Tech News

တက္ကစီကားတွေအတွက် ပထမဆုံး Wireless Electric Station တွေ တပ်ဆင်ပေးမယ့် Norway နိုင်ငံ။

0

နော်ဝေးနိုင်ငံက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့နေရာမှာ နာမည်ကြီးပါတယ်။ ဒီနေ့တစ်ကမ္ဘာလုံးမှာ လျှပ်စစ်ကားအများဆုံး သုံးတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ နော်ဝေးနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ Oslo မြို့က တစ်မြို့လုံးမှာရှိတဲ့ လျှပ်စစ်ကား Taxi တွေကို ကြိုးမဲ့စနစ်အားသွင်းနိုင်အောင် စီစဉ်နေပါတယ်။၂၀၂၅ မှာ တစ်နိုင်ငံလုံး လျှပ်စစ်ကားသုံးအောင် အစိုးရ ကိုယ်တိုင်က ကုမ္ဗဏီတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေပါတယ်။ လျှပ်စစ်ဓါတ်အား ဝန်ဆောင်မှူပေးတဲ့ company ကြီး Fortum company ကတော့ ဒီ project ကို တာဝန်ယူပြီး လုပ်ဆောင်ပေးနေပါတယ်။ ရည်ရွယ်ချက်ကတော့ taxi ကားတွေ ဈေးသက်သက်သာသာနဲ့ အားသွင်းနိုင်ပြီး passenger မရခင် စောင့်နေတဲ့ အချိန်မှာ စွမ်းအားကို အချိန်ကုန်သက်သက်သာသာနဲ့ လုံလုံလောက်လောက် ရရှိဖို့ပဲ ဖြစ်ပါတယ်။ ဒီ project ကို နော်ဝေးနိုင်ငံမှာသာမက အနာဂတ်မှာ တစ်ကမ္ဘာလုံး အသုံးပြုနိုင်အောင် ကြိုးစားနေတယ်လို့လည်း Fortum Company က ပြောကြားသွားပါတယ်။

နော်ဝေးနိုင်ငံဟာ တစ်ကမ္ဘာလုံးမှာ electric car အများဆုံးပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် အခွန်အခတွေကို အတတ်နိုင်ဆုံး လျှော့ချတဲ့နိုင်ငံဖြစ်သလို အစိုးရကိုယ်တိုင် လျှပ်စစ်ကားတွေကို သုံးစွဲဖို့တိုက်တွန်းတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ နောက်တစ်ခုက နော်ဝေးနိုင်ငံသားတွေက လျှပ်စစ်ကားကိုဝယ်ပြီး သုံးစွဲပါက အခွန်အခတွေလည်း သက်သာခွင့်ရသလို ကားပါကင်ကြေး ကင်းလွတ်ခွင့်တွေပါ ခံစားနိုင်ပါတယ်။

အစိုးရကိုယ်တိုင် ဒီလိုမျိုးအားပေးခြင်းဖြင့် ကမ္ဘာကြီး ပူနွေးမှူနဲ့ အခြားရာသီဥတု ဖောက်ပြန်ခြင်းတို့ရန်ကို တားဆီးပြီးရာ ရောက်ပါတယ်။ တိုးတက်တဲ့နိုင်ငံ အများစုမှာတောင် လျှပ်စစ်ကားကို လူတိုင်းသုံးစွဲဖို့မဖြစ်နိုင်သေးပါဘူး။ လျှပ်စစ်ကားတွေကို တစ်ကမ္ဘာလုံး သုံးစွဲလာကြမယ်ဆိုရင် ကမ္ဘာကြီးပူနွေးမှူတွေ လျော့ကျလာမယ့်အပြင် သယံဇာတတွေ လျော့နည်းလာတာကိုလည်း တားဆီးပြီးသား ဖြစ်လာပါလိမ့်မယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

Gamer တိုင်း ဖတ်သင့်သော သတင်း (သို့မဟုတ်) Game လောကကြီးကို ပြောင်းလဲပေးမည့် Google Stadia

Previous article

သင့်အတွက် အကောင်းဆုံး Graphic Card ကို ဘယ်လိုရွေးချယ်မလဲ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Tech News