AndroidPC & MobileProduct Reviews

တန်ဖိုးနည်း ဖုန်းတွေထဲက အကောင်းဆုံးဖုန်း။

0

ဒီနေ့ခေတ်မှာ ဒေါ်လာ ၅၀၀ လောက်ကိုင်ပြီး Android Phone ကောင်းကောင်းသွားဝယ်မယ်ဆို တရုတ်ဖုန်းတွေနဲ့ပဲ သင်ကျန်ခဲ့နိုင်ပါတယ်။ မနေ့က Google IO မှာ မိတ်ဆက်သွားတဲ့ Google Pixel 3A ကတော့ ဒေါ်လာ ၄၀၀ ပဲရှိပါတယ်။ ဒေါ်လာ ၄၀၀ မှာရတဲ့ 3A  Performance ကို ယှဉ်နိုင်တဲ့ ဖုန်းက ရှိကောင်းရှိပါမယ်။ တရုတ်ဖုန်းတွေက မြန်မာငွေ နှစ်သိန်း သုံးသိန်းလောက်နဲ့ ရတယ်ဆိုပေမယ့် တရုတ် software တွေနဲ့ bug error တွေက သင့်ကို အာရုံနောက်စေပါတယ်။ ဒါကို တရုတ်ဖုန်းသုံးဖူးတဲ့ လူတိုင်းသိကြမှာပါ။

Google Pixel 3A ရဲ့ Camera က လက်ရှိ iPhone XR ထက် ပိုကောင်းနေပါတယ်။ Low light နဲ့ အခြား camera feature တွေက သင့်ကိုစိတ်ကျေနပ်မှုပေးပါတယ်။ Android OS update ကို အရင်ဆုံးရပြီး အရင်ဆုံးသုံးခွင့်ရပါမယ်။ Budget ဖုန်းဖြစ်တဲ့အတွက် အချို့လူတွေထင်တာက​ ပေါချောင်ကောင်းလို့ ထင်ကြပါမယ်။ အမှန်တစ်ကယ်လည်း ပေါချောင်ကောင်းပါပဲ။ PUBG Game တွေကိုတောင် ကောင်းကောင်း ကစားနိုင်တဲ့ ဖုန်းက Flagship Phone တွေဖြစ်တဲ့ iPhone, Samsaung နဲ့  Huawei တို့ထက် မကောင်းရင်တောင် ယှဉ်လို့ရပါတယ်။ Headphone Jack ပါတယ်၊ Display က ​OLED Sreen ၊ Front camera က နှစ်လုံးပါတယ်။ ဒေါ်လာ ၄၀၀ နဲ့ Pure Android ဖုန်းကို ရှာနေရင်တော့ ဒါက အဖြေပါပဲ။

စျေးကြီးကြီးပေးဝယ်ရတဲ့ ဖုန်းတွေလို screen မှာ Fingerprint sensor , Face unlock တွေတော့ မပါပါဘူး။ နောက်ပြီး ရေစိုလည်းမခံပါဘူး။ တစ်ကယ့်အကောင်းစား ဖုန်းတွေထဲက Chipset တွေလို မမြန်နိုင်ပါဘူး။ ဒါတွေကို Complain တတ်မယ်ဆိုရင်တော့ Flagship ထဲက စဉ်းစားပါ။ ဒေါ်လာ ၄၀၀ နဲ့ လာတဲ့ OLED Screen, အရည်အသွေးကောင်းတဲ့ camera, အာရုံနောက်မစရာ မလိုတဲ့ Pure Android OS ပြီးတော့ headphone jack ပါသေးပါတယ်။ ဒါတွေအားလုံးကို ဒေါ်လာ ၄၀၀ လောက်နဲ့ သင်ရနိုင်ပါတယ်။ နောက်တစ်ခုက​သင်သာ Google Photos အသုံးပြုတဲ့လူဆို သင်ဘယ်လောက်ရိုက်ရိုက် Google Photos Cloud ဆီ တက်သွားပါလိမ့်မယ်။ သတ်မှတ်ချက်နဲ့ ကန့်သတ်ချက်က Pixel 3A မှာမရှိပါဘူး။ ဒါပေမယ့် Quality ကောင်းတဲ့ပုံတွေကို တင်မယ်ဆိုရင်တော့ Storage က ကန့်သတ်ချက်ရှိပါတယ်။ အရောင်က သုံးရောင်လာပြီး size က နှစ်မျိုးလာပါမယ်။ မျက်နှာပြင်ကြီးတဲ့ size က ​ဒေါ်လာ ၈၀ လောက်တော့ပိုပေးရပါမယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

Google I/O 2019 မှ စောင့်ကြည့်စရာများ။

Previous article

WhatsApp Payment ရုံးအသစ်ကို လန်ဒန်မှာ တည်လိုက်တဲ့ Facebook

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Android