HardwareProduct ReviewsTech NewsWindows

ကလေးတွေအတွက် custom PC မိတ်ဆက်လိုက်တဲဲ့ Microsoft နဲ့ Kano

0

Microsoft နဲ့ Kano က ပေါင်းပြီး ကလေးတွေအတွက် ကိုယ်တိုင်ဆင်လို့ရတဲ့ ကွန်ပျူတာအသေးစားလေးကို မိတ်ဆက်လိုက်ပါတယ်။ အဓိကက ကလေးတွေကို ငယ်ငယ်လေးတည်းက ကွန်ပျူတာကို ကိုယ်တိုင်အသုံးပြုတတ်အောင်နဲ့  ကွန်ပျူတာမှာပါတဲ့ ပစ္စည်းတွေနဲ့ အကျွမ်းတဝင်ရှိအောင်ရည်ရွယ်ချက်နဲ့ ဖန်တီးထားခြင်းဖြစ်ပါတယ်။

Kano ရဲ့ DIY computer မျက်နှာပြင်က ၁၁.၆ လက်မ ရှိပြီး OS ကတော့ Window 10 ဖြစ်ပါတယ်။ ဒါ့အပြင် Touch screen လည်းပါဝင်တာကြောင့် ကလေးတွေအတွက် Tablet mode ပုံစံ သုံးလို့ရပါတယ်။ Body ကို အကြည်သား ပလတ်စတစ်နဲ့ လုပ်ထားပြီး အထဲထိမြင်နိုင်ပါတယ်။ Ram အနေနဲ့က 4G နဲ့ လာပြီး storage ကတော့ 64GB ရှိပါတယ်။ HDMI port, microphone jack, USB ပေါက် နှစ်ပေါက်နဲ့ Wifi, Bluetooth ပါဝင်ပါတယ်။ ကလေးတွေက ဒီကွန်ပျူတာနဲ့ coding, programming နဲ့ design ပိုင်း creation တွေကို လေ့လာနိုင်ပါတယ်။ Microsoft paint 3D app တွေက build in ပါဝင်ပြီး ကလေးတွေအတွက် အဆင်ပြေပါတယ်။

Kano PC ကိုတော့ အောက်တိုဘာလထဲမှာ ရရှိမှာ ဖြစ်ပြီး စျေးနှုန်းကတော့ US$300 ကျမှာ ဖြစ်ပါတယ်။

Win Thet Oo
Think Different! Do what you love! Love what you do!

Tesla Model 3 ကို pickup truck ပုံစံဘယ်လိုလုပ်မလဲ။

Previous article

Vivo ရဲ့ အမြန်ဆုံး​အားသွင်းနိုင်တဲ့ဖုန်း မိတ်ဆက်။

Next article

You may also like

Comments

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

More in Hardware