Drone လောကမှာ ဘုရင်တစ်ဆူဖြစ်တဲ့ Dji Company က အခုဆိို robot လောကထဲကို ဝင်ရောက်လာပါပြီ။ Robot အကြောင်းမပြောခင် Dji company အကြောင်းနည်းနည်းပြောပါမယ်။ Dji company က တရုတ်အခြေစိုက်ဖြစ်ပြီး drones တွေထုတ်လုပ်ရောင်းချတဲ့နေရာမှာ နာမည်တော်တော်ရပါတယ်။ Drones တွေထဲမှာအခုဆို စိုက်ပျိုးရေးအတွက် ပိုးသတ်ဆေးဖြန်းပေမယ့် drone တွေအပါအဝင် အပေါ်စီးက 4K videos တွေရိုက်ပေးနိုင်တဲ့ drones တွေလည်းရှိပါတယ်။ တရုတ်ပြည်ရဲ့ နည်းပညာမြို့တော်ဖြစ်တဲ့ Shenzhen city မှာ စက်ရုပ်တိုက်ပွဲတွေ ရှိပါတယ်။ ဒီစက်ရုပ်တိုက်ပွဲတွေမှာဆို စက်ရုပ်အချင်းချင်း တိုက်ခိုက်တဲ့ပွဲတွေလုပ်ပြီး လူအများလာကြည့်ကြပါတယ်။
Dji ရဲ့ Robo master ကလည်း ဒီပွဲကတစ်ဆင့် idea ရပြီး ထုတ်လာတာဖြစ်ပါတယ်။ Robomaster မတိုင်မီ Go Pro ပုံစံလိုမျိုး Dji action camera ကို ထုတ်ပါသေးတယ်။ Action Camera ထဲမှာ သင့်တင့်တဲ့စျေးဖြစ်ပြီး 4K Video တွေရိုက်နိုင်ပါတယ်။
Dji ရဲ့ Robomaster မှာဆို လေဆာနဲ့ ပစ်လို့ရတဲ့ပုံစံ ပါဝင်ပါတယ်။ ရေဘောလုံး အသေးလေးတွေကို စက်ရုပ်ထဲမှာ ထည့်ပြီး အချင်းချင်းပစ်လို့ရပါတယ်။ ဒါ့အပြင်ကလေးတွေ programming အခြေခံလေ့လာနိုင်အောင် coding ပြင်ပြီး ကိုယ်လိုချင်တဲ့ function ရအောင် ပြင်လို့ရပါတယ်။ လက်ရှိ Dji Robomaster ရဲ့ စျေးနှုန်းကတော့ ဒေါ်လာ ၅၀၀ ဖြစ်ပါတယ်။ Robomaster ကို ဖုန်းတွေ tablet တွေနဲ့ တစ်ဆင့်အသုံးပြုပြီး control လုပ်လို့လည်းရပါတယ်။
Comments