LifestyleProduct ReviewsUncategorized

ကျောင်းသားတိုင်း မရှိမဖြစ်လိုအပ်တဲ့ Tech Essential များ

0

အထက်တန်းအောင်ပြီးတော့ တက္ကသိုလ် စတတ်တဲ့အရွယ်က အရာအားလုံးကို လေ့လာသင်ကြားရတော့မယ့် အရွယ်ပါပဲ။ ဒီလိုအရွယ်မှာ ကိုယ့်အားကိုယ်ကိုးပြီး လေ့လာသင်ကြားရမယ့်အရာများတာကြောင့် ကိုယ့်အနားမှာ လေ့လာသင်ကြားဖို့ tools တွေကောင်းကောင်းလိုအပ်ပါတယ်။ ကျောင်းသားတစ်ယောက်မှာ နည်းပညာနဲ့ ပတ်သတ်ပြီး မရှိမဖြစ်ရှိထားသင့်တာတော့ laptop, phone နဲ့ Tablet ပဲဖြစ်တယ်။

၁။ Phone

Phone review တွေကိုတော့ လူတိုင်းကြည့်ဖူးကြမှာပါ။ ဘယ်ဖုန်းက ဘယ်လိုကောင်းလဲ၊ ဘယ်ဖုန်းက ပိုအားသာတယ် စသဖြင့် ပြောကြဖူးမှာပါ။ အရေးကြီးတာက screen မျက်နှာကျယ်ပြီး ဖုန်းအားကြာကြာခဲ့တဲ့ ဖုန်းကိုရွေးချယ်ပါ။ ဥပမာ ပြောရရင် Xiaomi ဖုန်းတွေလိုမျိုးကို စဉ်းစားပါ။

၂။ Laptop

Laptop ကတော့ အကောင်းဆုံးဖြစ်လေ ပိုကောင်းလေပါပဲ။ ကွန်ပျူတာ ဝယ်တဲ့နေရာမှာ ဂိမ်း အတွက် ဦးစားပေးပြီးဝယ်တာထက် ကိုယ့်အကျိုးအတွက် ဝယ်တာမျိုး ဦးစားပေးပါ။ ဥပမာ Video editing ၊ Photoshop ၊ Coding နဲ့ အခြား လေ့လာချင်တဲ့ subject ​တစ်မျိုးမျိုးအတွက် စဉ်းစားပြီး ဝယ်ပါ။ Laptop ကောင်းကောင်း မဝယ်ဖြစ်ရင်တောင် PC တစ်လုံးကို ကောင်းကောင်း ဆင်သင့်ပါတယ်။ ကွန်ပျူတာတစ်လုံးကတော့ ကျောင်းသားတစ်ယောက်အတွက် မရှိမဖြစ် essential ထဲမှာပါပါတယ်။

၃။ Headphones

တစ်ခါတစ်လေ လူငယ်တွေမှာ တစ်ယောက်တည်းနေချင်တဲ့ အခိုက်အတန့်လေးရှိပါတယ်။ ဒီလိုအခိုက်အတန့်တွေမှာ သီချင်းနားထောင်တာဖြစ်ဖြစ် ကိုယ် လေ့လာချင်တဲ့ subject ကို နားကြပ်နဲ့နားထောင်တာဖြစ်ဖြစ် လုပ်တတ်ကြပါတယ်။ ဒီလိုအချိန်မှာ Headphone က အရည်အသွေးကောင်းပြီး ကြည်လင်ပြတ်သားဖို့လိုပါတယ်။ အကယ်၍ သင်က gym လည်းဆော့တယ်ဆိုရင်တော့ earphone ဝယ်သင့်ပါတယ်။ Earphone ထဲမှာဆို brand ကောင်းကောင်းထဲက sony တို့လိုမျိုး ရွေးဝယ်ပါ။ Headphone ထဲမှာတော့ ရွေးချယ်စရာများပါတယ်။ အဓိကက ကြည်လင်ပြတ်သားမှုနဲ့ အရည်အသွေးကောင်းဖို့အရေးကြီးပါတယ်။ အရည်အသွေးမကောင်းတဲ့အခါမှာ သင့်နားကျန်းမာရေးအတွက်ပါ ထိခိုက်လာပါလိမ့်မယ်။

၄။ Powerbank

ဖုန်းရှိရင် Powerbank လည်းရှိဖို့လိုပါတယ်။ Powerbank ထဲမှာ အမျိုးအစားပေါင်း အများကြီးကို တွေ့နိုင်ပါတယ်။ တစ်ချို့ powerbank တွေက packaging လှပြီး​ အရည်အသွေးက တစ်အားညံ့တာမျိုးကိုလည်း တွေ့ဖူးမှာပါ။ နာမည်ရတဲ့ powerbank မျိုးကို ဦးစားပေးရွေးချယ်ပါ။ စျေးက အနည်းငယ်များပေမယ့်လည်း ရည်ရှည်ကို ကြည့်ပါ။ အကယ်၍ သင့်မှာ Type-C charging Laptop ရှိရင်တော့ laptop ပါအားသွင်းလို့ရမယ့် Type-C Powerbank မျိုးဝယ်ပါ။ စျေးက များပေမယ့် နှစ်နဲ့ချီခံပါတယ်။ Powerbank ကို မကြာခဏ အားသွင်းတာမျိုးလည်း လုပ်ဖို့မမေ့ပါနဲ့။

၅။ Tablet

Tablet ထဲမှာတော့ အကောင်းဆုံးရွေးချယ်မှုက iPad ပါပဲ။ သင်က creative ဖြစ်တဲ့ Talent ပါတယ် ဆိုပါစို့။ ဥပမာ ပုံဆွဲတာမျိုး၊ Photo တွေကို ပြင်တာမျိုးတွေ ကိုအကောင်းဆုံး လုပ်ဆောင်ပေးနိုင်တာကတော့ iPad ပါပဲ။ သင်က Apple မသုံးချင်ဘူးဆိုရင်တော့ Tablet မကျ Laptop မကျ ကြားနေတွေရှိပါတယ်။ Chromebook ကို စဉ်းစားပါ။ Chromebook က Google က ထုတ်လုပ်တာဖြစ်ပြီး တော်ရုံ window တွေလို virus ဝင်နိုင်ဖို့အခွင့်အရေးနည်းပါတယ်။ စျေးနှုန်းကလည်း လေးငါးသိန်းလောက်ကစပြီး ဆယ်ဂဏန်းအထိရှိတာကြောင့် အဆင်ပြေပါတယ်။ အဓိက လိုအပ်ချက်တွေကိုတော့ ဖြည်းဆည်းပေးနိုင်ပေမယ့် Chromebook တွေအတွက် ထွက်တဲ့ app တွေက အရမ်းနည်းပါသေးတယ်။ Chromebook အကြောင်းကို ဖတ်ချင်ရင်တော့ https://www.myanmarenduser.com/%E1%80%94%E1%80%AC%E1%80%99%E1%80%8A%E1%80%BA%E1%80%90%E1%80%85%E1%80%BA%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%90%E1%80%8A%E1%80%BA%E1%80%B8%E1%80%94%E1%80%B2%E1%80%B7-chromebook/

 

Win Thet Oo
Think Different! Do what you love! Love what you do!

Instagram မှာ schedule ချပြီး post တွေဘယ်လိုတင်မလဲ။

Previous article

Microsoft ရဲ့ Open Design နည်းလမ်းအသစ်။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Lifestyle