You are here
Home > Hardware > Buying Guides > UNiQUE IT & Mobile Center တွင် လစဉ်ငွေပေးချေမှုစနစ်ဖြင့် IT ပစ္စည်းများ ဝယ်ယူနိုင်ပြီ

UNiQUE IT & Mobile Center တွင် လစဉ်ငွေပေးချေမှုစနစ်ဖြင့် IT ပစ္စည်းများ ဝယ်ယူနိုင်ပြီ

အာမခံပစ္စည်းမလို၊ ဘဏ်စာရင်းဖွင့်စရာမလိုဘဲ လစဉ်ငွေပေးချေမှုစနစ်ဖြင့် ဝယ်ယူနိုင်မည့်အစီအစဉ် 

၂၃.၁၁.၂၀၁၆ နေ့မှစ၍ UNiQUE IT & Mobile Center ၏ ဆိုင်ခွဲများအားလုံးတွင် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများမိုဘိုင်းဖုန်းနှင့်ဆက်စပ်ပစ္စည်းများကို အာမခံပစ္စည်းဘဏ်စာရင်းဖွင့်စရာမလိုဘဲ ၆လ မှ ၁၈လ အထိ လစဉ်ငွေပေးချေမှုစနစ်ဖြင့် အနည်းဆုံး ငွေကျပ် 50,000 မှ အများဆုံး 1,500,000 အထိ အောက်ဖော်ပြပါပစ္စည်းများကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ဝယ်ယူနိုင်မည့်ပစ္စည်းအမျိုးအစားများမှာ –

  • မိုဘိုင်းဖုန်းအမျိုးမျိုး (Apple, Samsung, Sony, Htc, LG, ViVO, Oppo, Meizu, Xiaomi, Huawei, Asus, Lenovo)
  • ကွန်ပျူတာ၊ Laptop အမျိုးမျိုး (Acer, Dell, HP, Asus, Lenovo)
  • တက်ဘလက် အမျိုးမျိုး (Samsung, Huawei)
  • Projector, Copier, Printer နှင့် ရုံးလုပ်ငန်းသုံးပစ္စည်းအမျိုးမျိုး
  • ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၊ မိုဘိုင်းဖုန်းနှင့်ဆက်စပ်ပစ္စည်းများ ဖြစ်ပါတယ်။

ဝယ်ယူနိုင်သော ပမာဏ

မိုဘိုင်းပစ္စည်းဝယ်ယူူမည်ဆိုပါက လစာရဲ့ တစ်ဆခွဲ၊ အီလက်ထရောနစ်ပစ္စည်း (သို့မဟုတ်) ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများဝယ်ယူပါကလစာ၏နှစ်ဆ အများဆုံးဝယ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။ လျှောက်ထားသူများ အနေဖြင့် ၆လ၊ ၉လ၊ ၁၂လ၊ ၁၈လ ငွေပေးသွင်းရန် အချိန်ကာလရွေးချယ်နိုင်ပြီး သတ်မှတ်ထားသော အတိုးနှုန်း ၁.၄% ကို လစဉ်ငွေပေးချေ ရမှာဖြစ်ပါတယ်။

ဝယ်ယူခွင့်ရရှိရန် လျှောက်ထားမည့်သူအတွက် လိုအပ်သော အချက်အလက်များ

(၁) အသက် ၁၈ နှစ် မှ ၆၀ ကြား ရှိသူဖြစ်ရမည်။

(၂) ရန်ကုန်တိုင်းဒေသကြီးအတွင်းနေထိုင်သူဖြစ်ရမည်။

(၃) လစဉ် ပုံမှန် ဝင်ငွေ ရှိသူဖြစ်ပြီး ကုမ္ပဏီဝန်ထမ်း (သို့မဟုတ်) အစိုးရ ဝန်ထမ်းဖြစ်ရမည်။ ဆက်သွယ်ရန် လွယ်ကူသောသူဖြစ်ရမည်။

(၄) မိမိဝယ်ယူမည့်ဆိုင်မှ ဝယ်ယူခွင့်ရရှိရန် လျှောက်လွှာပုံစံ တောင်းယူ၍ ဖြည့်ရန်

(၅) မှတ်ပုံတင်မူရင်း နှင့် မိတ္တူ

(၆) တစ်လအတွင်း ရယူထားသော ရပ်ကွက်အတွင်းနေထိုင်ကြောင်းထောက်ခံစာ (မူရင်း)

(၇) အိမ်ထောင်စုစာရင်း မိတ္တူ၊ နယ်သန်းခေါင်စာရင်းဖြစ်ခဲ့ပါက တစ်လအတွင်း ရယူထားသော လက်ရှိနေထိုင်သောနေရာ၏ရဲစခန်းထောက်ခံစာမူရင်းပါရှိရမည်။

(၈) ကုမ္ပဏီ ဝန်ထမ်း (သို့မဟုတ်) အစိုးရ ဝန်ထမ်းဖြစ်ကြောင်း အလုပ်ထောက်ခံစာ (Company Letterhead (သို့မဟုတ်) ရုံးတံဆိပ်တုံးဖြင့်တာဝန်ရှိသူ လက်မှတ်ပါရှိရမည်။)

(၉) လျှောက်ထားမည့်သူနှင့်အနီးစပ်ဆုံး ဝင်ငွေတူညီသောသူ (သို့မဟုတ်) ဝင်ငွေပိုများသော အာမခံပေးမည့်သူ တစ်ဦးလိုအပ်ပါသည်။ အာမခံမည့်သူသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူဖြစ်ပြီးလစဉ်ပုံမှန်ဝင်ငွေရှိသူ ဖြစ်ရမည်။ အာမခံမည့်သူသည် လျှောက်ထားမည့်သူ နှင့် ဇနီးမောင်နှံတော်စပ်ခြင်း မရှိသူဖြစ်ရမည်။ အိမ်ထောင်စုစာရင်းပါ ညီကိုမောင်နှမအရင်းချာဖြစ်ပါက တစ်အိမ်တည်း အတူနေသူမဟုတ်ဘဲ အိမ်ခွဲနေထိုင်သူဖြစ်ရမည်။ အကယ်၍ တစ်အိမ်တည်းအတူနေပါက လုပ်ငန်းဌာန၊ ကုမ္ပဏီ တစ်နေရာဆီလုပ်ကိုင်ပြီး အလုပ်မတူသူဖြစ်ရမည်။ လျှောက်ထားမည့်သူသည် အကြောင်း တစ်စုံတစ်ရာကြောင့် ဝယ်ယူမည့်ပစ္စည်းပမာဏကျသင့်ငွေကို ဆက်မသွင်းနိုင်လျှင် အာမခံသူမှကိုယ်စားဆပ် ပေးရမည် ဖြစ်သောကြောင့်လျှောက်ထားသူ၏ ချေးငွေပမာဏအား ဆပ်နိုင်သည့်လစာရှိသူ ဖြစ်ရပါမည်။ အာမခံ ပေးမည့်သူသည် မှတ်ပုံတင် မူရင်း၊ မိတ္တူ နှင့်တကွ လျှောက်ထားမည့်သူနှင့် လူကိုယ်တိုင်လိုက်ပါလာရပါမည်။

(၁၀) လျှောက်လွှာပါအချက်အလက်များနှင့်ပတ်သက်၍ချေးငွေထုတ်ပေးမည့်ဌာနမှစစ်ဆေးဆုံးဖြတ်ပြီး ၃ ရက်မှ ၅ ရက်အတွင်း ပြန်လည်အကြောင်းကြား ပေးသွားမှာဖြစ်ပါတယ်။ အကြောင်းကြားချက်ရရှိပြီးနောက် ဝယ်ယူခွင့် ရရှိပါက လျှောက်လွှာတင်ခဲ့သည့်ဆိုင်တွင် လျှောက်ထားသူကိုယ်တိုင် မှတ်ပုံတင်မူရင်း၊ ချေးငွေအသုံးပြုခွင့် Code No. တို့နှင့်အတူ မိမိဝယ်ယူမည့်ပစ္စည်းကို လာရောက်ထုတ်ယူရမှာဖြစ်ပါတယ်။

ချေးငွေပြန်လည်ပေးဆပ်မှုအစီအစဉ်

ပစ္စည်းထုတ်ယူသူမှာ နိုဝင်ဘာလ ၁၁ ရက်နေ့ မှ ဒီဇင်ဘာလ ၁၀ ရက်အတွင်း ပစ္စည်းထုတ်ယူူခဲ့ပါက ပထမအရစ်ပြန်လည်ပေးသွင်းငွေကို ဇန်နဝါရီလ ၂ ရက်နေ့ထက် နောက်မကျစေဘဲ စတင်ငွေ ပေးသွင်းရမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ မှ ဇန်နဝါရီလ ၁၀ ရက်အတွင်း ပစ္စည်းထုတ်ယူူခဲ့ပါက ပထမအရစ်ပြန်လည် ပေးသွင်းငွေကို ဖေဖော်ဝါရီ ၂ ရက်နေ့ထက်နောက်မကျစေဘဲ စတင်ငွေပေးသွင်းရမှာဖြစ်ပါတယ်။

၆ လ ငွေပေးချေမှုကို ငွေကျပ် ၁၀၀,၀၀၀ တန် ပစ္စည်း ပေါ်တွင်မူတည်၍ နမူနာတွက်ပြထားပါတယ်။

၆ လ အတိုးနှုန်း (လစဉ်အတိုးနှုန်း ၁၄၀၀ ကျပ် x ပေးသွင်းမည့်လအရေအတွက် ၆ လ) = ၈၄၀၀ ကျပ်

စုစုပေါင်း (မူရင်းတန်ဖိုး ၁၀၀,၀၀၀ ကျပ် + ၆ လ အတိုးနှုန်း ၈၄၀၀ ကျပ်) = ၁၀၈,၄၀၀ ကျပ်

စုစုပေါင်း = ၁၀၈,၄၀၀ ကျပ် ÷ ၆ ( ပေးသွင်းမည့်လအရေအတွက်) = ၁၈,၀၆၇ ကျပ်

ဝယ်ယူမည့်သူသည် တစ်လလျှင် တစ်သောင်းရှစ်ထောင်ခြောက်ဆယ့်ခုနှစ်ကျပ် ဖြင့် ၆ လ ဆက်တိုက် ပေးသွင်းရမှာဖြစ်ပါတယ်။

ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၊ မိုဘိုင်းဟန်းဖုန်းနှင့်ဆက်စပ်ပစ္စည်းများကို  UNiQUE IT & Mobile Center ၏ ဆိုင်ခွဲများအားလုံးတွင် စုံစုံလင်လင်ဈေးနှုန်းမှန်ကန်စွာဖြင့် နေ့စဉ်ပိတ်ရက်မရှိ နံနက် (၉) နာရီခွဲ မှ ညနေ (၆) နာရီခွဲအထိ ဖွင့်လှစ်ရောင်းချပေးနေပါသည်။ UNiQUE မှ ဝယ်ယူထားသော Notebook, Desktop PC, Smart Phone နှင့် Tablet များအတွက် Software နှင့် သက်ဆိုင်သော ဝန်ဆောင်မှုများကို တစ်သက်တာလက်ခမဲ့ ပြင်ဆင်ခွင့်ဖြင့် ရောင်းချပေးနေပြီး မိမိနှင့်နီးစပ်ရာဆိုင်ခွဲများတွင် အခမဲ့ရယူနိုင်ပါသည်။

Thiha Bo Bo
Myanmar End User ကို အကောင်းဆုံးဖြစ်အောင် တင်ဆက်ပေးသွားပါ့မယ်... ကျွန်တော်နဲ့အတူ Blogger life ကို စိတ်ဝင်စားသူများ Guest blogger များကိုလည်း Myanmar End User မှာ ဝင်ရောက်ရေးသားဖို့ ဖိတ်ခေါ်ပါတယ်...
http://www.myanmarenduser.com

Similar Articles

Leave a Reply

Top