InternetTechnology Explained

ခေတ်တစ်ခေတ်ရဲ့ အကူးအပြောင်းနှင့် အလုပ်အကိုင်များ။

0
double exposure image of financial graph and virtual human 3dillustration on business technology

၁၉၅၀ ခုနှစ်နဲ့ ၆၀ ခုနှစ်ကြားမှာ စက်မှုတွေထွန်းကားလာတဲ့အတွက် လူတော်တော်များများ အလုပ်လက်မဲ့ ဖြစ်သွားကြပြီး စက်မှုတော်လှန်ရေးခေတ်တွေ ဖြစ်လာခဲ့ပါတယ်။ ဒီခေတ်မှာ တော်လှန်ရေးတော့ မဖြစ်ပေမယ့် အလုပ်လက်မဲ့တွေ ဖြစ်လာကြတာကို တွေ့ရမှာပါ။ စက်ရုံတွေနဲ့ ဖုန်း အော်ပရေတာတွေမှာ ကွန်ပျူတာတွေကို အစားထိုးလာကြပြီး တော်ရုံ အလုပ်ကို ကွန်ပျူတာတွေနဲ့ပဲ ခိုင်းကြပါတယ်။ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ နည်းပညာက တစ်ဟုန်ထိုး တိုးတက်လာပြီး တစ်ရက်နဲ့ တစ်ရက်တောင် မတူတော့ပါဘူး။

၂၀၀၁ ခုနှစ်က စာရေးဆရာ တစ်ယောက်က ကွန်ပျူတာတွေ ဘယ်လောက်စွမ်းစွမ်း ယာဉ်တွေကိုတော့ ထိန်းချုပ်နိုင်စွမ်းမရှိဘူးလို့ ခန့်မှန်းခဲ့ပါတယ်။ တစ်ကယ်တမ်းဒီနေ့ခေတ် ၂၀၁၉ မှာတော့ မောင်းသူမဲ့ကားတွေပါ မြင်တွေ့လာရပြီး လူသားတစ်ယောက်ကဲ့သို့ သင့်ကို ကူညီတွက်ချက်ပေးနိုင်တဲ့ Assistant တွေတောင်ပေါ်လာပြီ ဖြစ်ပါတယ်။ Artificial Intelligence တွေက လိုအပ်ချက်တွေရှိနေပေမယ့် တော်တော်လေးကို အသုံးဝင်လာပါတယ်။ ဒီနေ့ Google, Facebook, Apple နဲ့ Amazon လို Tech Giants ကြီးတွေက AI ကို တွင်ကျယ်စွာ အသုံးပြုလာကြပြီ ဖြစ်ပါတယ်။

၂၀၀၀ ဝန်းကျင်ခုနှစ်လောက် ရန်ကုန်လမ်းညွန်၊ မန္တလေးလမ်းညွှန်တို့လို ကြော်ညာ လမ်းညွှန် guide စာအုပ်ထူကြီးတွေကို ဒီနေ့ခေတ်ကလေးတွေ သွားပြောပြရင် ရယ်ပါလိမ့်မယ်။ ဒီနေ့ခေတ်မှာ “OK Google ” လို့ ပြောလိုက်တာနဲ့ သင်မေးချင်တဲ့ ဘာသာစကားနဲ့ သိချင်တာမေးလိုက်ရုံနဲ့ စက္ကန့်ပိုင်းအတွင်းမှာ အဖြေပေးနိုင်တဲ့ AI တွေ ရနေပြီဖြစ်တယ်။ အခုဆို စာဖတ်ပြရုံသာမက သင်သွားချင်တဲ့နေရာကို ပုံနဲ့ မြေပုံနဲ့ တစ်ကွ လမ်းညွှန်ပေးနိုင်တဲ့ အဆင့်တောင် ရောက်နေပါပြီ။ ​ဒါကို ဥပမာနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဒီလိုပေါ်လာတဲ့အတွက် လမ်းညွန် စာအုပ်ထုတ်တဲ့ ပုံနှိပ်တိုက်နဲ့ information တွေ စုဆောင်းပေးတဲ့လူတွေ အလုပ်က ပျောက်သွားပါတယ်။

နည်းပညာတိုးတက်လာခြင်းက အပြစ်မဟုတ်ပါဘူး။ အသစ်ကို မလေ့လာပဲ အဟောင်းကိုဖက်တွယ်ထားတာက အပြစ်ပါ။ အခုဆို ယာဉ်မောင်းအလုပ်အကိုင် အပါအဝင် စျေးဝယ်ကောင်တာမှာ ငွေရှင်းပေးမယ့် counter girls တွေတောင် အလုပ်အကိုင် ရှားပါးလာပါပြီ။ ဘာလို့လဲဆိုတော့ Auto Pay system တွေနဲ့ AI Computer system တွေကို အသုံးပြုလာကြလို့ဖြစ်ပါတယ်။ အခုပြောပြတဲ့ အကြောင်းအရာတွေက လက်တွေ့မှာ တစ်ကယ်ဖြစ်ပွားနေပြီး လူတွေကလည်း စက်မှုခေတ်တော်လှန်ရေးကလို ဆန္ဒတွေ ထွက်မပြနေတော့ပါဘူး။ လူသားတွေကိုယ်တိုင် နည်းပညာတိုးတက်လာမှုကို လက်ခံပြီး ကြိုးစားပြောင်းလဲနေလို့ ဖြစ်ပါတယ်။ အသက် ကြီးကြီး ငယ်ငယ် လေ့လာမှုကတော့ ဆက်လက်လုပ်နေဖို့ လိုပါတယ်။ နည်းပညာနဲ့ မစိမ်းသရွေ့ ထိုလူအတွက်ကတော့ အလုပ်အကိုင်တွေ ဆက်လက်ရှိနေမှာပါ။

Win Thet Oo
Think Different! Do what you love! Love what you do!

Facebook ရဲ့ original Portal နှင့် Portal+ Projectကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပြောကြား

Previous article

E3 2019 ကို တတ်ရောက်ခဲ့တဲ့ Elon Musk

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Internet