Tablets တွေပေါ်လာတည်းက စာအုပ်ဖတ်တဲ့လူတော်တော်များများက Tablets တွေသုံးပြီး ဖတ်လာကြပါတယ်။ နာမည်ကြီး Tablets တွေဖြစ်တဲ့ iPad နဲ့ Galaxy Tab တွေကို လူတော်တော်များများ ကြိုက်ကြပေမယ့် Display အပိုင်းမှာ စာအုပ်လိုရုပ်ထွက် မထွက်တာကြောင့် စာဖတ်သူတွေက မကြိုက်ကြပါဘူး။ Amazon က ထုတ်တဲ့ Kindle က စာအုပ် ထောင်ပေါင်းကို ထည့်သွင်းထားနိုင်ပြီး နေရာမရွေး ဖတ်နိုင်ပါတယ်။ screen က အဖြူအမဲဖြစ်ပြီး Touch sensor လည်းကောင်းတာကြောင့် စာအုပ်ဖတ်သူတွေ အကြိုက်တွေ့ခဲ့ပါတယ်။ Kindle ထုတ်ခဲ့တာအခုဆို Kindle 3 အထိ generation သုံးဆက်တိုင်လာခဲ့ပြီ ဖြစ်ပါတယ်။
Kindle 3 မှာဆို စာအုပ်တစ်အုပ်ထဲက စာမျက်နှာအတိုင်း အဝါရောင် အတိုင်း ဖတ်လို့ပါတယ်။ အခုကွန်ပျူတာတွေနဲ့ ဖုန်းတွေမှာပါတဲ့ reading mode/ night mode ပုံစံ screen က color တွေဖြာမထွက်နေပဲ စာအုပ်ထဲကစာမျက်နှာအတိုင်း အဝါရောင် အနေနဲ့ ဖတ်လို့ရပါတယ်။ Wifi နဲ့ bluetooth လည်း ပါဝင်တာကြောင့် အင်တာနက်ကတစ်ဆင့် စာအုပ်တွေ download လုပ်နိုင်သလို wifi အသုံးပြုပြီး online ကတစ်ဆင့် စာတွေ တိုက်ရိုက်ဖတ်နိုင်ပါတယ်။ အပြင်က pdf format စာအုပ်တွေကို Kindle ထဲ ထည့်ထားပြီး စာဖတ်နိုင်ပါတယ်။ Kindle ရဲ့ size က လက်တစ်ဖက်တည်းနဲ့ ကိုင်လို့ရပြီး စာဖတ်ရတာ အရမ်းသက်တောင့်သက်သာ ဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၂၅၀ ဖြစ်ပြီး စာဖတ်တာဝါသနာပါတဲ့လူတိုင်း မရှိမဖြစ် ဆောင်ထားသင့်တဲ့ tablet လည်းဖြစ်ပါတယ်။ Kindle ကို Amazon website က တစ်ဆင့် ဝယ်ယူနိုင်ပြီး မြန်မာနိင်ငံက ကွန်ပျူတာရောင်းတဲ့ဆိုင်တွေမှာလည်း စုံစမ်းမေးမြန်းလို့ရပါတယ်။ ု
Comments