှန်ပါပဲ။
Comments