You are here
Home > PC & Mobile > Android > ကျောဘက်ကင်မရာနှစ်ခုနဲ့ Snapdragon 835 ပါဝင်တဲ့ Mi 6 ကို Xiaomi မိတ်ဆက်

ကျောဘက်ကင်မရာနှစ်ခုနဲ့ Snapdragon 835 ပါဝင်တဲ့ Mi 6 ကို Xiaomi မိတ်ဆက်

Zawgyi Version

လူအများမျှော်လင့်စောင့်စားနေကြတဲ့ Mi 6 စမတ်ဖုန်းကို Xiaomi က ဘေကျင်းပွဲမှာ မိတ်ဆက်ပေးလိုက်ပါတယ်။

Mi 6 ကို 6GB/64GB နဲ့ 6GB/128GB ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ရနိုင်ပါတယ်။ တန်ဖိုးက 64GB အတွက် ၂,၄၉၉ ယွမ် (၃၆၀ ဒေါ်လာ) ဖြစ်ပါတယ်။ 128GB အတွက်ကတော့ ၂,၈၉၉ ယွမ် (၄၂၀ ဒေါ်လာ) ကျသင့်ပါမယ်။ အဲ့ဒီဗားရှင်းနှစ်မျိုးအပြင် four-sided curved ceramic body နဲ့ ကျောဘက်ကင်မရာ ၁၈ ကာရက် ရွှေအနားကွပ်ပါဝင်တဲ့ Mi 6 Ceramic ဗားရှင်းကိုလည်း Xiaomi က မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီဗားရှင်းကို 6GB/128GB နဲ့ရရှိနိုင်ပြီး တန်ဖိုးက ၂,၉၉၉ ယွမ် (၄၃၅ ဒေါ်လာ) ဖြစ်ပါတယ်။ Mi 6 ကို ဧပြီ ၂၈ ရက်ကစတင်ပြီး တရုတ်နိုင်ငံမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

Xiaomi ရဲ့အထင်ကရ စမတ်ဖုန်းသစ်မှာ နောက်ဆုံးပေါ် 2.4GHz octa-core Qualcomm Snapdragon 835 SoC နဲ့ Adreno 540 GPU ကို အသုံးပြုထားပါတယ်။ Snapdragon 835 သုံးထားတဲ့ Xiaomi Mi 6 ဟာ iPhone 7 နဲ့နှိုင်းယှဉ်ရင် ဂရပ်ဖစ်စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ပြီး AnTuTu လို benchmark ရလဒ်တွေကလည်း Samsung Galaxy S8 သစ်ထက် သာလွန်တယ်လို့ Xiaomi တည်ထောင်သူနဲ့ စီအီးအိုဖြစ်သူ Lei Jun က ပြောကြားခဲ့ပါတယ်။ Display က ၅.၁၅ လက်မ 1080p display ဖြစ်ပါတယ်။

Mi 6 ကို နာရီတစ်လုံးလို အနုစိတ်ဖန်တီးထားတယ်လို့ Jun က ဆိုပါတယ်။ ကျောဘက်ကင်မရာတွေက 12-megapixel wide-angle lens နဲ့ 12-megapixel telephoto lens တို့ဖြစ်ပါတယ်။ ဘက်ထရီက 3350mAh ဖြစ်ပြီး fingerprint scanner ကို ဖုန်းရဲ့အရှေ့ဘက် home ခလုတ်မှာထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် Mi 6 ဟာ အကြမ်းခံနိုင်သလို “splash resistant” ရေစိုခံနိုင်တယ်လို့ Jun က ပြောကြားခဲ့ပါတယ်။

Xiaomi ဟာ Mi 6 Silver Edition ကိုလည်း မိတ်ဆက်ကြေညာခဲ့ပါတယ်။ ဒီဗားရှင်းဟာ ceramic ဗားရှင်းနဲ့ မတူညီတဲ့ ခံစားမှုကို ရရှိစေမှာဖြစ်တယ်လို့ Jun က ဆိုပါတယ်။

၃.၅ မီလီမီတာနားကြပ်ပေါက်ကို ဖယ်ရှားထားပေမယ့် စတီရီယိုစပီကာတွေကို Xiaomi က ထည့်သွင်းပေးထားပါတယ်။

Mi 6 မှာ NFC ပါဝင်တာကြောင့် ကုမ္ပဏီရဲ့ Mi Pay မိုဘိုင်းငွေချေစနစ်တွေကို အသုံးပြုမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Mi 6 ကို တစ်နေ့လုံးအသုံးပြုနိုင်စေမယ့် MIUI optimisation သစ်တွေကိုလည်း Mi 6 နဲ့အတူ ထည့်သွင်းပေးသွားမယ်လို့ Xiaomi က အတည်ပြု ပြောကြားခဲ့ပါတယ်။

Unicode Version









Ref: NDTV

Credit >> Internet Journal

Review overview
Summary Xiaomi Mi 6 ကို ကြိုက်နှစ်သက်တယ်ဆိုရင် စိတ်ထဲရှိတဲ့အတိုင်း Star ပေးသွားပါ...
5
Tagged
Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top