LifestyleTech NewsTechnology Explained

နည်းပညာ သူခိုးကြီးများ (သို့) ပထမဆုံးထုတ်လုပ်သူတို့ရဲ့အိမ်မက်ဆိုးများ

0

အတုပေါတဲ့ခေတ်မှာ အစစ်ရဲ့အရသာက ပျောက်သွားတတ်ပါတယ်။ အထူးသဖြင့် နည်းပညာလောကထဲမှာ အတုတွေက အချိန်နဲ့အမျှပေါ်ပေါက်နေပါတယ်။ တရုတ်ပြည်က နာမည်ကြီး company ဖြစ်တဲ့ xiaomi တောင် အတုထုတ်တဲ့နေရာမှာ နာမည်ကြီးပါတယ်။

ပထမဆုံးနမူနာ company တစ်ခုဖြစ်တဲ့ Pressy အကြောင်း စပြောရအောင်။ Pressy ဆိုတာက နားကြပ်pin အသေးစားလေးဖြစ်ပြီး ထိပ်မှာ ဖိလို့ရတဲ့ button လေးတစ်ခုပါပါတယ်။ ဒီ button လေးကို သင်ဖိချင်တဲ့ပုံစံနဲ့ လုပ်နိုင်တဲ့ function ကို app မှာ အသေးစိတ်လုပ်လို့ရပါတယ်။ ဥပမာ button ကို နှစ်ချက်နှိပ်လိုက်ရင် ဖုန်းခေါ်ပေးတာမျိုး၊ camera တန်းပွင့်သွားတာမျိုးတွေ လုပ်ဆောင်လို့ရပါတယ်။ Pressy Company ကို Nimrod Back ဆိုတဲ့ အမေရိကန် အမျိုးသားတစ်ဦးက စတင်တည်ထောင်ခဲ့ပြီး သူ့product အကြောင်းကို Kickstarter မှာမိတ်ဆက်ခဲ့ပါတယ်။

ဒါကို Xiaomi ကုမ္ဗဏီကတွေ့တာနဲ့ မကြာမီ ရက်အတွင်းမှာ အလားတူ ပစ္စည်းအတိုင်း တစ်ပုံစံတည်းထုတ်လုပ်ပြီး တန်နဲ့ချီ ရောင်းချခဲ့ပါတယ်။ ဒီလိုရောင်းချခြင်းကြောင့် မူရင်းcompany က ထုတ်လုပ်သူနဲ့ချုပ်ထားတဲ့စာချုပ်က တစ်ရက်အတွင်းမှာ ချက်ချင်းပျောက်ကွယ်သွားပါတယ်။ ဒီလို အဖြစ်မျိုးကြုံတွေ့ပြီးတဲ့ နောက်ပိုင်းမှာ Pressy CEO က ဒီပစ္စည်းမျိုး ထပ်မထုတ်တော့ပဲ ကလေးတွေကစားတဲ့ နည်းပညာမြင့်စက်ရုပ်တွေပဲ ထုတ်ပါတော့တယ်။

ဒုတိယ နမူနာက Lumio လို့ခေါ်တဲ့ Company တစ်ခုဖြစ်ပါတယ်။ Lumio ဆိုတာက မီးအိမ် ထုတ်တဲ့ Company ဖြစ်ပါတယ်။ သူ့ရဲ့ပုံစံက စာအုပ်ပုံစံလေးဖြစ်ပြီး ဖွင့်လိုက်တာနဲ့မီးက ဖြာပြီး လင်းလာပါတယ်။ Company ရဲ့Founder က Max Gunawan ဖြစ်ပြီး အမေရိကန်နိုင်ငံသား တစ်ဦးဖြစ်ပါတယ်။ သူ့company ကို Shark-Tank လို့ခေါ်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်ပြိုင်ပွဲမှာ အနိုင်ရပြီး သူဌေးတွေက ရင်းနှီးမြှုပ်နှံမှူ လုပ်ပေးခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ တရုတ်က ရက်အနည်းငယ်အတွင်းမှာ သူ့အတိုင်း products တွေအများကြီးထုတ်လာပြီး ဈေးပေါပေါနဲ့ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် အစစ်ရဲ့အရည်အသွေးကို နည်းနည်းလေးတောင် မမှီခဲ့ပါဘူး။ ဒီထက်ပိုဆိုးတာက တရုတ်နိုင်ငံမှာတင် သူ့ပစ္စည်းအတိုင်းထုတ်တဲ့ company ပေါင်းက ငါးခုကျော်ရှိပါတယ်။

မူပိုင်ခွင့်နဲ့တရားမျှတမှူ။
အခုလိုအဖြစ်အပျက်မျိုးကို စာဖတ်တဲ့လူတွေလည်းကြုံခဲ့ရင်တော့ သည်းခံနိုင်မှာ မဟုတ်ပါဘူး။ တရုတ်ပြည်ကလည်း ကမ္ဘာပေါ်မှာ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာတာနဲ့အညီ နည်းပညာခိုးချတဲ့နေရာမှာလည်း အရမ်းမြန်ပါတယ်။ အပေါ်ကပြောပြခဲ့တဲ့ company အသေးလေးတွေအတွက်တော့ တရုတ်ပြည်က company တွေကို တရားစွဲရင်တောင် တရားစွဲတဲ့ ကုန်ကျစရိတ်က ထုတ်လုပ်တဲ့ ကုန်ကျစရိတ်နဲ့မတိမ်းမယိမ်း ဖြစ်နေပါတယ်။

ဖြေရှင်းနည်း။
သင့် Product ကိုဈေးကွက်ထဲ မဖြန့်ခင် အင်တာနက်ပေါ်မှာ ကြော်ညာတာမျိုး၊ ဒီဇိုင်းနဲ့လုပ်ဆောင်ချက်တွေကို ကြောညာတာမျိုးတွေ မလုပ်သင့်ပါဘူး။ ဈေးကွက်ထဲမဖြန့်ခင် တစ်ပတ်အလိုမှ သင့်ပစ္စည်းကို ကြော်ညာပြီး ဈေးကွက်တင်တာမျိုးလုပ်သင့်ပါတယ်။ နည်းပညာပစ္စည်းတွေသာမက အခြားစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေလည်း အတုအပ ပြဿနာကို အမြဲရင်ဆိုင်နေရပါတယ်။ အရေးကြီးဆုံးက ကိုယ့်ပစ္စည်းကို လူတွေဆီ အရင်ရောက်ဖို့က အရေးကြီးဆုံးပါပဲ။

Win Thet Oo
Think Different! Do what you love! Love what you do!

Drone ကို အမဲလိုက်မယ့် Drone ကို ရရှားမှ တီထွင်။

Previous article

Beats က အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ Powerbeats Pro

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Lifestyle