You are here
Home > Tech News > VMware Technology Forum 2017 ကို ရန်ကုန်တွင် ကျင်းပပြုလုပ်မည်

VMware Technology Forum 2017 ကို ရန်ကုန်တွင် ကျင်းပပြုလုပ်မည်

VMware Technology Forum 2017 ကို ရန်ကုန်တွင် ကျင်းပပြုလုပ်မည်
VMware Technology Forum 2017 ကို ရန်ကုန်တွင် ကျင်းပပြုလုပ်မည်

မြန်မာနိုင်ငံအတွင်းရှိ Network သမား၊ Server သမားတွေနဲ့ VMware ကို စိတ်ဝင်စားသူများအတွက် သတင်းကောင်းတစ်ခုပါ။ မြန်မာနိုင်ငံ၏ ပထမဆုံးသော VMware Technology Forum 2017 ကို မတ်လ ၃၀, ၂၀၁၇ တွင်ရန်ကုန်မြို့၌ ကျင်းပပြုလုပ်မည် ဖြစ်ပါကြောင်း VMware Myanmar Facebook page မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်ခင်ဗျာ။

တက်ရောက်ချင်သူများ အောက်ဖော်ပြပါ Link မှတဆင့် မိမိ နာမည်ဖြည့်စွက်၍ စာရင်းပေးသွင်းနိုင်ပါသည်။

http://learn.vmware.com/40011_APAC_ASEAN_MM_Tech_Forum_Registration?src=sp_58bfa3ba7ad8b&cid=70134000001K3Je

VMware Technology Forum 2017 အားတက်ရောက် ကြည့်ရှုလေ့လာခြင်းဖြင့်
ယနေ့ခေတ် နိုင်ငံတကာ တွင် ရေပန်းစား၊ လူကြိုက်များပြီး
အစိုးရဌာနများ၊
ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှူ့ဆိုင်ရာ အဖွဲ့အစည်းများ၊
ဆေးရုံ နှင့် ကျန်းမာရေး ဝန်ဆောင်မှူ့ လုပ်ငန်းများ၊
စစ်ဘက်ဆိုင်ရာ နှင့်လုံခြုံရေးဌာနများ၊
စက်ရုံ အလုပ်ရုံ နှင့် စီးပွါးရေး လုပ်ငန်းများ၊
တက္ကသိုလ် နှင့် စာသင်ကျောင်းများ၊
စသည့် နေရာ၊ ဌာန၊ လုပ်ငန်း၊ အဖွဲ့အစည်းများ ၌ နေ့စဉ် မရှိမဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြု အားထားနေသော
VMWare Products နှင့် Solutions များအပြင်

ပြည်တွင်း၊ ပြည်ပရှိ VMware partner ကုမ္ပဏီများမှ ခင်းကျင်းပြသမည့်
နောက်ဆုံးပေါ် နည်းပညာများ၊ Products Solutions များကိုလည်း တွေ့မြင်ခံစားရင်း
တက်ရောက်လာသူများ အချင်းချင်းလည်း ရင်းရင်းနှီနှီး ဆွေးနွေး ဖလှယ်၍ အသိအမြင်များ ပိုမိုတိုးတက်ရရှိစေနိုင်ပါသည်။

ထို့အပြင် ပြည်တွင်း၊ ပြည်ပ ရှိ အိုင်တီ လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများတွင်
တာဝန်ထမ်းဆောင် နေသော အသိပညာရှင်၊ အတတ်ပညာရှင် များမှလည်း
-workforce of the future
-Applying Multilayered Defense Security
-Integrate Internet separation with your security strategy
-Managing your digital workspace
-Windows 10, Office 365 and the Future of Device Security and Management
-Achieve Greater Agility, Improved Security and Lower Costs with Just-In-Time Desktops
-Deliver Desktops and Apps with Virtual SAN

စသော အကြောင်းအရာများကို စိတ်ဝင်စားဖွယ် ဟောပြော ဆွေးနွေးသွား မည် ဖြစ်သဖြင့်
နောက်မကျပဲ အချိန်မှီ စာရင်းပေးသွင်း နိုင်ရန် သတင်းကောင်း တစ်ခုအဖြစ် မျှဝေလိုက်ခြင်းဖြစ်ပါသည်။

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Top