ဂျပန်နိင်ငံက စက်ရုပ်တွေပေါသလို နည်းပညာတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံလို့လည်း အားလုံးသိထားကြပါတယ်။ အလုပ်ကို အရမ်းကြိုးစားကြတဲ့နေရာမှာလည်း ဂျပန်က အခြားနိုင်ငံနဲ့ မတူပဲ အလုပ်ကို အားသွန်ခွန်စိုက် တာဝန်ကြေအောင် လုပ်ကြပါတယ်။ ဒါကြောင့် Quality ပိုင်းမှာ ဂျပန်က တရုတ်ပစ္စည်းတွေထက် သာလွန်ပြီး အချို့ပစ္စည်းတွေက အမေရိကန် quality ထက် သာလွန်နေတာ တွေ့ရမှာပါ။ Vending Machine ဆိုတာက ပိုက်ဆံထည့်ပြီး စားစရာထွက်လာတဲ့ စက်မျိုးကို ခေါ်တာပါ။ မြန်မာနိုင်ငံမှာတော့ အချိုရည်တွေထည့်ထားတဲ့ စက်မျိုးလောက်ပဲ ရှိပေမယ့် ဂျပန်မှာတော့ အသင့်စားသောက်စရာ အကုန်နီးပါး ရနိုင်တဲ့ Vending Machine စက်တွေကို တွေ့ရမှာပါ။
ဂျပန်နိုင်ငံက ပျမ်းမျှလူဦးရေအသက်က ၄၆ နှစ်ရှိပါတယ်။ အလုပ်သမားစရိတ်က စျေးကြီးပြီး တတ်နိုင်သလောက် ဝန်ထမ်းကိုမငှားပဲ အလုပ်လည်ပတ်နိုင်အောင် ကြိုးစားကြပါတယ်။ ဒါကြောင့် ဂျပန်က ဆူရှီဆိုင်တွေမှာ စားပွဲထိုးနည်းပြီး အလိုအလျောက်သွားနေတဲ့ ဆူရှီပန်းကန်လေးတွေကို ဆူရှီဆိုင်မှာ တွေ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် လူဦးရေတိုးပွားမှုနှုန်းက နည်းပါးပြီး လူပျိုကြီး အပျိုကြီးတွေများပါတယ်။ အစိုးရက လူဦးရေနည်းပါးမှု ပြဿနာကို ဖြေရှင်းဖို့ ကလေးတွေကို ကျောင်းထားတဲ့အခါမှာ အခ ကင်းလွတ်ခွင့် ပေးထားပါတယ်။
ဂျပန်က ငွေကြေးပိုက်ဆံ ပေးချေတဲ့အခါမှာလည်း card တွေကို အသုံးပြုတာနည်းပါးပါတယ်။ ပိုက်ဆံငွေသားကို အသုံးပြုတာများပြီး အကြွေစေ့တွေကလည်း တန်ဖိုးရှိပါတယ်။ အကြွေစေ့တွေက ပိုက်ဆံအိတ်ထဲမှာ များလာတဲ့အခါ လေးလာပါတယ်။ ဒီလိုအခါမျိုးမှာ အစာပြေကိုယ်စားချင်တဲ့အရာတွေကို ကြိုက်တဲ့နေရာမှာ အလွယ်တကူစားနိုင်အောင် Vending Machine တွေကို နေရာအနှံ့မှာ ထားထားပါတယ်။ အဓိကက လူတွေအသုံးပြုတဲ့နေရာမှာ စက်တွေကို အစားထိုးပြီး လုပ်သားစရိတ်ကို လျှော့ချချင်ကြပါတယ်။ ဒါကြောင့် အလုပ်လုပ်တဲ့ လူတော်တော်များများက အလုပ်ကို တာဝန်ကြေအောင် လုပ်ကိုင်ကြပြီး အလုပ်လက်မဲ့ ဘ၀ကို မရောက်အောင် အလုပ်ကို လိုတာထက် ပိုကြိုးစားကြပါတယ်။
ဒါကြောင့် သတင်းတွေမှာ လမ်းပေါ်မှာ အိပ်နေကြတဲ့လူတွေ၊ ရထားပေါ်မှာ ပင်ပန်းပြီး အိပ်ပျော်နေတဲ့ ဝန်ထမ်းတွေကို မြင်တွေ့ရတာဖြစ်ပါတယ်။ Vending Machine ရဲ့ အမြတ်ငွေနဲ့ စားသောက်ဆိုင်ရဲ့ အမြတ်တွေကို ယှဉ်မယ်ဆို တစ်ခါတစ်လေမှာ Vending Machine က ပိုသာနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဂျပန်လူနေမှုပုံစံမှာ Vending Machine တွေကလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်လာပါတယ်။
Comments