You are here
Home > PC & Mobile > WannaCry Vrius ဆိုင်ဘာ တိုက်ခိုက်မှုနှင့် ကာကွယ်ဖို့

WannaCry Vrius ဆိုင်ဘာ တိုက်ခိုက်မှုနှင့် ကာကွယ်ဖို့

Zawgyi Version




Unicode Version

WannaCry သို့မဟုတ် WannaCrypt, WanaCrypt 2.0, Wanna Decryptor ဆိုတာ ၂၀၁၇ မေလ ၁၂ ရက် သောကြာနေ့မှာ စတင် Windows computer စနစ်တွေကို ပစ်မှတ်ထားတဲ့ ကြီးမားတဲ့ ဆိုက်ဘာ တိုက်ခိုက်မှုပဲ ဖြစ်ပါတယ်။ ခုချိန်ထိ နိုင်ငံပေါင်း ၁၅၀ မှာ ကွန်ပျူတာပေါင်း ၂၃၀ဝ၀ဝ ကျော် တိုက်ခိုက်ခံရပြီး ဖြစ်ပါတယ်။ Program အမျိုးအစားမှာ Ransomware အမျိုးအစားဖြစ်ပါတယ်။ WannaCry ဟာ Phishing email များတဆင့် တိုက်ခိုက်သလို ကွန်ပျူတာ ယိုပေါက်တွေကနေလည်းပဲ Virus အနေနဲ့ တိုက်ခိုက်ပါတယ်။

WannaCry ဟာ Britain’s National Health Service (NHS), FedEx, Deutsche Bahn and LATAM Airlines, Telefónica နှင့် Spain ရဲ့ ကုပ္မဏီကြီးအများအပြားမှာ တိုက်ခိုက်ခံနေရပြီး အနည်းဆုံး နိုင်ငံပေါင်း ၉၀ လောက်ကလည်း တချိန်တည်းမှာပဲ တိုက်ခိုက်ခံနေရကြောင်း Report လုပ်ခဲ့ပါတယ်။

WannaCry တိုက်ခိုက်ခံရပါက Computer screen မှာ အောက်ပါပုံအတိုင်း မြင်ရမှာ ဖြစ်ပြီး စနစ်တစ်ခုလုံး သုံးလို့ရနိုင်တော့မှာ မဟုတ်ပါဘူး။

Wana Decrypt0r 2.0
Wana Decrypt0r 2.0

Zawgyi Version


Unicode Version

ပုံမှာ မြင်ရတာကတော့ Computer စနစ်တစ်ခုလုံးကို Encryption ပြုလုပ်ထားလိုက်ပြီး Decrypt ပြန်လုပ်ဖို့အတွက် ငွေတောင်းတာပဲ ဖြစ်ပါတယ်။ တကယ်လို့ ငွေပေးဖို့အချိန်နောက်ကျရင် ငွေပမာဏ တိုးမြင့်သွားတယ်လို့ သိရပါတယ်။ Computer ထဲက အချက်အလက်တွေ အကုန်လုံးကို Encrypt ပြုလုပ်လိုက်တဲ့အတွက် Decrypt ပြုလုပ်ဖို့ Encrypt code လိုအပ်ပါတယ်။ ဒါကတော့ အခြားသော Vrius တွေနဲ့ ကွာခြားချက်ပဲ ဖြစ်ပါတယ်။  Computer ထဲက အချက်အလက်တွေ ပြန်လိုချင်ရင် ငွေပေးမှ ရပါမယ်။ ငွေမပေးနိုင်ရင်တော့ Decrypt code ကို အခြားသော ပညာရှင်တွေက မဖော်ထုတ်ပေးနိုင်သ၍ သင့်ရဲ့ အချက်အလက်တွေ ဆုံးရှုံးခံရမှာ ဖြစ်ပါတယ်။ ပုံထဲကအတိုင်းဆိုရင် ငွေပေးချေဖို့အတွက် အင်တာနက်သုံး ငွေကြေးဖြစ်တဲ့ bitcoin ကို ဒေါ်လာ ၃၀ဝ နဲ့ ညီမျှတဲ့ပမာဏ ကို ပေးချေရမှာ ဖြစ်ပါတယ်။

Zawgyi Version

ဘယ္လုိကာကြယ္မလဲ



Unicode Version

ဘယ်လိုကာကွယ်မလဲ

ပထမဆုံး လုပ်ရမယ့်အလုပ်က သင့်ရဲ့ Windows system ရဲ့ Windows Update ကို ချက်ချင်းဖွင့်ပြီး Update ပြုလုပ်ပါ။ သင့်ရဲ့ Windows စနစ်ထဲက အရေးကြီးတဲ့ အချက်အလက်တွေ အကုန်လုံးကို External Hard Disk သို့မဟုတ် Windows စနစ်မဟုတ်တဲ့ အခြားသော Computer စနစ်ထဲ ပြောင်းရွှေ့ထားပါ။ Antivirus software တွေရဲ့ Database (သို့မဟုတ်) Virus update ကို အမြဲ Up to date ဖြစ်နေပါစေ။

အောက်ပါပုံက Email ကဲ့သို့ လက်ခံရရှိပါက မည်သည့် Link ကိုမှ မနှိပ်ပဲ ချက်ချင်း ဖျက်ပစ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

Email phishing နမူနာ
Email phishing နမူနာ

Zawgyi Version


Unicode Version

ဒီပုံကို အသေမမှတ်ဖို့ အသိပေးချင်ပါတယ်။ Email လွှတ်ထဲ Attacker ဟာ ပုံစံအမျိုးမျိုးနဲ့ ပေးပို့နိုင်ပါတယ်။ ဒါကြောင့် ဝင်လာတဲ့ Email address တွေကို စစ်ဆေးပြီး သင်ကိုယ်တိုင် သင့်ရဲ့ အချက်အလက်တွေကို ကာကွယ်ဖို့ လိုအပ်ပါလိမ့်မယ်။

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်... Facebook Profile: Fb/dev.thihabobo Email: [email protected]
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top