LifestyleProduct ReviewsTechnology ExplainedUncategorized

ငွေရေးကြေးရေး app တွေက ပိုက်ဆံဘယ်လိုရှာသလဲ။

0

အနီးစပ်ဆုံးပြောရမယ်ဆိုရင် မြန်မာပြည်မှာ KBZ pay, wave money  စသဖြင့် ငွေရေးကြေးရေး  app တွေအများကြီးပေါ်နေပြီဖြစ်ပါတယ်။ ဒီလို app တွေမပေါ်ခင်က အမေရိကန်မှာ Elon Musk က paypal ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်တည်းက စပြီးမိတ်ဆက်ခဲ့ပြီးပါပြီ။ ဒီနေ့မှာတော့ လူဦးရေများလာတာနဲ့အတူ နည်းပညာကလည်း အရှိန်ဟုန်တိုးတက်လာနေပါတယ်။ ဘဏ်တွေမှာလည်း အရင်ခေတ်တုန်းကလို ပိုက်ဆံအလွှဲအပြောင်းတွေလုပ်ဖို့ တန်းနေ့တိုင်းစီနေရရင်တော့ သင် ခေတ်တော်တော်နောက်ကျနေပါပြီ။ ဒီနေ့ခေတ်မှာ ဘဏ် charges တွေကို ရှောင်ပြီး ပိုက်ဆံငွေပေးချေတာ လွှဲပြောင်းတာကအစ မွေးနေ့လက်ဆောင်ပေးချင်တာအဆုံး ဖုန်းတစ်လုံးရှိရုံနဲ့ လုပ်လို့ရပါပြီ။ ခလုတ်တစ်ချက်နဲ့ app တစ်ခုပဲလိုပါတယ်။

မြန်မာပြည်မှာတော့ နီးစပ်လာပြီပြောလို့ရပါတယ်။ Wave Money, KBZ Pay, CB Pay နဲ့ dot တွေရှိနေပါပြီ။ ဒါပေမယ့် လူတွေက အခုချိန်ထိ နည်းပညာတွေနဲ့ဝေးနေတာကြောင့် bank တွေကိုပဲအားကိုးနေပါတယ်။ အခုပြောပြမယ့် အကြောင်းက Venmo app အကြောင်းပဲဖြစ်ပါတယ်။ လက်ရှိ အမေရိကန်ရဲ့  Top Financial App သုံးခုမှာ ပါဝင်ပါတယ်။ အခုတော့ ဒီcompany ကို Paypal က ဝယ်ယူလိုက်ပြီး founder ဖြစ်တဲ့  Bill Ready ကိုတော့ Paypal က Chief Operating Officer ရာထူးပေးပြီး ခန့်ထားပါတယ်။

Venmo အလုပ်လုပ်ပုံ

Venmo ကိုသုံးမယ်ဆိုရင် ထုံးစံအတိုင်း​ register လုပ်ရပါမယ်။ Account ရသွားရင်တော့ သင့်မှာရှိတဲ့ bank account တစ်ခုခုနဲ့ ချိတ်ရပါမယ်။ ဒါဆိုရင် သင်စသုံးလို့ရပါပြီ။ သင်နဲ့တူတူ အသုံးပြုမယ့်လူဆီမှာလည်း venmo account ရှိဖို့လိုပါတယ်။ Venmo Account  မှ Debit Card ဆီလွှဲပြောင်းတာက မိနစ်သုံးဆယ်လောက်တော့အချိန်ယူပြီး charges က ၁ရာခိုင်နှုန်းပဲ ကျတာကြောင့် အင်မတန်သက်သာပါတယ်။ Venmo acc ပိုင်ဆိုင်ထားတဲ့လူတွေက Taxi ငှားစီးတာဖြစ်ဖြစ် စားသောက်ဆိုင်မှာ စားတာဖြစ်ဖြစ် ကုန်ကျစရိတ်က debit card တွေပေးတာထက်ကို​ ပိုသက်သာပါတယ်။ Venmo acc ရှိပြီးသားလူအချင်းချင်းဆို taxi ကား ငှားတာကအစ ခွဲရှင်းလို့ရပါတယ်။ အမေရိကန်နိုင်ငံမှာ credit card ထဲက ပေးမယ်ဆို ၃ရာခိုင်နှုန်း charges ရှိပါတယ်။ Venmo ကိုသုံးရင်တော့ ၁ရာခိုင်နှုန်းပဲ ပေးရမှာဖြစ်ပါတယ်။ Venmo က အခုဆို Master Card ပါထုတ်ပြီး Master Card ကို လက်ခံတဲ့ဘယ်နေရာမဆို ငွေပေးချေလို့ရနေပါပြီ။ ​

Venmo ကဲ့သို့အလားတူ ငွေရေးကြေးရေး app တွေက အများကြီးပေါ်ပေါက်လာနေပါပြီ။ ဒီapp တွေက bankတွေနဲ့ အခြား company ကြီးတွေကို partner လုပ်ပြီး percentage ကိုနည်းနည်းပဲ စားတာဖြစ်ပါတယ်။ လူများများသုံးလာတဲ့အခါမှာတော့ အမြတ်ကနည်းနည်းက တစ်ဆင့် များများဖြစ်လာပါတယ်။ အရေးကြီးဆုံးက speed မြန်ပြီး error ကင်းဖို့အရေးကြီးပါတယ်။ Error တက်လို့ တစ်ခုခုမှားယွင်းတာနဲ့ ငွေကြေးတွေအများကြီး ဆုံးရှုံးမှု အများကြီးဖြစ်သွားနိုင်ပါတယ်။ တရုတ်ပြည်မှာတော့ Alipay နဲ့ အခြား နာမည်ကြီး app တွေက မပါမဖြစ် ဦးဆောင်ပြီး တရုတ်နိုင်ငံသားတွေရဲ့ နေထိုင်မှုဘ၀ပုံစံမှာ မပါမဖြစ် ပါဝင်ပါတယ်။

ဒီ app တွေရဲ့ acc မှာ ပိုက်ဆံထားထားရင် ဘဏ်တွေလိုအတိုးမရပါဘူး။ အဓိကက ငွေပေးချေမှုနဲ့ ငွေအထုတ်အသွင်း ပြောင်းလွဲမှုတွေအတွက်တော့ တော်တော်အသုံးဝင်ပါတယ်။ အခုပြောပြခဲ့တဲ့အချက်တွေထက် ခေတ်ရှေ့ပြေးနေတဲ့ လူတွေကတော့ bitcoin တို့လို cryptocurrency တွေသုံးနေပြီဖြစ်ပါတယ်။ Cryptocurrency အကြောင်းကိုတော့ မကြာခင် myanmarenduser စာဖတ်သူပရိတ်သတ်တွေအတွက် ပြောကြားပေးသွားပါမယ်။ အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

PlayStation 5 ကို ဒီနှစ်ထဲ မိတ်ဆက်နိုင်မှာ မဟုတ်နိုင်တော့ကြောင်းပြောလိုက်တဲ့ Sony

Previous article

5G ဆိုတာ ဘာလဲ။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Lifestyle